စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် နုတ်ထွက်


 အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ဟာ မိမိသဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်သွားပါတယ်။


နုတ်ထွက်စာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကတည်း နိုင်ငံတော် သမ္မတထံ ကိုယ်တိုင်သွားတင်ခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ နိုင်ငံတော်သမ္မတက နုတ်ထွက်ခွင့်ပြုကြောင်းစာကို ရရှိခဲ့တာဖြစ်တယ်လို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။ ဒါကြောင့်လာမယ့် ဒီဇင်ဘာ ၂ရက်နေ့ကစတင်ပြီး အနားယူတော့မှာဖြစ်ပါတယ်။


အဲဒီလိုနုတ်ထွက်တာဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး တွေနဲ့မပတ်သက်သလို အစိုးရနဲ့အဆင်မပြေလို့ နုတ်ထွက်တာလည်း မဟုတ်ဘူးလို့ဆိုပါတယ်။


 

ကော်မရှင်ဥက္ကဋ္ဌဦးအောင်ကြည်က သူကျန်းမာရေးကောင်းတဲ့အချိန်မှာ သံသရာအတွက် ပြင်ဆင်ချင်တဲ့အတွက် အခုလို နုတ်ထွက်တာဖြစ်တယ်လို့ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးကပြောပါတယ်။


သူနုတ်ထွက်မယ့်အကြောင်းကိုလည်း အဂတိကော်မရှင်ရုံး ပန္နက်တင်ကတည်းက ကြိုပြီး အသိပေးထားခဲ့တယ်လို့ဆိုပါတယ်။


ဒါ့အပြင် ကော်မရှင်ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်း အားလုံးစနစ်တကျ ဆောင်ရွက်ပေးခဲ့တယ်လို့ ဦးကျော်စိုးက ပြောပါတယ်။


ဦးအောင်ကြည်ဟာ အငြိမ်းစားဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး စစ်အစိုးရခေတ်နဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အလုပ်သမားဝန်ကြီး၊ ဆက်ဆံရေးဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။


ဦးအောင်ကြည်ဟာ စစ်အစိုးရလက်ထက်က ဆက်ဆံရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ အကြား ညှိနှိုင်းမှုတွေဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။


အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၁၇ခုနှစ်မှာတော့ အဂိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု