စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ပထွေးမှ ဇနီးကိုကြိုးချည်ထားပြီး အသက် (၄)နှစ်အရွယ် မယားပါ သားကို ကြိုးချည်၍ သစ်ပင်ပေါ်တွဲလောင်းချည်ကာ ရိုတ်သတ်


 ပထွေးမှ ဇနီးကိုကြိုးချည်ထားပြီး အသက် (၄)နှစ်အရွယ် မယားပါ သားကို ကြိုးချည်၍ သစ်ပင်ပေါ်တွဲလောင်းချည်ကာ ရိုတ်သတ်


ထန်းတပင်၊ ဒီဇင်ဘာ ၉/၂၀၂၀


အသက် (၄နှစ်)အရွယ် မယားပါသားကို လက်နှစ်ဖက်ကြိုးချည်ကာ သစ်ပင်ပေါ်တွဲလောင်းချည်ကာ ရိုက်သတ်မှု ဒီဇင်ဘာ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ကျွဲကူးကျေးရွာအုပ်စု၊ နွယ်ခွေတော ညောင်ပင်အင်းကျေးရွာနေ တရားလိုမှာ လွန်ခဲ့သော ၅ နှစ်ခန့်က အိမ်ထောင်ကျပြီး သားတစ်ဦး ထွန်းကားခဲ့ကြောင်း ၎င်းအိမ်ထောင်နှင့်ကွဲသွားခဲ့ပြီး၊ လွန်ခဲ့သော ၃ လခန့်က ထန်းတပင်မြို့နယ် ဖက်ဝန်းကုန်းကျေးရွာနေ ကိုဇင်လင်းဆိုသူနှင့် ထပ်မံအိမ်ထောင်ကျခဲ့ကြောင်း ဆိုသည်။


တရားလိုမှာ နောက်အိမ်ထောင်နှင့်အတူ ပထမအိမ်ထောင်နှင့်ရရှိခဲ့သည့် အသက် (၄နှစ်)အရွယ် သားဖြစ်သူ မောင်ကျော်ဇေယျာလင်းတို့ အတူပေါင်းသင်းနေထိုင်ရာ မှ ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၆နာရီခွဲခန့်တွင် ပထွေးဖြစ်သူမှ မောင်ကျော်ဇေယျာလင်း၏ မျက်နှာအား လက်ဖြင့် အချက်ပေါင်းများစွာရိုက်နှက်ကာ ကိုင်းရိုးတံဖြင့်ရိုက်နေ၍ တရားလိုမှ ဆက်မရိုက်တော့ရန်ပြောရာ "နင်ပါရိုက်ခံရမည်" ဟုပြောကာ သားဖြစ်သူ၏လက်ကို ကျွဲချည်သည့်နိုင်လွန်ကြိုးဖြင့်ချည်နှောင်၍ တဲအနီးရှိ ကုက္ကိုပင်ခွ၌ တွဲလောင်းချည်နှောင်ထားစဉ် ငိုနေသဖြင့် ကလေး၏ ပါးစပ်အား ပုဆိုးစဖြင့် ထပ်မံ ချည်နှောင် လိုက်ကြောင်း ဆိုသည်။


ပတွေး၏ လုပ်ရပ်အား တရားလိုမှ မလုပ်တော့ရန် တားရာ " နင့်ကလေးကို သွားဖြေပေးရင် နင့်ပါကြိုးတုတ်ပြီး အရိုက်ခံရမည်ဟု ပြောကာ အပြင်ထွက်သွား၍ တရားလိုမှ ကလေးငိုနေသည်ကိုမကြည်ရက်၍ ကြိုးဖြေပေးခဲ့ရာ ပထွေးဖြစ်သူပြန်ရောက်လာပြီး၊ ကလေးကိုကြိုးဖြေပေးသည့်အတွက် တရားလို၏ လက်အား ကြိုးဖြင့်ချည်နှောင်၍ ကုက္ကိုပင်၌ ချည်နှောင်ထားကာ သားဖြစ်သူအား "မင်းကိုလည်း မင်းအမေနဲ့အတူ ကြိုးဖြင့်ချည်နှောင်ထားမယ်" ဟု ပြောပြီး၊ ၎င်းအနီးခေါ်လာစဉ် ငိုနေသဖြင့် ကလေး၏ဇက်ပိုးအား ရိုက်လိုက်ရာ ကျွဲချေးပုံပေါ် မှောက်လျှက်လဲကျပြီး ပြန်မထနိုင်တော့ကြောင်း၊ (၅)မီနစ်ခန့်အကြာ၌ တရားလိုအား " နင်ကငါ့မိန်းမမို့လို့ ကြိုးဖြေပေးလိုက်မယ် "ဆိုကာ ဖြေပေးစဉ် တရားလိုမှ သားဖြစ်သူအား သွားထူခဲ့စဉ် သေဆုံးနေလျှက် တွေ့ရှိခဲ့ရကြောင်း ဆိုသည်။


ပထွေး၏ရိုက်နှက်မှုကြောင့် အသက် (၄နှစ်)အရွယ် သားဖြစ်သူတွင် မျက်နှာညိုမဲ ပွန်းခြစ်ဒဏ်ရာ၊ ဝမ်းဗိုက်ပွန်းခြစ်ဒဏ်ရာ၊ ဝဲ/ယာ ခြေသလုံးညိုမဲဖူးယောင်ဒဏ်ရာများ၊ ဝဲ/ယာ လက်ကောက်ဝတ် ပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးခဲ့သဖြင့် ထိုသို့ပြုလုပ်ခဲ့သည့် ၎င်း၏နောက်အိမ်ထောင်ဖြစ်သူ ဇင်လင်းအား ဥပဒေအရအရေးယူပေးပါရန် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း ၎င်းတိုင်တန်းချက်မှ သိရသည်။


‌ဖြစ်စဉ်နှင့်ပတ်သက်၍ ဇင်လင်း (၂၂နှစ်)အား ထန်းတပင်မြို့နယ်၊တော်လတဲ့နယ်မြေရဲစခန်းမှ (ပ) ၉၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီး၍ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


ညီညီ(လှိုင်သာယာ)

Top Phoenix Media Group

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု