စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

( ဒီဇင်ဘာ - ၁၀၊ ၂၀၂၀ ) ကမ္ဘာ့သြဇာအကြီးဆုံး အမျိုးသမီး ၁၀၀ တွင် အာရှတိုက်သူ ၁၉-ဦး ပါ၀င်။ အာရှနိုင်ငံ ခေါင်းဆောင်အမျိုးသမီးများအနက် ထိုင်၀မ်သမ္မတနှင့် ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ်တို့မှာ ရှေ့တန်း၌ တည်ရှိနေ။ အိန္ဒိယနှင့် အင်ဒိုနီးရှား အမျိုးသမီးဘဏ္ဍာရေး၀န်ကြီးတို့လည်း အမည်ဖော်ပြခြင်းခံရ


 ( ဒီဇင်ဘာ - ၁၀၊ ၂၀၂၀ ) ကမ္ဘာ့သြဇာအကြီးဆုံး အမျိုးသမီး ၁၀၀ တွင် အာရှတိုက်သူ ၁၉-ဦး ပါ၀င်။ အာရှနိုင်ငံ ခေါင်းဆောင်အမျိုးသမီးများအနက် ထိုင်၀မ်သမ္မတနှင့် ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ်တို့မှာ ရှေ့တန်း၌ တည်ရှိနေ။ အိန္ဒိယနှင့် အင်ဒိုနီးရှား အမျိုးသမီးဘဏ္ဍာရေး၀န်ကြီးတို့လည်း အမည်ဖော်ပြခြင်းခံရ


================


ဒီဇင်ဘာလ ၈-ရက်နေ့တွင် Forbes က ကမ္ဘာ့သြဇာအကြီးဆုံး အမျိုးသမီး အယောက် ၁၀၀ တို့၏ အမည်စာ ရင်းကို ဖော်ပြခဲ့ရာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ ၀န်ကြီးချုပ် ရှိတ်ဟာစီနာ ( ၇၃-နှစ် ) မှာ အမှတ်စဉ် ၃၉ တွင် တည်ရှိ နေသည်ဟု ဒါကာအခြေစိုက် The Daily Star က ယနေ့ဖော်ပြသည်။


ကမ္ဘာအရပ်ရပ်မှ နည်းပညာ၊ စီးပွားရေး၊ ဘဏ္ဍာရေးနှင့် နိုင်ငံရေးနယ်ပယ်အသီးသီးတွင် အောင်မြင်စွာဦး ဆောင်လျှက်ရှိသူ အမျိုးသမီး ၁၀၀ တို့တွင် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်၀မ်၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒို နီးရှား၊ ဘင်္ဂလား ဒေ့ရ်ှနှင့် အိန္ဒိယစသည့် နိုင်ငံတို့မှ အာရှတိုက်သူ ၁၉-ဦး ပါ၀င်သည်ကိုတွေ့ရှိရသည်။


နိုင်ငံ့ခေါင်းဆောင်အမျိုးသမီးများတွင် ထိုင်၀မ်သမ္မတ ဆိုင်အင်း၀မ် ( ၆၄-နှစ် ) က အမှတ်စဉ် ၃၇ ဖြင့် အာရှတိုက်၏ သြဇာအကြီးမားဆုံး အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးအဖြစ် တည်ရှိနေသည်။


ယခုနှစ်တွင်လည်း ဂျာမနီမှ ၀န်ကြီးချုပ် အင်ဂျီလာမာကယ် ( ၆၆-နှစ် ) မှာ ပထမနေရာ၌ ဆက်လက် တည်ရှိ နေပြီး ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌ ပြင်သစ်နိုင်ငံသာ ခရစ်စတင်းလာဂရိတ် ( ၆၄-နှစ် ) မှာ ဒုတိယလိုက်သည်။ ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒုတိယသမ္မတအဖြစ်ရွေးချယ်ခြင်းခံရသူ ကမ်မီလာဟဲရစ် ( ၅၆-နှစ် ) သည် တတိယနေရာ၌ ဖော်ပြခြင်းခံရသည်။


အခြားအာရှတိုက်သူနိုင်ငံရေးခေါင်းဆောင်များတွင် အိန္ဒိယဘဏ္ဍာရေး၀န်ကြီး နီမာလာစီတရာမန် ( ၆၁-နှစ် ) သည် အမှတ်စဉ် ၄၁၊ တိုကျိုအုပ်ချုပ်ရေးမှူး ယူရီကိုကွိုင်ကီ ( ၆၈-နှစ် ) သည် အမှတ်စဉ် ၆၃ ၊ အင်ဒိုနီးရှား ဘဏ္ဍာရေး၀န်ကြီး ဆရီမူလရာနီအင်ဒြာ၀တီ ( ၅၈-နှစ် ) သည် အမှတ်စဉ် ၇၈ တို့၌ အသီးသီးတည်ရှိကြောင်း Forbes က ရွေးချယ်ဖော်ပြသည်။


ကမ္ဘာ့သြဇာအကြီးဆုံး အာရှတိုက်သူ အမျိုးသမီး ၁၉-ဦး


================


၁- အမှတ်စဉ် #၂၁ Jessica Tan  ( ၄၂-နှစ် ) တရုတ် ဘဏ္ဍာရေး


၂- အမှတ်စဉ်#၂၅  Nicke Widyawati  ( ၅၂-နှစ် ) အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်း


၃- အမှတ်စဉ် #၃၀  Ho Ching  ( ၆၇-နှစ် ) စင်္ကာပူ ဘဏ္ဍာရေး


၄- အမှတ်စဉ်#၃၄   Joey Wat 49 ( ၄၉-နှစ် ) တရုတ် စီးပွားရေးလုပ်ငန်း


၅- အမှတ်စဉ်#၃၇   #ဆိုင်အင်း၀မ် ( ၆၄-နှစ် ) ထိုင်၀မ် နိုင်ငံရေး၊ စီမံအုပ်ချုပ်


၆- အမှတ်စဉ်#၃၉   #ရှိတ်ဟာစီနာ ( ၇၃-နှစ် ) ဘင်္ဂလားဒေ့ရှ်၊ နိုင်ငံရေး၊ စီမံအုပ်ချုပ်Bangladesh


၇- အမှတ်စဉ်#၄၁   #နီမာလာစီတရာမန် ( ၆၁-နှစ် ) အိန္ဒိယ၊ နိုင်ငံရေး၊ စီမံအုပ်ချုပ်


၈- အမှတ်စဉ်#၄၇   Mingzhu Dong  ( ၆၆-နှစ် ) တရုတ် စီးပွားရေးလုပ်ငန်း


၉- အမှတ်စဉ်#၅၅   Roshni Nadar Malhotra  ( ၃၉-နှစ် ) အိန္ဒိယ နည်းပညာ


၁၀- အမှတ်စဉ်#၆၀  Maggie Wei Wu ( ၅၂-နှစ် ) တရုတ် စီးပွားရေးလုပ်ငန


၁၁- အမှတ်စဉ်#၆၂  Kelly Zhang - ( - ) တရုတ် စီးပွားရေးလုပ်ငန်း


၁၂- အမှတ်စဉ်#၆၃  #ယူရီကိုကွိုင်ကီ ( ၆၈-နှစ် ) ဂျပန် နိုင်ငံရေး၊ စီမံအုပ်ချုပ်


၁၃- အမှတ်စဉ်#၆၄  Wang Feng Ying –( - ) တရုတ် စီးပွားရေးလုပ်ငန်း


၁၄- အမှတ်စဉ်#၆၈  Kiran Mazumdar-Shaw ( ၆၇-နှစ် ) အိန္ဒိယ စီးပွားရေးလုပ်ငန်း


၁၅- အမှတ်စဉ်#၇၀ Zhou Qunfei  ( ၅၀-နှစ် ) ဟောင်ကောင် နည်းပညာ


၁၆- အမှတ်စဉ်#၇၈ #ဆရီမူလရာနီအင်ဒြာ၀တီ ( ၅၈-နှစ် ) အင်ဒိုနီးရှား၊ နိုင်ငံရေး၊ စီမံအုပ်ချုပ်


၁၇-အမှတ်စဉ် #၈၀ Solina Chau ( ၅၈-နှစ် ) ဟောင်ကောင် ပရဟိတ


၁၈- အမှတ်စဉ်#၈၁ Lam Wai Ying –( -- ) ဟောင်ကောင် နည်းပညာ


၁၉- အမှတ်စဉ်#၉၀ Lee Boo-jin   ( ၅၀-နှစ် ) တောင်ကိုရီးယား စီးပွားရေးလုပ်ငန်း


#ကမ္ဘာ့သြဇာအကြီးဆုံးအမျိုးသမီး၁၀၀


https://www.thedailystar.net/backpage/news/forbes-list-hasina-39th-most-powerful-woman-the-world-2008669


[https://www.forbes.com/power-women/list/2/#tab:overall](https://www.forbes.com/power-women/list/2/#tab:overall)

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု