စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ဖေ့ဘုတ်ကုမ္ပဏီအား ယုံကြည်မှု ချိုးဖောက်သည်ဆိုကာ နယူးယောက်ပြည်နယ် ဦးဆောင်လျက် ပြည်နယ်များက စုံစမ်းစစ်ဆေးလျက်ရှိပြီး လာမည့် သီတင်းပတ်တွင် တရားစွဲဆိုရန် စီစဉ်နေ


 ဖေ့ဘုတ်ကုမ္ပဏီအား ယုံကြည်မှု ချိုးဖောက်သည်ဆိုကာ နယူးယောက်ပြည်နယ် ဦးဆောင်လျက် ပြည်နယ်များက စုံစမ်းစစ်ဆေးလျက်ရှိပြီး လာမည့် သီတင်းပတ်တွင် တရားစွဲဆိုရန် စီစဉ်နေကြောင်း ယင်းအရေးကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်လေးရပ်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ယခု တရားစွဲဆိုမှုသည် လက်ရှိနှစ်အတွင်း နည်းပညာကုမ္ပဏီတစ်ရပ်အား ဒုတိယမြောက် အကြီးစားတရားစွဲဆိုမှု ဖြစ်လာမည်။ အောက်တိုဘာလအတွင်းကလည်း တရားရေးဝန်ကြီးဌာနက Alphabet Inc ၏ ဂူဂဲလ်ကို တရားစွဲဆိုခဲ့သည်။

ယခု ဖေ့ဘုတ်အား တရားစွဲဆိုရာတွင် ပြည်နယ် ၄၀ ကျော် လက်မှတ်ထိုးရန် စီစဉ်ထားကြောင်း သတင်းရင်းမြစ်က ပြောပြီး မည်သည့်ပြည်နယ်များ ဖြစ်သည်ကို အမည်ထုတ်ဖော် မပြောပေ။

ဖေ့ဘုတ်ကုမ္ပဏီက ထင်မြင်ချက်ပေးရန် ငြင်းဆန်သကဲ့သို့ နယူးယောက်ရှေ့နေချုပ်ရုံး ပြောခွင့်ရှိသူတစ်ဦးကလည်း ထင်မြင်ချက်ပေးရန် ငြင်းဆိုသည်။

ပြည်နယ်တရားရုံး သို့မဟုတ် ခရိုင်တရားရုံးသို့ စွဲတင်ကြရန် ဗုဒ္ဓဟူးနေ့က ဗဟိုကုန်သွယ်ရေးကော်မရှင်မှ ကော်မရှင်နာမင်းကြီးများတွေ့ဆုံခဲ့သည်။

တရားစွဲဆိုမှုတွင် ပြည်နယ်များက မည်သည့် စွဲချက်များ တင်ရန် စီစဉ်နေသည်ကို မသိရသေးပေ။ ဖေ့ဘုတ်အား စွဲဆိုထားဖူးသည့် စွဲချက်တစ်ရပ်မှာ ယင်းသည် အသေးစား ဖြစ်နိုင်ခြေရှိသော ပြိုင်ဖက်များကို ဝယ်ယူရန် မဟာဗျူဟာကျကျ ကြိုးစားခဲ့သည်ဟု စွဲဆိုခံရဖူးသည်။ ၂၀၁၂ ခုနှစ်က Instagram နှင့် ၂၀၁၄ က WhatsApp တို့ကို ဝယ်ယူရန် ကြိုးစားခြင်းလည်း အပါအဝင် ဖြစ်သည်။

လွှတ်တော်ကြားနာမှု၌ ဖေ့ဘုတ်၏ စီအီးအို မက်ဇူကာဘတ်က စွဲချက်များကို ငြင်းဆန်ပြီး ကုမ္ပဏီသည် အခြားသော နည်းပညာကုမ္ပဏီကြီးများအပါအဝင် ပြိုင်ဖက်များနှင့် တစ်တန်းတည်းတွင် ရှိနေသည်ဟု ပြောခဲ့သည်။ ဖေ့ဘုတ်အနေဖြင့် အသေးစားနည်းပညာကုမ္ပဏီများအား ကြီးထွားအောင် ချဲ့ထွင်နိုင်ရေးအတွက် ကူညီပေးခြင်းသာဖြစ်သည်ဟု Instagram နှင့် WhatsApp တို့အား အငြင်းပွားဖွယ် ဝယ်ယူခြင်းနှင့် ပတ်သက်ကာ ခုခံကာကွယ်ပြောခဲ့သည်။

တရားရေးဝန်ကြီးဌာနနှင့် ဗဟိုကုန်သွယ်ရေးကော်မရှင်တို့က ၂၀၁၉ က စတင်ပြီး Amazom နှင့် Apple အပါအဝင် နည်းပညာကုမ္ပဏီ လေးခုကို ယုံကြည်မှု ချိုးဖောက်ခြင်းဖြင့် စတင်စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ယင်း စုံစမ်းစစ်ဆေးမှု စတင်ပြီး မကြာမီမှာပင် ဂူဂဲလ်နှင့် ဖေ့ဘုတ်တို့ကိုပါ ပြည်နယ်ရှေ့နေချုပ်များက စုံစမ်းစစ်ဆေးလာခဲ့ခြင်း ဖြစ်သည်။

Source - http://www.mizzimaburmese.com/article/76212

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု