စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

စက်ရုံပိတ်သိမ်းပြီး နစ်နာကြေးမပေးတဲ့အလုပ်ရှင်ကို အရေးယူပေးဖို့ အလုပ်သမားတွေက ဆန္ဒပြ


 စက်ရုံပိတ်သိမ်းပြီး နစ်နာကြေးမပေးတဲ့အလုပ်ရှင်ကို အရေးယူပေးဖို့ အလုပ်သမားတွေက ဆန္ဒပြ


ဒီဇင်ဘာ ၁-၂၀၂၀

အေးချမ်းသူ(VOM)


ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မြန်မာနိူင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ရုံးရှေ့မှာ စက်ရုံမပိတ်သိမ်းမီ ဥပဒေနှင့်အညီ နစ်နာကြေးမပေးတဲ့ အလုပ်ရှင်ကို ဥပဒေအရအရေးယူဆောင်ရွက်ပေးဖို့အတွက် အလုပ်သမားတွေက ဒီကနေ့မနက်ပိုင်းမှာပဲ ဆန္ဒပြခဲ့ကြပါတယ်။


လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Young Clothing အထည်ချုပ်စက်ရုံက အလုပ်ရှင်ဟာ စက်ရုံပိတ်သိမ်းပြီးနောက်ပိုင်း နစ်နာကြေးမပေးတဲ့အတွက် ဆန္ဒပြရခြင်းဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကိုကျော်ကျော်က ပြောပါတယ်။


"စက်ရုံပိတ်တာက ရှစ်လပိုင်းကတည်းက အခုချိန်ထိ နစ်နာကြေးမရသေးဘူး၊ ဒါကြောင့် အလုပ်ရှင်ကိုအရေးယူပေးဖို့ ဒါမှမဟုတ် ရင်းနှီးမြှပ်နှံကော်မရှင်က ကူညီဖြေရှင်းပေးဖို့ ဆန္ဒပြတာပါ"လို့ ကိုကျော်ကျော်ကပြောပါတယ်။


Young Clothing အထည်ချုပ်စက်ရုံက အလုပ်ရှင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ရက်နေ့က စက်ရုံကို အပြီးပိတ်သိမ်းခဲ့ပေမယ့်လည်း အလုပ်သမားတွေကို အခြေခံလစာ ၁၄၄၀၀၀ ကျပ်သာပေးပြီး အခြားနစ်နာကြေးပေးတာတွေ မရှိဘူးလို့ စက်ရုံအလုပ်သမား မအေးနန္ဒာကပြောပါတယ်။


" မြန်မာရင်းနှီးမြှပ်နှံမှုကော်မရှင်ရုံးကို နိုဝင်ဘာလ ၂၇ရက်နေ့က အလုပ်သမား ၅ ဦးက ဦးဆောင်ပြီး ဒီကိစွနဲ့ပတ်သက်လို့ အလုပ်ရှင်နဲ့ အလုပ်သမားတို့ကို တွေ့ဆုံပြီး ဥပဒေအရကူညီဖြေရှင်းပေးဖို့ စာပေးပို့ခဲ့တယ်"လို့ မအေးနန္ဒာကပြောပါတယ်။


ဆန္ဒပြပွဲမှာ အလုပ်သမား ၂၇ဦးခန့်ရှိပြီး အလုပ်သမားရုံးတွေက ကူညီဖြေရှင်းပေးဖို့နဲ့ အလုပ်ရှင်ကို ဥပဒေအရအရေးယူဆောင်ရွက်ပေးဖို့ကို ကြွေးကြော်ခဲ့ကြပါတယ်။


လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Young Clothing အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ဲနှစ်တွေကလည်း အလုပ်သမား၊ အလုပ်ရှင်ပြသာနာတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး လုပ်ငန်းရပ်ဆိုင်းခံခဲ့ရတဲ့ စက်ရုံဖြစ်ပါတယ်။


Youn Clothing အထည်ချုပ်ဟာ လှိုင်သာယာမှာပဲ ပိတ်ထားပေမယ့် Young Clothing(2) ရွှေပြည်သာနဲ့  Young Clothing(3) နေပြည်တော်တို့မှာ လုပ်ငန်းလည်ပတ်နေသေးတယ်လို့ အလုပ်သမားတွေရဲ့ပြောပြချက်အရ သိရပါတယ်။


#voiceofmyanmar #VOM #ရန်ကုန် #အလုပ်သမား #ဆန္ဒပြ

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု