စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ရွေးကောက်ပွဲ၌ NLD ပါတီ၏ အနိုင်ရလဒ်အပေါ် တိုင်းရင်းသားလက်နက်ကိုင်များ အသိအမှတ်ပြု


 နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အနေဖြင့် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့မှုအပေါ် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးက အသိအမှတ်ပြုကြောင်း မြန်မာတိုင်းမ်ကအတည်ပြုနိုင်ခဲ့သည်။


ကယားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး NCA ကိုလက်မှတ်ရေးထိုးခြင်းမရှိသေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က အထွေထွေရွေးကောက်ပွဲရလဒ်သည် လူထုဆန္ဒအမှန်ဖြစ်ကြောင်း မြန်မာတိုင်းမ်သို့ နိုဝင်ဘာ ၂၆ ရက်တွင် ပြောဆိုခဲ့သည်။


''ဒါကလူထုရဲ့ရွေးချယ်မှုပဲလို့ ကျွန်တော်တို့ ဒီလိုပဲသဘောထားပါတယ်'' ဟု KNPP အတွင်းရေးမှူး စောဒန်နီရယ်က ပြောသည်။လက်တလောတွင် မြန်မာနိုင်ငံ၌အစိုးရနှင့် တပ်မတော်တို့ကငြိမ်းချမ်းရေးဆွေးနွေးဘက်အဖြစ် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၈ ဖွဲ့အထိရှိသည်။ ၎င်းတို့အနက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁ဝ ဖွဲ့ ရှိသည်။


NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် ၁ဝ ဖွဲ့ဖြင့် စုဖွဲ့ထားသောငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အစည်းအဝေးကိုထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီးနောက် အထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု ဂုဏ်ပြုကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။


နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းကထုတ်ပြန်ခဲ့သော PPST ကြေညာချက်တွင် NLD ပါတီ၏ သောင်ပြိုကမ်းပြိုအနိုင်ရရှိမှုအပေါ် ဂုဏ်ပြုကြောင်း၊လက်ရှိတိုင်းပြည်အတွင်းရင်ဆိုင်နေရသော နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးပြဿနာအရပ်ရပ်ကို အမျိုးသားညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးစိတ်ဓာတ်ကိုအခြေခံကာ ဖြေရှင်းရန် မျှော်လင့်ကြောင်း၊ PPST အနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်အစိုးရသစ်နှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဖော်ပြခဲ့သည်။


''တိုင်းရင်းသားပါတီများအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲ အောင်မြင်မှုအပေါ်ဂုဏ်ပြုကြောင်းအသိအမှတ်ပြုပြောကြားလိုပါတယ်'' ဟု PPST ခေါင်းဆောင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။


ထို့ပြင် NCA ကိုလက်မှတ်ရေးထိုးခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခုနစ်ဖွဲ့ဖြင့် စုဖွဲ့ထားသည့် 'ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဦးဆောင်သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ(FPNCC)ကလည်း ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုကာ NLD ၏အောင်နိုင်မှုကို ဂုဏ်ပြုကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု