စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

Modernaရဲ့ ကိုဗစ် ကာကွယ်ဆေးက ၂၅ ဒေါ်လာနဲ့ ၃၇ ဒေါ်လာကြား ဈေးနှုန်း သတ်မှတ်ဖွယ်ရှိနေ


 Modernaရဲ့ ကာကွယ်ဆေးက ၂၅ ဒေါ်လာနဲ့ ၃၇ ဒေါ်လာကြား ဈေးနှုန်း သတ်မှတ်ဖွယ်ရှိနေ


Moderna ကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ တစ်လုံးကို ၂၅ ဒေါ်လာနဲ့ ၃၇ ဒေါ်လာကြားလောက် ကျသင့်မယ်လို့ သိရပါတယ်။


Modernaရဲ့ ကာကွယ်ဆေး စမ်းသပ်မှု အစောပိုင်း ရလဒ်တွေကို ထုတ်ပြန်ထားရာမှာ ထိရောက်မှု အာနိသင် ၉၅ ရာခိုင်နှုန်းနီးပါး ရှိနေကြောင်း ကြေညာထားပါတယ်။ ဒီဆေးရဲ့ အားသာချက်က သာမန် အိမ်သုံး ရေခဲသေတ္တာတွေထဲမှာ တစ်လလောက်ကြာအောင် သိုလှောင်ထားနိုင်တယ် ဆိုတာပါ။ ဒါကြောင့် ကမ္ဘာအနှံ့ကို ဖြန့်ဖြူး တင်ပို့ဖို့ လွယ်ကူစေမယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။


ကာကွယ်ဆေးရဲ့ ဈေးနှုန်းနဲ့ ပတ်သက်လို့ ဂျာမန် မဂ္ဂဇင်း တစ်စောင်က မေးမြန်းရာမှာ Modernaရဲ့ အမှုဆောင်ချုပ် စတီဖိန် ဘန်ဆဲလ်က သူတို့ရဲ့ ဆေးဟာ ပုံမှန် တုပ်ကွေး ကာကွယ်ဆေးတွေလိုပဲ ၁၀ ဒေါ်လာနဲ့ ဒေါ်လာ ၅၀ ကြားလောက် ဈေးနှုန်း ကျသင့်လိမ့်မယ်လို့ ယေဘုယျဆန်ဆန် ဖြေကြားခဲ့ပါတယ်။ ဥရောပ သမဂ္ဂ တာဝန်ရှိသူ တစ်ဦးကတော့ Modernaနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပြီး ရေရှည်မှာ ကာကွယ်ဆေး တစ်လုံးကို ၂၅ ဒေါ်လာအောက် ဈေးနှုန်းမျိုးနဲ့ တင်သွင်းနိုင်မယ်လို့ ယုံကြည်ထားကြောင်း ပြောပါတယ်။ Modernaရဲ့ ကာကွယ်ဆေး အပြည့်အဝ အာနိသင် ထက်မြက်ဖို့အတွက် လူတစ်ဦးကို ဆေးနှစ်လုံးထိုးဖို့ လိုပါတယ်။


လက်ရှိ အခြေအနေမှာတော့ ဥရောပ သမဂ္ဂနဲ့ Modernaတို့ကြားမှာ သဘောတူ စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်တာမျိုး မရှိသေးပါဘူး။ ဒီကိစ္စဟာ ရက်ပိုင်းအတွင်း အထမြောက်လာမယ်လို့ ဘန်ဆဲလ်က မှတ်ချက် ပေးထားပါတယ်။ Modernaဟာ ကာကွယ်ဆေး စမ်းသပ်မှုနဲ့ ပတ်သက်တဲ့ ရလဒ်ကောင်းတွေကို တရားဝင် ထုတ်ပြန် ကြေညာတဲ့ ဒုတိယမြောက် ကုမ္ပဏီ ဖြစ်လာပါတယ်။ အဲဒီမတိုင်ခင်မှာ Pfizerကလည်း သူတို့ရဲ့ ကာကွယ်ဆေးက အာနိသင် ထက်မြက်မှု ၉၅ ရာခိုင်နှုန်း ဝန်းကျင်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။


ကမ္ဘာတလွှားမှာ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေတဲ့ Covid-19 ကာကွယ်ဆေး အမျိုးအစား တစ်ဒါဇင်လောက် ရှိနေပြီး လာမယ့် လပိုင်းအတွင်း ကာကွယ်ဆေး အသစ်တွေ ဆက်တိုက် ပေါ်လာမယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ခန့်မှန်းထားပါတယ်။

Source - 7days TV

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု