စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

အဖျားရောဂါဖြင့် မုံရွာဆေးရုံတက်နေသူ (ပိုးတွေ့)၊ ဆေးရုံမှဆရာဝန် ၆ဦး Q ဝင် နေရ


 အဖျားရောဂါဖြင့် မုံရွာဆေးရုံတက်နေသူ (ပိုးတွေ့)၊ ဆေးရုံမှဆရာဝန် ၆ဦး Q ဝင် နေရ

============================================================

အိဖြိုး

မုံရွာ၊ နိုဝင်ဘာ-၂၄


မုံရွာဆေးရုံကြီးတွင် ယင်းမာပင်မြို့နယ်မှ လာရောက်ဆေးကုသမှုခံယူနေသူတစ်ဦး ကိုဗစ်ပိုးတွေ့ကြောင်း မုံရွာမြို့နယ်ကာကွယ်ထိန်းချူပ်ရေးကော်မတီက အတည်ပြုသည်။

 

ပိုးတွေ့လူနာသည် ယခုလ၂၀ရက်က မုံရွာမြို့၊ ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် ဝင်ရောက်ပြသခဲ့ပြီး ယင်းနောက် မုံရွာဆေးရုံကြီးသို့ လွှဲပြောင်းဆေးကုသမှုခံယူစေခဲ့သည်။


မုံရွာဆေးရုံကြီးဖျားနာကုသဆောင်တွင် အတွင်းလူနာအဖြစ် ကုသခံနေရာ အဆိုပါလူနာနှင့် ထိတွေ့မိသူ ဆရာဝန် ၆ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ Quarantine ထားပြီး Swabယူသွားမည်ဖြစ်သည်။


အဆိုပါလူနာသည် ပြည်တွင်း၊ ပြည်ပ ခရီးသွားရာဇဝင်မရှိဘဲ ဆေးရုံမှ သံသယရှိသဖြင့် စစ်ဆေးရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 


" သူက အသက်လည်းကြီး၊ ဒေသတွင်းခရီးသွားလာမှုလည်းမရှိ ၊ ပိုးတွေ့လူနာနဲ့ ထိတွေ့မှုလည်းမရှိတော့ ရိုးရိုးဖျားတာပဲဆိုပြီး ဖျားနာဆောင်မှာကုတော့ သူ့ကိုကုသပေးတဲ့ ဆရာဝန်၆ဦးQuarntineဝင်ရတယ်။သူနာပြုတွေတော့ အခုမှစီစစ်နေတုန်းပါ"ဟု မုံရွာမြို့နယ်အုပ်ချုပ်ရေးမှုးဦးခင်မောင်စိုးက ပြောသည်။


မုံရွာတွင် လက်ရှိထိ ကိုဗစ် အတည်ပြုလူနာ ၄၃ဦး ရှိနေပြီး ၃၆ဦး ဆေးရုံမှဆင်းပြီးဖြစ်သည်။


ယနေ့ တရက်တည်းပင် မုံရွာတွင် ကိုဗစ်လူနာ ၄ ဦး တွေ့ရှိခဲ့သည်။


#MonywaGazette #COVID19 #မုံရွာ

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု