စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ပုလဲမြို့နယ် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ၂ ဦးအပါအဝင် လူ ၃ ဦးကို မြို့နယ်ထွေ/အုပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်

By မျက်မှောက်ခေတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးခဲ့စဉ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းများက နိုင်ငံ တော်အကြည်ညိုပျက်စေရန် ဟောပြောစည်းရုံးသည်ဟုဆိုပြီး  မြို့နယ်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနက နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်လိုက်ကြောင်း သိရှိရသည်။  

ပုလဲမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးက တရားလိုပြုလုပ်ကာ ဒီဇင်ဘာလ ၈ ရက်နေ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း၊ တရားစွဲဆိုခံရသူများမှာ ကြံ့ခိုင်ရေးပါတီ၏ စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၀)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူ ကိုယ်စားလှယ်လောင်း ဦးစောမောင်၊ ပုလဲမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးတင်ဆွေနှင့် ရပ်ကျေးစည်းရုံးရေးမှူး ဦးညိုရောင်တို့ကို တရားစွဲခြင်းဖြစ်ကြောင်း သိရှိရသည်။ 

“ကျွန်တော်တို့က အမှုပဲဖွင့်ထားတာ။ လောလောဆယ်တော့ ဘာမှမသိသေးဘူး။ တရားရုံးကပဲ စီမံမှာပါ။ နိုင်ငံတော်အကြည်ညိုပျက်စေအောင် သူတို့ဟော ပြောတဲ့အထဲမှာ ပါတာပေါ့။ ပါတဲ့အတွက် တင်ပြလာလို့ ကျွန်တော်တို့က တရားလိုလုပ်ပြီး တရားစွဲတာ။ အဆင့်ဆင့် ခွင့်ပြုချက်နဲ့ လုပ်တာပါ”ဟု တရားလိုဖြစ်သူ ပုလဲမြို့နယ် ဒုအုပ်ချုပ်ရေးမှုး ဦးအောင်အောင်က ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စစ်ကိုင်းတိုင်းဥက္ကဌ ဦးမြင့်သိန်းက“ဥပဒေကြောင်းအရ ရင်ဆိုင်ရမှာပေါ့ဗျာ။ ဘာလုပ်လို့ရမှာလဲ။ ဟုတ်တယ်မို့လား။ ဘာလို့လဲဆို ဒါတွေက ၅၀၅ (ခ) နဲ့စွဲမလား ဘာလားဆိုတာတော့ သူတို့ကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှုလို့ ပြောထားတာ။ ဒါပေမယ့် တကယ်တမ်းကျတော့ ဘယ်လိုခေါ်မလဲဆိုတော့ ရွေးကောက်ပွဲကာလတွေမှာ ဟောပြောမှုတွေထင်ပါတယ်။”ဟု  ပြောဆိုသည်။

တရားစွဲဆိုခံရသူများသည် မဲဆွယ်စည်းရုံးရေးကာလ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း ပုလဲမြို့နယ်၊ အင်တိုင်းသာကျေးရွာ ရွာလည်ဇရပ်တွင် မဲဆွယ်စည်းရုံးရေးဟောပြောစဉ် “ဦးသိန်းစိန်လက်ထက်က အတိုင်ပင်ခံရာထူးရှိသလား။ မရှိတဲ့ရာထူးကို နိုင်ငံခြားသား ၉၃ ယောက်ငှားထားရတယ်။ တစ်လ သိန်း ၅၀၊ ၆၀ ပေးပြီးငှားရတယ်။ သိန်း ၅ ထောင်ရှိတယ်။ ကျွန်တော်တို့မြို့နယ်၊ ကျေးရွာပေါင်းမှ သိန်း ၁ ထောင်မရဘူး။ ဒီလူတွေမငှားရင် လူမှုစီးပွား အကျိူးစီးပွားအတွက် အသုံးပြုလို့မရဘူးလား။ ကျွန်တော်တို့သာ မဲပေးခဲ့ရင် ဘာအတိုင်ပင်ခံမှ မခန့်ဘဲနဲ့ ကျွန်တော်တို့ကိုယ်တိုင် နိုင်ငံတော်အကျိုးဆောင်ရွက်မယ်။ ဒီနိုင်ငံအတွက် ဆောင်ရွက်လို့ မဲဆန္ဒရှင်တွေ နောင်တမရစေရဘူး။ လူနေမှုဘဝမြင့်မားတိုးတက်မယ်။ မြန်မာနိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံသားအုပ်ချုပ်တဲ့ တိုင်းပြည်ဖြစ်ဖို့လိုတယ်။ မြန်မာလူမျိုးအုပ်ချုပ်တဲ့တိုင်းပြည် ဘယ်နိုင်ငံခြားသားမှ အတိုင်ပင်ခံငှားစရာမလိုဘူး။ ၂၀၁၀ ဦးသိန်းစိန်လက်ထက် ဒီမိုကရေစီဖော်ဆောင်တဲ့ခေတ်မှာ ကိုယ့်မြန်မာလူမျိုး ဘယ်အတိုင်ပင်ခံမှ မငှားဘဲနဲ့ ဒီမိုကရေစီလမ်းကို ဖော်ဆောင်ခဲ့ပါတယ်" ဟု ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊  ဟောပြောမှုအပေါ် ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများက မြို့နယ်သို့ တင်ပြခဲ့ရာမှ စိစစ်တရားစွဲခြင်းဖြစ်ကြောင်း သိရှိရသည်။ 

လတ်တလောတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲထားသော် လည်း ဖမ်းဆီးမှု တစ်စုံတစ်ရာမရှိသေးကြောင်း သိရှိရသည်။ 

“တရားရုံးက တိုက်ရိုက်စာထွက် ဖမ်းဆီးခိုင်းတာမျိုး၊ ဖမ်းဝရမ်းထုတ်ပေးတာမျိုးလည်း မရှိသေးဘူး" ဟု ပုလဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ 

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက်သတင်းဌာနဖြစ်သည်)ပုလဲမြို့နယ် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ၂ ဦးအပါအဝင် လူ ၃ ဦးကို မြို့နယ်ထွေ/အုပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက်သတင်းဌာနဖြစ်သည်)

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု