စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
၅ နှစ်တာအတွင်း လွှတ်တော်အစည်းအဝေး ၂၄ ကြိမ်ကျင်းပခဲ့ပြီး ပြန်လည်အရွေးချယ်ခံရသော လွှတ်တော်အမတ်များအနေဖြင့် မေးခွန်းများ မေးမြန်းခဲ့သော်လည်း အဆိုမတင်ခဲ့သည်ကို တွေ့ရခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းလွှတ်တော်တွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးတို့အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၇၆ ဦး ရှိသည်။
ယင်းတို့အထဲမှ အဆိုတင်သွင်းသူ ၁၈ ဦးသည် အဆိုပေါင်း ၂၅ခု တင်သွင်းခဲ့ပြီး အတည်ပြုရရှိခဲ့သည့် အဆို ၁၆ခု ရှိသည်။
ထို့အပြင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း အဆိုတစ်ခုတင်သွင်းခဲ့သည်ကို လွှတ်တော်မေးခွန်း အချက်အလက်များတွင် တွေ့ရသည်။
အဆိုမတင်ခဲ့သော်လည်း နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရရှိသည့် လွှတ်တော်အမတ် ၃၀ ဦးအနက် ၂၈ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ကျန်နှစ်ဦးမှာ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရထားသည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ် ၅နှစ်တာအတွင်း အဆိုတင်သွင်းမှုနှင့် ဥပဒေပြုမှု အများဆုံးလွှတ်တော်အမတ်ဖြစ်သည့် ကန့်ဘလူမြို့နယ်အမတ် ဒေါက်တာကျော်သူဟန်ထွန်းကို ၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မရွေးချယ်ခဲ့ပေ။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြ မေးခွန်းပေါင်း ၂၇၆၇ ခု၊ အဆိုတင်သွင်းမှုတွင် အရအသုံးကော်မတီ၊ စီးပွား/ကူးသန်းကော်မတီနှင့် တပ်မတော်သားကိုယ်စာလှယ်တို့အပါဝင် အဆိုပေါင်း ၂၈ ခုရှိပြီး အတည်ပြုပြီးအဆို ၂၃ ခုရှိကြောင်း လွှတ်တော်မေးခွန်း အချက်အလက်များတွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် ချင်းတိုင်းရေးသားရေးရာဝန်ကြီးနေရာနှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအပါအဝင် ၇၄ နေရာကို NLD က အနိုင်ရှိခဲ့ပြီး လဟယ်မြို့နယ် တိုင်းဒေသကြီး (၁)နှင့် ကလေး၀မြို့နယ် တိုင်းဒေသကြီး (၂) တို့တွင် (USDP) က အနိုင်ရရှိထားသည်။
Comments
Post a Comment