စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
နိုဝင်ဘာ ၂ဝ ရက်က ဦးသန်းဌေး၏ပြည်သူများသို့ ပန်ကြားချက်ဟူသည့်ပါတီတရားဝင်လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသော ထုတ်ပြန်ချက်အတွင်း အထက်ပါအတိုင်း ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။ပြည်ခိုင်ဖြိုးပါတီအနေဖြင့် နိုဝင်ဘာ ၂ဝ ရက်အထိ ရဲအရေးပိုင်သည့်အမှုပေါင်း ၁၁ဝ ကျော်နှင့် UEC နှင့် ပတ်သက်သည့်ကန့်ကွက်လွှာ ၇၅ဝ ကျော် တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ သတ်မှတ်ကာလအတောအတွင်းမှာ နောက်ထပ်နောက်ထပ် ထပ်ပြီးတော့ ရှိလာပါလိမ့်ဦးမယ်''ဟု ၎င်းက ပြောသည်။ရွေးကောက်ပွဲကန့်ကွက်လွှာများတင်သွင်းမည်ဆိုပါက ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ ရဲအရေးပိုင်အမှုဆိုပါက ရွေးကောက်ပွဲအပြီး ၁၅ ရက်အတွင်းတင်ပြရ မည်ဖြစ်သည့်အတွက် နိုဝင်ဘာ၂၃ ရက်နောက်ဆုံးတင်ရမည်ဖြစ်သကဲ့သို့ ယူအီးစီသို့တင်ပြမည်ပါက ရွေးကောက်ပွဲအပြီး ၄၅ ရက်အတွင်း တင်ပြရမည်ဖြစ်သည့်အတွက် ဒီဇင်ဘာ၂၄ ရက်နောက်ဆုံးထားတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့တွေသည် ဥပဒေကို လေးစား လိုက်နာကြသူများပီပီ၊ ဒီမိုကရေစီဟာ စည်းကမ်းဥပဒေနဲ့တွဲရတယ်လို့ နားလည်ထားကြသူများပီပီ၊ ကျွန်တော်တို့ ဒီနေ့ချမှတ်ထားတဲ့ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုဖြေရှင်းခြင်းလုပ်ငန်းစဉ်အတိုင်းပဲ ကျွန်တော်တို့ဆက်ပြီးတော့ သွားနေပါတယ်''ဟုဦးသန်းဌေးက ဆက်လက်ပြောဆိုခဲ့သည်။
ယင်းကန့်ကွက်လွှာများမှာ သက်ဆိုင်ရာဌာနအသီးသီးသို့ အချိန်မီရောက်ရှိသွားမည်ဖြစ်ပြီး ယင်းမှာ ၎င်းတို့ပါတီတစ်ခုတည်း၏ ကန့်ကွက်လွှာများဖြစ်ကာကျန်ပြိုင်ပွဲဝင် ပါတီများကလည်း လုပ်စရာရှိသည်များကို ဆက်လက်ဆောင်ရွက်နေသည်ဟုနားလည်ထားကြောင်း၎င်းက ပြောသည်။
''အဲဒီတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ခုနကချို့ယွင်းချက်၊ အားနည်းချက်တွေ အများအပြားရှိတဲ့ ကြားထဲကနေပြီးတော့ အခုလိုကျင်းပသွားတဲ့ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ မှတ်တမ်းမှတ်ရာတွေ မကြာမီမှာထွက်ပေါ်လာပါလိမ့်မယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းအစိတ်ကျော်၊ သုံးဆယ်လောက်ကဖြစ်ခဲ့တဲ့ သမိုင်းရေစီး လှိုင်းကြီးလေထန်ဖြစ်ရပ်မှန်များကဲ့သို့ပဲ ယခုရွေးကောက်ပွဲကိုလည်း မည်ကဲ့သို့ ဆောင်ရွက်သွားသည်ဆိုတဲ့ ဖြစ်ရပ်မှန်တွေ ဆက်လက်ပြီးတော့ ထွက်ပေါ်လာဖို့ရှိပါတယ်လို့ ဒီလိုတင်ပြလိုပါတယ်''ဟု ၎င်းကပြောသည်။
၎င်းက ''နှစ်ပေါင်းအစိတ်ကျော်၊သုံးဆယ်ကသမိုင်းရေစီး လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်များကဲ့သို့''ဟု ရည်ညွှန်းပြောဆိုခဲ့သော်လည်း မည်သို့သောအကြောင်းအရာကို ပြောကြောင်းတိတိကျကျထည့် သွင်းပြောခြင်း မရှိပေ။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လက်ရှိရွေးကောက်ပွဲရလဒ်ကိုလက်မခံဘဲ ဆန့်ကျင်သည့်အနေဖြင့်ယင်းပါတီကိုယ်စားလှယ်လောင်းများကမဲရလဒ်အတည်ပြုစာရင်း(ပုံစံ၁၉)ကိုလက်မှတ်မထိုးဘဲ ကန့်ကွက်ခဲ့သကဲ့သို့ရွေးကောက်ပွဲအသစ်ပြန်လုပ်ပေးရန်နှင့် ပြည်ခိုင်ဖြိုးပါတီအပါအဝင် ၁၆ ပါတီက ရွေးကောက်ပွဲရလဒ်ကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ပြန်လည်စိစစ်ပေးရန့် UEC သို့တင်ပြ တောင်းဆိုထားသည်။
Comments
Post a Comment