စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

“”မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်သူများသိရှိစေရန် အသိပေးကြေညာချက် ထုတ်ပြန်”” [(၅-၁၂-၂၀၂၀)ရက်နေ့မှ (၁၈-၁၂-၂၀၂၀)ရက်နေ့အထိ လိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများအရ အရေးယူသွားမည်]


 “”မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်သူများသိရှိစေရန် အသိပေးကြေညာချက် ထုတ်ပြန်””

[(၅-၁၂-၂၀၂၀)ရက်နေ့မှ (၁၈-၁၂-၂၀၂၀)ရက်နေ့အထိ လိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများအရ အရေးယူသွားမည်]


မန္တလေးခရိုင်အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွါးမှုနှင့် သေဆုံးမှု ပိုမိုများပြားလာသည့်အတွက် စည်းကမ်းချက်များအား မန္တလေးခရိုင်အတွင်း နေထိုင်သည့် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်ကို ယနေ့(ဒီဇင်ဘာ ၂) ညပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး (၅-၁၂-၂၀၂၀)ရက်နေ့မှ (၁၈-၁၂-၂၀၂၀)ရက်နေ့အထိ လိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံက သတင်းရရှိသည်။ 


COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရန် မန္တလေးခရိုင်အတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့် အောက်ပါစည်းကမ်းချက်များကို မဖြစ်မနေ လိုက်နာရန် လိုအပ်ပါသည်-


(က) ပုဂ္ဂလိကလုပ်ငန်းများဖြစ်သည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့် ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရည်သုံး ပစ္စည်းထုတ်လုပ်သည့် စက်ရုံများ၊ ဆိပ်ကမ်းပို့ကုန်/သွင်းကုန် သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဉ်၊ ရေ ယာဉ်လုပ်ငန်းများ၊ ကုန်းတွင်းကုန်သေတ္တာစခန်း(Inland Container Depot) နှင့် ကုန်းတွမ်းဆိပ်များ(Dry Port)၊ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့် စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ ကြိုးဖုန်း နှင့် မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုများ၊ တာဝါနှင့် ဖိုက်ဘာ ပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ကျန်လုပ်ငန်းများကို လုပ်ကိုင်ခြင်း မပြုရန် ဖြစ်ပါသည်။


(ခ) အထက်အပိုဒ်ခွဲ(က)ပါ လုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည့် ဝန်ထမ်းများ ဝင်/ထွက်ခွင့်ရရှိရေးအတွက် လုပ်ငန်းရှင်/ကုမ္ပဏီပိုင်ရှင်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားရယူရန် ဖြစ်ပါသည်။


(ဂ) အခြားမြို့နယ်များသို့ လုပ်ငန်းကိစ္စဖြင့် သွားရောက်လိုပါက ဝင်/ထွက်ခွင့် ကတ်ပြားများကို မြို့နယ်စီမံခန့်ခွဲ မှုကော်မတီသို့ လျှောက်ထားရယူရန် ဖြစ်ပါသည်။


(ဃ) အထက်အပိုဒ်ခွဲ(က)ပါ လုပ်ငန်းများတွင် မပါဝင်သည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် နေအိမ်မှ နေ၍ လုပ်ငန်းများ ဆောင်ရွက်ရန် ဖြစ်ပါသည်။


(င) ဆိုင်ဖွင့်၍ တယ်လီဖုန်းရောင်းချခြင်း၊ ဒေတာရောင်းခြင်းများ မပြုလုပ်ရန် ဖြစ်ပါသည်။


(စ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်ဖြစ်ပြီး ဈေးဝယ်ရန် ဝင်/ထွက်ခွင့် ကတ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် တစ်အိမ်ထောင်လျှင် တစ်ကတ်နှုန်းဖြင့် ထုတ်ယူနိုင်ပါသည်။ ဈေး ဝယ်ရန် သွားရောက်ရာတွင် ယာဉ်မောင်း(၁)ဦး၊ ဈေးဝယ်သူ(၁)ဦး၊ စုစုပေါင်း (၂)ဦးသာ သွားရောက်ရန်ဖြစ်ပြီး ပါးစပ်/နှာခေါင်းစည်းများ တပ်ဆင်သွားရန် ဖြစ်ပါသည်။


(ဆ) မြို့နယ်အတွင်းရှိ ဈေးများကို နေ့စဉ် နံနက်(၆)နာရီမှ (၁၂)နာရီအထိ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ကျန်အချိန် များတွင် ပိတ်ထားမည်ဖြစ်ပါသည်။ ဈေးသည်များသည် ဈေးရောင်းချရာတွင် ပါးစပ်/နှာခေါင်းစည်း၊ Face Shield၊ လက်အိတ်များ မဖြစ်မနေ ဝတ်ဆင်ထားရန် လိုအပ်ပါသည်။ ကမ်းနားလမ်းနှင့် (၄၁)လမ်းထောင့်ရှိ ကုန် စိမ်းလက်ကားဈေးကို နေ့စဉ် နံနက် (၄)နာရီမှ နံနက် (၆)နာရီအထိ တစ်ကြိမ်နှင့် နေ့လယ်(၁၁)နာရီမှ ည(၈) နာရီအထိတစ်ကြိမ် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ကျန်အချိန်များတွင် ဈေးပိတ်ထားမည်ဖြစ်ပါသည်။


(ဇ) ကုန်စည်ဒိုင်များ၊ ပွဲရုံများမှ ကုန်ပစ္စည်းများ လက်ကားဝယ်ယူရောင်းချသူများအနေဖြင့် ဝင်/ထွက်ခွင့် ကတ် ပြားများကို နီးစပ်ရာ ဈေးစည်ပင်ဌာနတွင် ထုတ်ယူရန်နှင့် ကုန်စည်ဒိုင်များ၊ ပွဲရုံများအနေဖြင့် ကုန်ဝယ်ယူသူ များ၏ အမည်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်များကို မှတ်သားစာရင်းပြုစု၍ ဈေးများဌာနသို့ ပေးပို့ရန် လို အပ်ပါသည်။


(ဈ) လက်လီဈေးဝယ်သူများအနေဖြင့် မိမိမြို့နယ်အတွင်းရှိ ဈေးများတွင်သာ ဈေးဝယ်ရန်နှင့် အခြားမြို့နယ် များမှလည်း လာရောက်ဝယ်ယူခြင်းမပြုရန် ဖြစ်ပါသည်။


(ည) ဈေးဝယ်ရန်နှင့် ဆေးခန်းသွားရန် သတ်မှတ်ထားသည့် လူဦးရေထက် ပိုလျှင်ဖြစ်စေ၊ အခြားအရေးပေါ် ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တင်ပြစေရန်နှင့် တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ခွင့်ပြုချက်မရှိဘဲ ရပ်ကွက်အပြင်မှလည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက်သွားလာခြင်း မပြုရန် ဖြစ်ပါသည်။


(ဋ) Shopping Mall များတွင် မဖြစ်မနေ ဖွင့်လှစ်ခွင့်ပြုရမည့် ဆိုင်ခန်းများမှအပ ကျန်ဆိုင်ခန်းများအား ယာယီ ပိတ်သိမ်းသွားရန် ဖြစ်ပါသည်။


(ဌ) Delivery စနစ်ဖြင့် စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်သူများအား ဝင်/ထွက်ခွင့် ကတ်ပြားများ ပြု လုပ်ပေးရန် လုပ်ငန်းရှင်မှ မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားရန်နှင့် မြို့နယ်အတွင်းသာ လိုက်လံပို့ ဆောင်ရန် ဖြစ်ပါသည်။


(ဍ) ဆိုင်ကယ်ဖြင့် ဟင်းသီးဟင်းရွက်များ၊ ကုန်စိမ်းများ လိုက်လံရောင်းချသူများအနေဖြင့် နီးစပ်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ဝင်/ထွက်ခွင့် ကတ်ပြားများ ရယူရောင်းချရန်ဖြစ်ပါသည်။


(ဎ) ကျန်းမာရေးကိစ္စအတွက် ဆေးရုံ/ဆေးခန်းသွားရန် လိုအပ်ပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် တစ်အိမ်ထောင်လျှင် တစ်ကတ်နှုန်းဖြင့် ထုတ်ယူရန်နှင့် ယာဉ်မောင်းအပါအဝင် (၃)ဦးသာ သွားရောက်ခွင့်ပြု မည်ဖြစ်ပါသည်။


(ဏ) ကျုံးဘေးတွင် အပန်းဖြေအနားယူခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်းများကို သတ်မှတ်ကာလအတွင်း (လုံးဝ) မပြုလုပ်ရန် ဖြစ်ပါသည်။


(တ) မန္တလေးမြို့သို့ ညအိပ်လာရောက်သူ တည်းခိုနေထိုင်မည့်သူများ ရောဂါပိုးကင်းရှင်းကြောင်း ကျန်းမာရေး ဌာန၏ ထောက်ခံချက် ပါရှိရမည်ဖြစ်ပါသည်။ ကုန်စည်ပို့ဆောင်သော ကားများမှလွဲ၍ ကျန်မော်တော်ယာဉ်များ ညအိပ်ရပ်နားခြင်း မပြုရပါ။


(ထ) တာဝန်အရ မဖြစ်မနေ ရုံးတက်ရမည့် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကတ်ဖြင့် သွားလာရန် ဖြစ်ပါသည်။


၂။ အထက်ပါ ညွှန်ကြားချက်များအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၅)ရက်နေ့မှ (၁၈)ရက်နေ့အထိ လိုက်နာ ဆောင်ရွက်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

#TheMandalayNewsJournal

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု