စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

၂၀၂၀ ရွေးကောက်ပွဲသည် မျိုးဆက်သစ်များအတွက် အကျည်းတန်သော အမွေဆိုးများကို လွှဲပြောင်းပေးခဲ့သည့် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသော ရွေးကောက်ပွဲဟု USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ပြောကြား


 ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် မျိုးဆက်သစ်များအတွက် အကျည်းတန်သော အမွေဆိုးများကို လွှဲပြောင်းပေးခဲ့သည့် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသောရွေးကောက်ပွဲဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဗဟိုအလုပ် အမှုဆောင် ဦးဝေလွင်က ပြောကြားသည်။


USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်က နိုဝင်ဘာ ၁၆ ရက်တွင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အိတ် ဖွင့် ကန့်ကွက်လွှာဟူသော အမည်ဖြင့် ဟော ပြောမှုတစ်ခုကို USDP ပါတီ၏ Facebook Page မှတစ်ဆင့်ထုတ်လွှင့်ခဲ့ပြီး အဆိုပါ ဟောပြောမှုတွင် ၎င်းက ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲဟာ လာမယ့် မျိုးဆက်သစ်များအတွက် အကျည်းတန်တဲ့ အမွေဆိုးများကို လွှဲပြောင်းပေးခဲ့တဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ရွေးကောက်ပွဲတစ်ရပ်သာဖြစ် ကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်” ဟု ဦးဝေလွင်က ပြောကြားသည်။


၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက် ပွဲစောင့်ကြည့်လေ့လာသူများအတွက်အချက် ပေါင်း ၁၄ ချက်ကို စောင့်ကြည့်လေ့လာခွင့်ပြု ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် အချက်ပေါင်း ၁၀ ချက်သာ စောင့်ကြည့်လေ့လာခွင့် ပြုခဲ့ရာ စောင့်ကြည့်ရေးလုပ်ငန်းစဉ် လေး ချက်ကို ပယ်ဖျက်ခဲ့သည့်အတွက် ယခုရွေး ကောက်ပွဲ၏ ရလဒ်သည် တရားမျှတမှုမရှိ သောရလဒ်များ ထွက်ပေါ်လာရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကျွန်တော့်ရဲ့တင်ပြချက်တွေဟာ ရွေး ကောက်ပွဲရဲ့ရလဒ် အရှုံးကို ရင်မဆိုင်ရဲလို့ မဟုတ်ပါဘူး။ ရွေးကောက်ပွဲရဲ့အရှုံးကို အေး အေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရင်ဆိုင် နိုင်ပေမဲ့ ရွေးကောက်ပွဲရဲ့ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ရွေးကောက်ပွဲရဲ့ တရားမဲ့ပြုကျင့် ခြင်းများကို လက်ခံနိုင်မှုမရှိတဲ့အတွက် ဖော် ထုတ်တင်ပြခြင်းသာ ဖြစ်ပါတယ်” ဟု ဦးဝေလွင်က ပြောသည်။


နိုင်ငံရေးဆိုသည်မှာ မူလသဘောအရ ပြည်သူများကို အလုပ်အကျွေးပြုသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း တစ်ရပ်သာဖြစ်ပြီး ရိုးသားဖြူစင်ကြောင်း၊ သို့သော်လည်း နိုင်ငံ ရေးတွင် သြဇာအာဏာရှိရေးအတွက် နည်း မျိုးစုံဖြင့် ကြိုးစားလာသည့်အခါတွင် ညစ် ပတ်မှုများ၊ ကောက်ကျစ်မှုများ၊ တရားမဲ့ပြု ကျင့်မှုများနှင့် ဘက်လိုက်မှုများ ပါဝင်လာသည်ဟု ဦးဝေလွင်က ဆိုသည်။


ရွေးကောက်ပွဲတွင် ဥပဒေနှင့်မညီ သော အခြေအနေများနှင့်ပတ်သက်၍ အထောက်အထားများ ခိုင်မာစွာရှိသဖြင့် ကော်မရှင်သို့ ကန့်ကွက်ခြင်း၊ ရဲစခန်းများ တွင် အမှုဖွင့်တိုင်ကြားခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း ဦးဝေလွင်က ပြောကြား သည်။


“ဒါတွေအပေါ်မှာရော ဘယ်လိုတာ ဝန်ယူ ဖြေရှင်းပေးမှာလဲ။ မှန်ကန်မျှတစွာ ဖြေရှင်းပေးနိုင်မှာလား။ ဘက်လိုက်ခြင်း ကင်းစွာ ဖြေရှင်းပေးနိုင်မှာလား။ ဒါမှမဟုတ် တာဝန်မဲ့စွာနဲ့ပဲ လျစ်လျူရှုနေမှာလား။ ဒါ့ အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စောင့်ကြည့်လေ့လာခွင့်မပြုခဲ့တဲ့ ရွေး ကောက်ပွဲလုပ်ငန်းစဉ်မှာပါတဲ့ အချက်ကြီး လေးချက်ပယ်ဖျက်မှုကြောင့် ဒီနေ့နိုင်ငံ တော်မှာ ဖြစ်ပေါ်နေတဲ့ မှန်ကန်မျှတမှုမရှိတဲ့ ရွေးကောက်ပွဲနဲ့ သူ့ရဲ့ရလဒ် နောက်ဆက်တွဲ ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ဒီနေ့ လူတိုင်းလူ တိုင်း ပြောနေကြတဲ့ ဒီမိုကရေစီစကားလုံး အတိုင်း မေးရရင်တော့ ဘယ်လိုတာဝန်ယူ မှာလဲ။ ဘယ်လိုတာဝန်ခံမှာလဲ။ ဘယ်သူက တာဝန်ယူမှာလဲ။ ဘယ်သူက တာဝန်ခံမှာလဲ လို့ အလေးအနက်ထားပြီး တောင်းဆိုမေး မြန်းချင်ပါတယ်” ဟု ဦးဝေလွင်က ပြော ကြားသည်။


ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီတစ်ရပ် နိုင်ခြင်း၊ ရှုံးခြင်းသည် တစ်ခဏတာ ဖြစ်ကြောင်း၊ သို့သော်လည်း ထာဝရတည်ရှိ နေရမည့် အဓိကအချက်မှာ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းတွင် သန့်ရှင်းပြီး မျှတသော ရွေးကောက်ပွဲအဖြစ်၊ ဂုဏ်သိက္ခာရှိ သော နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးသည် အဓိကလိုအပ်ကြောင်း ၎င်းက ဆိုသည်။

Source- https://news-eleven.com/article/197985

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု