စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
![]() |
~~~~~
၂၀၂၁ ခုနှစ်အတွင်းမှာ COVAX အစီအစဉ်က မြန်မာနိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက်ပဲ ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်ဆေး ရရှိနိုင်မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။
မြန်မာနိုင်ငံ ကိုဗစ် ၁၉ ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီက ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
ထပ်မံလိုအပ်မယ့် ပမာဏကို ဝယ်ယူနိုင်ဖို့ ကာကွယ်ဆေး ထုတ်လုပ်သုတေသနပြုနေတဲ့ နိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်၊ ယူကေ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေရောက် မြန်မာ သံအမတ်ကြီးတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ကိုဗစ် -19 ရောဂါ ကာကွယ်ဆေးကို တစ်လုံးတစ်ခဲတည်းမဟုတ်ဘဲ အသုတ်လိုက် ခွဲရမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ပြည်သူအားလုံးကို ကာကွယ်ဆေး ထိုးနိုင်ဖို့ဆိုတာ ကာကွယ်ဆေးရရှိတဲ့ ပမာဏအပေါ် မူတည်ဆောင်ရွက်ရမှာဖြစ်တာကြောင့် မေပါ့ဆဘဲ ရောဂါကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို တိတိက်က်လိုက္နာဖို့လိုတယ္လို့ ပြည်ထောင်စုဝန်ကြီးက သတိပေးပြောကြားခဲ့ပါတယ်။
ကာကွယ်ဆေးဟာ ဝက်သက်ကာကွယ်ဆေးလိုပဲ ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီး တစ်သက္တာနီးပါး ကာကွယ်နိုင်မယ့်ဆေးမျိုး မဟုတ်တဲ့အတွက် အခုထွက်ပေါ်လာတဲ့ ကိုဗစ်- 19 ကာကွယ်ဆေးတွေဟာ နှစ်ကြိမ် ထိုးပြီးရင် အချိန်ဘယ်လောက်ကြာကြာ ကာကွယ်ပေးနိုင်လဲဆိုတာ မသိရေသးဘူးလို့ ပြောပါတယ်။
COVAX အစီအစဉ်ဆိုတာဟာ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံ့ရေးလုပ်ငန်းတွေကို ကူညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ Gavi, the Vaccine Alliance က ဆောင်ရွက်မယ့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ဖြစ်ပါတယ်။
အဲဒီအဖွဲ့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလမသဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နဲ့ ဘီလ်ဂိတ်ဖောင်ဒေးရှင်းတို့က ကူညီထောက်ပံ့ပေးထားတာဖြစ်ပါတယ်။
အဲဒီ COVAX အစီအစဉ်ကနေ ကိုဗစ် -19 ကာကွယ်ဆေးရဖို့ ဒီဇင်ဘာ (၇) ရက် ဒီကနေ့မှာ ကမ်းလှမ်းမှု ပေးပို့သွားမှာ ဖြစ်ပါတယ်။
ဒီကမ်းလှမ်းချက်ထဲမှာ ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ္ကေန ၂၀၂၂ ခုနှစ်၊ ဒုတိယ သုံးလပတ်အထိ ကာကွယ်ဆေးထိုးနှံမယ့် ပုံစံအဆင့်ဆင့်၊ ကာကွယ်ဆေး ထိုးနှံပေးမယ့် ဦးစားပေးအုပ်စု၊ Gavi နဲ့ မြန်မာနိုင်ငံက ကုန်ကျငွေကို ခွဲဝေကျခံမယ့်ပုံစံ၊ မိမိတို့နိုင်ငံက သုံးစြဲလိုတဲ့ ဦးစားပေးအလိုက် ကာကွယ်ဆေးအမျိုးအစား၊ ကာကွယ်ဆေးရရှိရင် သိုလှောင်၊ သယ်ဆောင်၊ ထိုးနှံမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။
ကပ်ရောဂါဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင် ပေါ်ပေါက်လာပြီး တစ်ကမ္ဘာလုံးကို ကူးစက်သြားတာ ဖြစ်ပါတယ်။
- Unicode
~~~~~~~~~~~~~~
လာမယ့်နှစ်မှာ လူဦးရေ ၂၀ ရာခိုင်နှုန်း ကာကွယ်ဆေးရမယ်လို့ အစိုးရ ပြော
~~~~~
၂၀၂၁ ခုနှစ်အတွင်းမှာ COVAX အစီအစဉ်က မြန်မာနိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက်ပဲ ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်ဆေး ရရှိနိုင်မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။
မြန်မာနိုင်ငံ ကိုဗစ် ၁၉ ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီက ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
ထပ်မံလိုအပ်မယ့် ပမာဏကို ဝယ်ယူနိုင်ဖို့ ကာကွယ်ဆေး ထုတ်လုပ်သုတေသနပြုနေတဲ့ နိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်၊ ယူကေ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေရောက် မြန်မာ သံအမတ်ကြီးတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ကိုဗစ် -19 ရောဂါ ကာကွယ်ဆေးကို တစ်လုံးတစ်ခဲတည်းမဟုတ်ဘဲ အသုတ်လိုက် ခွဲရမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ပြည်သူအားလုံးကို ကာကွယ်ဆေး ထိုးနိုင်ဖို့ဆိုတာ ကာကွယ်ဆေးရရှိတဲ့ ပမာဏအပေါ် မူတည်ဆောင်ရွက်ရမှာဖြစ်တာကြောင့် မေပါ့ဆဘဲ ရောဂါကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို တိတိကျကျလိုက်နာဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးက သတိပေးပြောကြားခဲ့ပါတယ်။
ကာကွယ်ဆေးဟာ ဝက်သက်ကာကွယ်ဆေးလိုပဲ ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီး တစ်သက္တာနီးပါး ကာကွယ်နိုင်မယ့်ဆေးမျိုး မဟုတ်တဲ့အတွက် အခုထွက်ပေါ်လာတဲ့ ကိုဗစ်- 19 ကာကွယ်ဆေးတွေဟာ နှစ်ကြိမ် ထိုးပြီးရင် အချိန်ဘယ်လောက်ကြာကြာ ကာကွယ်ပေးနိုင်လဲဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။
COVAX အစီအစဉ်ဆိုတာဟာ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံ့ရေးလုပ်ငန်းတွေကို ကူညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ Gavi, the Vaccine Alliance က ဆောင်ရွက်မယ့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ဖြစ်ပါတယ်။
အဲဒီအဖွဲ့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလမသဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နဲ့ ဘီလ်ဂိတ်ဖောင်ဒေးရှင်းတို့က ကူညီထောက်ပံ့ပေးထားတာဖြစ်ပါတယ်။
အဲဒီ COVAX အစီအစဉ်ကနေ ကိုဗစ် -19 ကာကွယ်ဆေးရဖို့ ဒီဇင်ဘာ (၇) ရက် ဒီကနေ့မှာ ကမ်းလှမ်းမှု ပေးပို့သွားမှာ ဖြစ်ပါတယ်။
ဒီကမ်းလှမ်းချက်ထဲမှာ ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ္ကေန ၂၀၂၂ ခုနှစ်၊ ဒုတိယ သုံးလပတ်အထိ ကာကွယ်ဆေးထိုးနှံမယ့် ပုံစံအဆင့်ဆင့်၊ ကာကွယ်ဆေး ထိုးနှံပေးမယ့် ဦးစားပေးအုပ်စု၊ Gavi နဲ့ မြန်မာနိုင်ငံက ကုန်ကျငွေကို ခွဲဝေကျခံမယ့်ပုံစံ၊ မိမိတို့နိုင်ငံက သုံးစြဲလိုတဲ့ ဦးစားပေးအလိုက် ကာကွယ်ဆေးအမျိုးအစား၊ ကာကွယ်ဆေးရရှိရင် သိုလှောင်၊ သယ်ဆောင်၊ ထိုးနှံမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။
ကပ်ရောဂါဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင် ပေါ်ပေါက်လာပြီး တစ်ကမ္ဘာလုံးကို ကူးစက်သြားတာ ဖြစ်ပါတယ်။
- Zawgyi
~~~~~~~~~~~~~~
Photo: www.gavi.org
Comments
Post a Comment