စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
~~~~~~~~~~
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် သုံးဦးကို နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာထိန်းသိမ်းထားပြီး အပြန်အလှန်နားလည်မှုရှိတဲ့အခြေအနေမှာ အမြန်ဆုံးပြန်လွှတ်ပေးသွားမယ်လို့ AA အဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
NLD ပါတီဝင် သုံးဦး လွတ်မြောက်ရေးအတွက် အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို ထောက်ရှု့ပြီး မေတ္တာတရားကို မေတ္တာတရားနဲ့တုံ့ပြန်ဖို့ အဆင်သင့်ရှိတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပါတီဝင် သုံးဦး လွှတ်ပေးရန် NLD ပါတီတာဝန်ရှိသူတွေက တောင်းဆိုနေတဲ့ နည်းတူ NLD ပါတီကို AA က အချက် ၄ ချက် တောင်းဆိုထားပါတယ်။
NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကတော့ ပါတီဝင် သုံးဦး ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး အသေးစိတ်ကို လောလောဆယ်ပြောလို့ မရသေးကြောင်းနဲ့ ဒါက ဆွေးနွေးရဦးမှာဖြစ်ကြောင်း RFA ကို ပြောပါတယ်။
AA အဖွဲ့က NLD ပါတီ တောင်ကုတ် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ကို တောင်ကုတ်မြို့နယ်တွင် အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
- Unicode
~~~~~~~~~~~~~
ဖမ်းဆီးထားတဲ့ NLD ပါတီဝင် သုံးဦး ကောင်းမွန်စွာထိန်းသိမ်းထားဆဲလို့ AA ထုတ်ပြန်

- Zawgyi
~~~~~~~~~~~~~
Photo: Screenshot from press release by AA
(ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ NLD လွှတ်တော် ကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည့်ဓာတ်ပုံ။)
Comments
Post a Comment