စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
ကူးစက်ရောဂါကြောင့် ပိတ်ရတော့မယ့်ဆိုင်မှာ လူတစ်ဦးက ဘီယာတစ်လုံးသောက်ပြီး ဘောက်ဆူး(သိန်း ၄၀ ခန့်) ဒေါ်လာ ၃ ထောင်ပေးသွားခဲ့
--------------------------------------------------
December 8, Tuesday
(Hot News)
အမေရိကန်နိုင်ငံ၊ အိုဟိုင်းအိုးပြည်နယ်၊ ကလီဗ်လန်းမြို့တွင် ကိုဗစ် ၁၉ ကူးစက်ရောဂါကြောင့် မိမိသဘောအလျောက်ပိတ်တော့မယ့် ဘီယာဆိုင်တစ်ဆိုင်မှာ စားသုံးသူတစ်ဦးက ဘီယာတစ်လုံးသောက်ပြီး ဘောက်ဆူးဒေါ်လာ ၃ ထောင်ပေးခဲ့ပါတယ်။
"တနဂ်နွေနေ့က လူတစ်ဦးဟာဘီယာမှာပြီး ကျသင့်ငွေရှင်းဖို့ပြောပါတယ်။ ကျသင့်ငွေက ၇.၀၂ ဒေါ်လာပဲကျပေမဲ့ ဘောက်ဆူး ၃ ထောင်ပေးပြီး ကလီဗ်လန်းက နိုက်တောင်းမြို့နယ်ထဲကို ထွက်သွားခဲ့ပါတယ်" လို့ဆိုင်ပိုင်ရှင်က Facebook မှာတင်ထားခဲ့ပါတယ်။ အဲ့ဒီလူက ဘောက်ဆူးကို ဆိုင်မှာအလုပ်လုပ်နေတဲ့ အလုပ်သမားလေးဦး မျှယူဖို့ပြောပြီး ဆုတောင်းပေးခဲ့တယ်လို့ ဆိုင်အစောင့်က ဆိုပါတယ်။ "ထိုသူထွက်သွားပြီးနောက် ဘောက်ဆူးကိုကြည့်လိုက်တော့ ဒေါ်လာ ၃ ထောင်တောင် ထားခဲ့တယ်ဆိုတာကို သိလိုက်ရပါတယ်"လို့ဆိုင်အစောင့်က Facebook မှာရေးသားခဲ့ပါတယ်။
“ကျွန်တော့်သူ့နောက်ကိုလိုက်သွားပြီး ပြောတော့ မှားပေးခဲ့တာမဟုတ်ပါဘူး ဆိုင်ဖွင့်ရင် ပြန်တွေ့မယ်”လို့ဆိုခဲ့ပါတယ်။ ဆိုင်အစောင့်က သူ့အနေနဲ့ စားသုံးသူရဲ့နာမည်ကို post မှာတင်မှာမဟုတ်ပါဘူး၊ ကူညီတဲ့သူဘက်ကလည်း တင်စေချင်မယ်မထင်ဘူး လို့ဆိုပါတယ်။” မယုံနိုင်လောက်အောင်ကြင်နာတတ်ပြီး မြင့်မြတ်တဲ့အပြုအမူကြောင့် ကျွန်တော်ရော ကျွန်တော့ဝန်ထမ်းတွေရော လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်”လို့ဆိုင်ရှင်ကဆိုပါတယ်။
Source - AP
ဘာသာပြန် - Hein Zarni Oo
#NewsWaves
{Zawgyi}
ကူးစက်ရောဂါကြောင့် ပိတ်ရတော့မယ်ဆိုင်မှာ လူတစ်ဦးက ဘီယာတစ်လုံးသောက်ပြီး ဘောက်ဆူးဒေါ်လာ ၃ ထောင်ပေးသွားခဲ့

Comments
Post a Comment