စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

၂၀၂၁ မှာ ဆင်းရဲတဲ့နိုင်ငံတွေဆီ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဘီလီယံကိုတင်ပို့ဖို့ ပြင်စဉ်ထားကြောင်း UNICEF ပြော

{Unicode}

--------------------------
November 23, Monday
(Hot News)

လန်ဒန် - နောက်နှစ်ထဲမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဘီလီယံနီးပါးကို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တင်ပို့ဖို့နဲ့ဆေးဝါးတွေကို အညီအမျှရရှိစေဖို့အတွက် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေက ကတိပြုထားခဲ့ကြပါတယ်လို့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ UNICEF ကပြောကြားခဲ့ပါတယ်။
"ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို WHO နဲ့ အတူ ကမ္ဘာအဝှမ်းကို ဖြန့်ဖြူးတဲ့စီမံကိန်းကို COVAX လို့အမည်ပေးထားပြီးတော့၊ Burundi, Afghanistan နဲ့ Yemen စတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို COVAX စီမံကိန်းနဲ့အညီ ဆေးထိုးပြွန် ၁ ဘီလီယံနဲ့ ကာကွယ်ဆေးတွေကို တင်ပို့ရန် လေယာဉ်ပျံ ၃၅၀ ကျော် ပြင်ဆင်ထားတယ်"လို့ UNICEF က ပြောကြားထားပါတယ်။

"သမိုင်းတွင်စေမယ့် လုပ်ငန်းလည်ပတ်မှုကြီးအတွက် နေရာအနှံ့ပြားကို ရောက်အောင် တင်ပို့နိုင်စွမ်းရှိအောင် လုပ်ဆောင်ဖို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ရေရှည် ပူးပေါင်းဆောင်ရွက်မှုမျိုးရှိဖို့" လိုကြောင်း UNICEF ရဲ့ ထောက်ပံ့ရေးညွန်ကြားရေးမှူးက ဆိုပါတယ်။

ကပ်ရောဂါပြင်ဆင်မှုအတွက်တီထွင်ဖန်တီးမှုလုပ်ဆောင်တဲ့ယာယီအဖွဲ့၊ WHO နဲ့ GAVI ကာကွယ်ဆေးအဖွဲ့ တွဲဖက်ဦးဆောင်တဲ့ COVAX စီမံကိန်းက အစိုးရတွေလုပ်နေတဲ့ ယာယီကာကွယ်ဆေးကို စိတ်ပျက်ကြပြီး နိုင်ငံတိုင်းမှာ စွန့်စားမှုအများဆုံးဖြစ်နေတဲ့ ပထမဆုံးအထိရောက်ဆုံးဖြေဆေးကို ဖန်တီးဖို့အတွက်အာရုံစိုက်နေကြတာပါ။
ဒီတစ်ပါတ်မှာကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးမှာ စီးပွားရေးတောင့်တင်းတဲ့နိုင်ငံရဲ့ ခေါင်းဆောင်တွေက ဆင်းရဲ့တဲ့နိုင်ငံတွေကို ဆေးဝါးတွေကာကွယ်ဆေးတွေနဲ့ စစ်ဆေးမှုတွေကို မျှမျှတတဖြန့်ဖြူးဖို့အတွက် ကတိပြုထားခဲ့ကြပါတယ်။

ကပ်ရောဂါမဖြစ်ခင်တုန်းကတောင် ကလေးငယ်သန်းပေါင်း ၂၀ ကျော်ကို ရောဂါဆိုးတွေ၊ သေဆုံးမှုတွေ၊ မသန်စွမ်းမှုတွေ ဖျားနာမှုတွေကနေ ကယ်တင်ပေးနိုင်တဲ့ ဆေးဝါးတွေကို အညီအမျှရရှိအောင် ခွဲဝေပေးနိုင်စွမ်းမရှိခဲ့ဘူးလို့ WHO ရဲ့ပြောကြားချက်တွေအရသိရပါတယ်။ "ကာကွယ်ဆေးတွေ၊ ဆေးထိုးအပ်တွေနဲ့ ရှေ့တန်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အကာကွယ်ပေးဖို့ လိုအပ်တဲ့ပစ္စည်းကိရိယာတွေကို တင်ပို့ဖို့အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ တိတ်တဆိတ်ပိုဝယ်တာမျိုးမလုပ်ပဲနဲ့ အညီအမျှဝယ်ယူကြဖို့လိုပါတယ်" လို့ UNICE Fရဲ့အရာရှိတစ်ဦးကဆိုပါတယ်။

COVAX မှာ UNICEF ပါဝင်တဲ့အပိုင်းကဏ္ဍကတော့ ကမ္ဘာ့ပမာဏအများဆုံး တစ်ဦးတည်းသော ဆေးဝါးဝယ်ယူသူအနေနဲ့ ပါဝင်တာပဲ ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၀၀ နီးပါးကိုယ်စားကူးစက်မှုတွေကို တုံ့ပြန်ဖို့နဲ့ ထိန်းချုပ်ဖို့အတွက် နှစ်စဉ်ကာကွယ်ဆေးအလုံးပေါင်း ၂ ဘီလီယံကျော်ကို ဖြန်ဖြူးပေးဖို့လိုအပ်တယ် လို့ဆိုခဲ့ပါတယ်။
ဆေးဝါးထုတ်လုပ်သူတွေနဲ့ နိုင်ငံတစ်ဝှမ်းသုတေသနပြုလုပ်သူတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို အပြိုင်ဆိုင် အဆင့်မြှင့်တင်နေကြပါတယ်။ အစမ်းသပ်ခံ လူဦးရေသောင်နဲ့ချီပြီးတော့ ကာကွယ်ဆေးစမ်းသပ်မှုတွေမှာ ပါဝင်ခဲ့ကြပါတယ်။
နောက်ဆုံးစမ်းသပ်မှုအပြီး ၉၅ ရာခိုင်နှုန်း အောင်မြင်မှုနှုန်းနဲ့ ဘေးထွက်ဆိုးကျိုးမရှိတာကြောင့် အမေရိကန်နဲ့ဥရောပရဲ့ အရေးပေါ်အခြေအနေတွေကို နောက်လမှာ Pfizer နဲ့ BioNTech တို့က ဘေးကင်းအောင်ဆောင်ရွက်ပေးနိုင်တော့မှာပါ။ Moderna ကလည်း ပြီးခဲ့တဲ့အပတ်က ၉၄.၅ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်ဆိုတဲ့ အချက်အလက်တွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ရလဒ်ကို ပေးခဲ့တဲ့ကာကွယ်ဆေးနှစ်ခုလုံးက လူပေါင်း ၁.၃ သန်းကျော်သေဆုံးခဲ့ရပြီး စီးပွားရေးနဲ့နေ့စဉ်ဘဝတွေကို ဖျက်ဆီးခဲ့တဲ့ ကပ်ရောဂါကြီးကို အမြစ်ဖြုတ်ဖို့အတွက် မျှော်လင့်ချက်တွေ အရှိန်မြင့်တက်လာစေပါတယ်။
Source - CNA
ဘာသာပြန် - Hein Zarni Oo
#NewsWaves

{Zawgyi}

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု