စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ရွေးကောက်ပွဲကာလအတွင်းအကြမ်းဖက်ခံရမှုပေါင်းခြောက်ခုနှင့်အထက်ကို NLD ကြုံတွေ့ခဲ့ရ

 (Unicode)

ရွေးကောက်ပွဲကာလအတွင်းအကြမ်းဖက်ခံရမှုပေါင်းခြောက်ခုနှင့်အထက်ကို NLD ကြုံတွေ့ခဲ့ရ

ရန်ကုန် - နိုဝင်ဘာ - ၂၄၊ ၂၀၂၀

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကာလမတိုင်မီနဲ့ ရွေးကောက်ပွဲလွန်ကာလအတွင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အနေနဲ့အကြမ်းဖက်ခံရမှုပေါင်းခြောက်ခုနဲ့အထက်ကိုတွေ့ကြုံခဲ့ ရတယ်လို့ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ အကြမ်းဖက်ခံရမှုပေါင်းများစွာရှိခဲ့ပြီးအများစုမှာမှတ်တမ်းမှတ်ရာမရှိပေမယ့်ခြောက်ခုနဲ့အထက်မှာမှတ်တမ်းအတိအကျတွေရှိကြောင်းလည်းသူကပြောပါတယ်။ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွေမှာပါတီကိုယ်စားလှယ်တွေသာမကဘဲပါတီဝန်းရံသူတွေလည်းအကြမ်းဖက်ခံခဲ့ကြရကြောင်းသိရပါတယ်။ ပါတီဝင်ပါတီကိုယ်စားလှယ်တွေအနေနဲ့ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ အခုနှစ် မှာဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုအေအေအဖွဲ့ကဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးအခုချိန်ထိပြန်လည်လွှတ်ပေးခြင်းမရှိတဲ့ဖြစ် စဉ်၊ ရွေးကောက်ပွဲပြီးကာလဖြစ်တဲ့နိုဝင်ဘာလ (၂၁) ရက်မှာရှမ်းပြည်မြောက်ပိုင်းကျောက်မဲမှ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထိုက်အားနေအိမ်ရှေ့မှာအမည်မသိသူတစ်ဦးကသေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တို့ အပါအဝင်ဖြစ်ပါတယ်။

သတင်း - မင်းဝဿန်

YouTube Link; https://youtu.be/I57Nsbp8dF4

(Zawgyi)

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု