စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ UECကိုပြောဆိုတိုင်ကြားနေတာဟာ မဲရလဒ်ကြောင့်ပြောနေတာမဟုတ်


 ပြည်ခိုင်ဖြိုးပါတီအနေနဲ့ UECကိုပြောဆိုတိုင်ကြားနေတာဟာ မဲရလဒ်ကြောင့်ပြောနေတာမဟုတ်


နိုဝင်ဘာ ၂၆-၂၀၂၀

အေးချမ်းသူ(VOM)


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြောဆိုတိုင်ကြားနေခြင်းဟာ မဲရလဒ်ကြောင့်မဟုတ်ဘဲ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပဲဖြစ်နေတဲ့အတွက် လုပ်ဆောင်နေရခြင်းဖြစ်တဲ့အပြင် တိုင်ကြားစာပေးပို့ထားရှိမှုမှာလည်း ၉၀၀ နီးပါးရှိပြီဖြစ်တယ်လို့ ဒီကနေ့မနက်ပိုင်း ရန်ကုန်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဒု-ဥက္ကဌဦးခင်ရီက ပြောခဲ့တာဖြစ်ပါတယ်။


" ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး UECကိုတိုင်စာ ၉၀၀ နီးပါးနဲ့ ရဲစခန်းကိုတိုင်ထားတာ တစ်ရာနီးပါးရှိတယ်၊ မဲရလဒ်ကြောင့် ပြောနေလုပ်နေတာမဟုတ်ဘူး၊ လွတ်လပ်ပြီး တရားမျှတမှုမရှိလို့ ပြောနေရတာ၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမျှတမှုမရှိ ဘက်လိုက်တဲ့ကိစ္စတွေကို ရေဆုံးမြေဆုံး အမှန်တရားပေါ်ပေါက်ရေးအတွက် ဆောင်ရွက်သွားမယ်"လို့ ပြည်ခိုင်ဖြိုးပါတီ ဒု-ဥက္ကဌ ဦးခင်ရီကပြောပါတယ်။


ဒီကနေ့မနက် ပြည်ခိုင်ဖြိုးပါတီကပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာသတင်းစာရှင်းလင်းပွဲ

ကို ရန်ကုန်မြို့၊ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်၊ ရန်ကုန်ရုံးခွဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မိတ်ဖက်ပါတီတွေလည်းတက်ရောက်ခဲ့ပါတယ်။


သတင်းစာရှင်းလင်းပွဲကို တက်ရောက်တဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ဥက္ကဌဦးသိန်းကြည်ကလည်း "ရလဒ်ကိုပြောနေတာမဟုတ်ဘူး၊ ပွင့်လင်းမြင်သာမှုမရှိဘူး၊ တရားမျှတမှုမရှိဘူးဆိုတာကိုပြောနေတာ၊ ဒါကို ဥပဒေအတိုင်းသွားနေတာ ၊သွားနေတဲ့ ကိစွကို တုံ့ပြန်မှု၊ဆုံးဖြတ်မှု အသိအမှတ်ပြုမှုမလုပ်ဘူးဆိုရင် ဒါသမိုင်းပဲ၊ ဘာဖြစ်မလဲ ဘယ်သူပြောနိူင်မလဲ"လို့ ပြောပါတယ်။


သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အားနည်းချက်တွေနဲ့ ပြိုင်ဘက် NLDပါတီကိုယ်စားလှယ်လောင်းတွေ ဥပဒေချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဓာတ်ပုံ၊ဗီဒီယိုအထောက်အထားတွေနဲ့ပြသခဲ့ပါတယ်။


ပြီးခဲ့တဲ့ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုးမောင်ကလည်း "ဒီရလဒ်တွေကို လုံးဝလက်မခံပါဘူး။ ဆက်လုပ်နေတဲ့ကိစ္စရပ်တွေအပေါ်မူတည်ပြီး အသိပေးလား မပေးဘူးလားဆိုတာ အချိန်စောင့်ကြည့်ရမှာပေါ့"လို့ သတင်းစာရှင်းလင်းပွဲတက်ရောက်ချိန်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အရေးယူပေးဖို့ နိုဝင်ဘာ ၂၄ရက်နေ့က USDPပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၉ ပါတီက နိုင်ငံတော်သမ္မတကို ၂၀၂၀ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လက်မှတ်ရေးထိုးအိတ်ဖွင့်စာပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။


#voiceofmyanmar #VOM #ရန်ကုန် #ပြည်ခိုင်ဖြိုး #ရွေးကောက်ပွဲ


https://bit.ly/368yqKh

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု