စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
----------------------------------
COVID-19 ရောဂါ ကူးစက်မှုမြင့်မားနေတာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးထားတဲ့ ဦးဝီရသူကို ရုံးထုတ်မစစ်ဆေးနိုင်သေးဘူးလို့ အနောက်ပိုင်းခရိုင် တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
ဒီဇင်ဘာ (၁) ရက် တတိယအကြိမ်မြောက် ရုံးချိန်းမှာ ဦးဝီရသူကို တရားရုံးထုတ်လာတာမရှိဘဲ တရားရုံး နဲ့ အင်းစိန်အကျဥ်းထောင်တို့ဟာ အွန်လိုင်း Video Conferencing စနစ်နဲ့ ချုပ်ရီမန် နှစ်ပတ် ထပ် ယူခဲ့တယ်လို့ ဒုတိယခရိုင်တရားသူကြီး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
“ ယနေ့မှာတော့ အွန်လိုင်း Video Conferencing ပလက်ဖောင်းကို အသုံးပြုပြီးတော့ ဦးဝီရသူ (ခေါ်) ဝင်းခိုင်းဦးကို အခြားသော အချုပ်တရားခံများ နည်းတူ ဒီဇင်ဘာ (၁၅) ရက်ကို ချိန်းဆိုလိုက်ပါတယ်။ ဘာကြောင့် မစစ်ဆေးတာလဲ မေးခွန်းနဲ့ပတ်သက်လို့ အခုကာလက COVID-19 ရောဂါ ကူးစက်မှု မြင့်မားနေတဲ့ ကာလဖြစ်တဲ့အတွက် တရားခံတွေ နဲ့ အများပြည်သူရောဂါ မကူးစက်ခံနိုင်ရေး ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး ရည်ရွယ်ပြီးတော့ အမှုများကို ရွှေ့ဆိုင်း ချိန်းဆိုနေရခြင်း ဖြစ်ပါတယ် ” လို့ ဒုတိယခရိုင်တရားသူကြီး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
အခုအမှုမှာ တရားရုံးကို တရားလို နဲ့ စွပ်စွဲခံ နှစ်ဖက်စုံစုံလင်လင်ရောက်ရှိရင်တော့ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေး ပြုလုပ်ပြီး စစ်ဆေးမှုတွေ စတင်ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဒုတိယခရိုင်တရားသူကြီး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
အခုထိ ဦးဝီရသူဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေပါဝါ တင်ပြတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
တရားရုံးကဖမ်းဝရမ်းထုတ်ခဲ့ပြီး တစ်နှစ်ကျော်ကြာ ပုန်းရှောင်နေတဲ့ ဦးဝီရသူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၂) ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ၊ ကမ္ဘာအေးကုန်းမြေကို လာရောက်ပြီးနောက် ရဲတပ်ဖွဲ့ထံမှာ အဖမ်းခံခဲ့ပါတယ်။
ဦးဝီရသူဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်၊ မေ (၅) ရက်က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ ကျင်းပပြုလုပ်တဲ့ ဟောပြောပွဲ တစ်ခုမှာ ဟောပြောချက်တွေနဲ့ပတ်သက်ပြီး အစိုးရကို အကြည်ညိုပျက်စေတယ်ဆိုပြီး တရားစွဲဆိုဖို့ ဆောင်ရွက်ခဲ့တာပါ။
ဦးဝီရသူကို တရားစွဲဆိုထားတဲ့ ပုဒ်မဟာ ပြစ်မှု ထင်ရှားစီရင်ခြင်းခံရရင် အမြင့်ဆုံး ထောင်ဒဏ် အနှစ်(၂၀) ထိ ချမှတ်နိုင်တယ်လို့ ရာဇသတ်ကြီး ဥပဒေမှာပြဌာန်းထားပါတယ်။
သတင်း-ဝေယံထက်ဝင်း
ဓာတ်ပုံ-Min Thu(Fb)
Comments
Post a Comment