စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မန္တလေး၌ နှစ်ရက်အတွင်း ကိုဗစ်စည်းကမ်းချက် မလိုက်နာသူ (၁၇၀၀)ကျော်ကို ဒဏ်ရိုက်အရေးယူ

 မန္တလေး၌ နှစ်ရက်အတွင်း ကိုဗစ်စည်းကမ်းချက် မလိုက်နာသူ (၁၇၀၀)ကျော်ကို ဒဏ်ရိုက်အရေးယူ

ဘုန်းနေ၊ ဒီဇင်ဘာ-၆

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး မန္တလေးခရိုင်အတွင်း Stay at Home နေထိုင်ရန် ထုတ်ပြန်ထားသည့် တားမြစ်အမိန့် မလိုက်နာသူများကို ဒဏ်ရိုက် အရေးယူမှု နှစ်ရက်အတွင်း (၁၇၀၀)ကျော် ရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးရုံးများမှ သတင်းရရှိသည်။

ဒီဇင်ဘာ(၅)ရက်နှင့် ယနေ့ ဒီဇင်ဘာ(၆)ရက် နှစ်ရက်တာကာလအတွင်း မန္တလေးခရိုင်အတွင်း Stay at Home နေထိုင်ရန် သတ်မှတ်ထားသည့် အမိန့်မလိုက်နာသူ (၁၇၀၀)ကျော်ကို တစ်ဦးလျှင် ကျပ်(၅၀၀၀)စီ ဒဏ်ရိုက်အရေးယူခဲ့ပြီး မန္တလေးခရိုင် ခုနှစ်မြို့နယ်အနက် ချမ်းမြသာစည်မြို့နယ်သည် အရေးယူခံရသူ များဆုံးဖြစ်ကာ ပုသိမ်ကြီးမြို့နယ်သည် အရေးယူခံရသူ အနည်းဆုံးဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများက ဆိုသည်။

မြို့နယ်အလိုက် ဒဏ်ရိုက်အရေးယူမှု အနေဖြင့် ချမ်းမြသာစည်မြို့နယ်တွင် (၅၇၈)ဦး၊  မဟာအောင်မြေမြို့နယ်တွင် (၃၇၄)ဦး၊ အောင်မြေသာစံမြို့ူနယ်တွင် (၂၂၀)ဦး၊ ချမ်းအေးသာစံမြို့နယ်တွင် (၂၅၀)ဦး၊ အမရပူရမြို့နယ်တွင် (၁၃၉)ဦး၊ ပြည်ကြီးတံခွန်မြို့နယ် တွင် (၈၀)ဦးနှင့် ပုသိမ်ကြီးမြို့နယ်တွင် (၇၇)ဦး ဖြစ်ပြီး စုစုပေါင်း (၁၇၁၈)ဦး၊ ဒဏ်ကြေးငွေ ကျပ်(၈၅)သိန်းကျော် ဖြစ်ကြောင်း သတင်းရရှိသည်။

ကိုဗစ်စည်းကမ်းချက် မလိုက်နာမှုဖြင့် ဒဏ်ရိုက်ခံရသူ အများစုသည် စျေးဝယ်ကတ်များ အသုံးပြုကာ မြို့နယ်ကျော် ၀င်ထွက်သွားလာသူများ ဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုး အချို့က ပြောသည်။

“မြို့နယ်ကျော် စီမံခန့်ခွဲခွင့် ကတ်တွေ ရှိတယ်၊ ဘယ်မြို့နယ်ကမဆို ခွင့်ပြုပေးတယ်၊ ကတ်လျောက်ထားတယ် ဆိုလည်း အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြနိုင်ပြောနိုင်ရင် ခွင့်ပြုပေးပါတယ်” ဟု   ချမ်းမြသာစည်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးစည်သူအောင်က ပြောသည်။

မန္တလေးခရိုင်အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး ဒီဇင်ဘာ(၅)ရက်မှ (၁၈)ရက်အထိ အသွားအလာ ကန့်သတ်ခြင်း အပါအဝင် တားမြစ်ချက် (၁၇)ချက် လိုက်နာရန် မန္တလေးတိုင်း အစိုးရအဖွဲ့က အမိန့်ထုတ်ထားသည်။

တားမြစ်ကန့်သတ်ချက် မလိုက်နာသူများကို စိစစ်အရေးယူနေသော်လည်း အချို့သော မြို့နယ်များ၌ စျေးဝယ်ခွင့်ကတ်များ မရရှိသေးဘဲ တန်းစီစောင့်ဆိုင်းနေရဆဲ ဖြစ်သလို အမိန့်နှင့်ပတ်သက်၍လည်း တစ်ရပ်ကွက်လျှင် တစ်မျိုး ကျင့်သုံးမှုများ ရှိနေသည့်အတွက် အဆင်မပြေမှုများ၊ အခက်အခဲများ ကြုံနေရကြောင်း မန္တလေးမြို့ခံအချို့က ဆိုသည်။

မန္တလေးမြို့တွင်း လမ်းမများ၌ စစ်ဆေးရေးဂိတ်များ ပြုလုပ်ထားစဉ်/ Photo - ဘုန်းနေ

https://www.facebook.com/mandalayindepthnews

#Mandalay_Indepth_News #MandalayInDepthNews #COVID-19 #မန္တလေး #ကူးစက် #ကန့်သတ် 

.

မန္တလေး၌ နှစ်ရက်အတွင်း ကိုဗစ်စည်းကမ်းချက် မလိုက်နာသူ (၁၇၀၀)ကျော်ကို ဒဏ်ရိုက်အရေးယူ၊

ဘုန်းနေ၊ ဒီဇင်ဘာ-၆

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး မန္တလေးခရိုင်အတွင်း Stay at Home နေထိုင်ရန် ထုတ်ပြန်ထားသည့် တားမြစ်အမိန့် မလိုက်နာသူများကို ဒဏ်ရိုက် အရေးယူမှု နှစ်ရက်အတွင်း (၁၇၀၀)ကျော် ရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးရုံးများမှ သတင်းရရှိသည်။

ဒီဇင်ဘာ(၅)ရက်နှင့် ယနေ့ ဒီဇင်ဘာ(၆)ရက် နှစ်ရက်တာကာလအတွင်း မန္တလေးခရိုင်အတွင်း Stay at Home နေထိုင်ရန် သတ်မှတ်ထားသည့် အမိန့်မလိုက်နာသူ (၁၇၀၀)ကျော်ကို တစ်ဦးလျှင် ကျပ်(၅၀၀၀)စီ ဒဏ်ရိုက်အရေးယူခဲ့ပြီး မန္တလေးခရိုင် ခုနှစ်မြို့နယ်အနက် ချမ်းမြသာစည်မြို့နယ်သည် အရေးယူခံရသူ များဆုံးဖြစ်ကာ ပုသိမ်ကြီးမြို့နယ်သည် အရေးယူခံရသူ အနည်းဆုံးဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာ၀န်ရှိသူများက ဆိုသည်။

မြို့နယ်အလိုက် ဒဏ်ရိုက်အရေးယူမှု အနေဖြင့် ချမ်းမြသာစည်မြို့နယ်တွင် (၅၇၈)ဦး၊  မဟာအောင်မြေမြို့နယ်တွင် (၃၇၄)ဦး၊ အောင်မြေသာစံမြို့နယ်တွင် (၂၂၀)ဦး၊ ချမ်းအေးသာစံမြို့နယ်တွင် (၂၅၀)ဦး၊ အမရပူရမြို့နယ်တွင် (၁၃၉)ဦး၊ ပြည်ကြီးတံခွန်မြို့နယ် တွင် (၈၀)ဦးနှင့် ပုသိမ်ကြီးမြို့နယ်တွင် (၇၇)ဦး ဖြစ်ပြီး စုစုပေါင်း (၁၇၁၈)ဦး၊ ဒဏ်ကြေးငွေ ကျပ်(၈၅)သိန်းကျော် ဖြစ်ကြောင်း သတင်းရရှိသည်။

ကိုဗစ်စည်းကမ်းချက် မလိုက်နာမှုဖြင့် ဒဏ်ရိုက်ခံရသူ အများစုသည် စျေးဝယ်ကတ်များ အသုံးပြုကာ မြို့နယ်ကျော် ၀င်ထွက်သွားလာသူများ ဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုး အချို့က ပြောသည်။

“မြို့နယ်ကျော် စီမံခန့်ခွဲခွင့် ကတ်တွေ ရှိတယ်၊ ဘယ်မြို့နယ်ကမဆို ခွင့်ပြုပေးတယ်၊ ကတ်လျောက်ထားတယ် ဆိုလည်း အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြနိုင်ပြောနိုင်ရင် ခွင့်ပြုပေးပါတယ်” ဟု   ချမ်းမြသာစည်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးစည်သူအောင်က ပြောသည်။

မန္တလေးခရိုင်အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး ဒီဇင်ဘာ(၅)ရက်မှ (၁၈)ရက်အထိ အသွားအလာ ကန့်သတ်ခြင်း အပါအ၀င် တားမြစ်ချက် (၁၇)ချက် လိုက်နာရန် မန္တလေးတိုင်း အစိုးရအဖွဲ့က အမိန့်ထုတ်ထားသည်။

တားမြစ်ကန့်သတ်ချက် မလိုက်နာသူများကို စိစစ်အရေးယူနေသော်လည်း အချို့သော မြို့နယ်များ၌ စျေး၀ယ်ခွင့်ကတ်များ မရရှိသေးဘဲ တန်းစီစောင့်ဆိုင်းနေရဆဲ ဖြစ်သလို အမိန့်နှင့်ပတ်သက်၍လည်း တစ်ရပ်ကွက်လျှင် တစ်မျိုး ကျင့်သုံးမှုများ ရှိနေသည့်အတွက် အဆင်မပြေမှုများ၊ အခက်အခဲများ ကြုံနေရကြောင်း မန္တလေးမြို့ခံအချို့က ဆိုသည်။

မန္တလေးမြို့တွင်း လမ်းမများ၌ စစ်ဆေးရေးဂိတ်များ ပြုလုပ်ထားစဉ်/ Photo - ဘုန်းနေ

https://www.facebook.com/mandalayindepthnews

#Mandalay_Indepth_News #MandalayInDepthNews #COVID-19 #မန္တလေး #ကူးစက် #ကန့်သတ် 

.

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု