စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် နှာခေါင်းစည်း Mask များအား ဌာနသို့ ဆေးပစ္စည်း မှတ်တမ်းတင် ထောက်ခံချက်လျှောက်ထားခြင်းနှင့် စိစစ်ကြီးကြပ်ခြင်းတို့မှ ကင်းလွတ်ခွင့်ပြုထားသော်လည်း တရုတ်စာများဖြင့် ဖော်ပြထားသော ဗူးခွံတွင် ပါရှိသော နှာခေါင်းစည်း Mask များမှာ ကြိုးများပြုတ်ထွက်ခြင်း၊ ပြန်ကပ်ထားသည့် ကော်အရာများ တွေ့ရခြင်း၊ ဗူးခွံ၌ ထုတ်လုပ်သည့် ကုမ္ပဏီအမည် နိုင်ငံနှင့် ကုန်ပစ္စည်း အမှတ်တံဆိပ်များ ဖော်ပြထားမှု မရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိရသဖြင့် အလားတူ နှာခေါင်းစည်း Mask အမျိုးအစားများကို သုံးစွဲသူများအနေဖြင့် အသုံးပြုရန် မသင့်ကြောင်းနှင့် စိစစ်ဝယ်ယူကြရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိပေးသည်။
ပြည်သူများအနေဖြင့် စျေးကွက်များတွင် ရောင်းချလျက်ရှိသော နှာခေါင်းစည်း များအား ဝယ်ယူအသုံးပြုရာတွင် ကုန်ပစ္စည်းအမျိုးအမည် ထုတ်လုပ်သည့် ကုမ္ပဏီ၏ အမည်၊ နိုင်ငံ၊ ထုတ်လုပ်သည့်ရက်စွဲတို့အား ပြည့်စုံစွာဖော်ပြထားသည့် နှာခေါင်းစည်းများအား ဝယ်ယူအသုံးပြုရန်လိုအပ်ကြောင်းနှင့် နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှလည်း အဝတ်ဖြင့် ပြုလုပ်ထားသော နှာခေါင်းစည်းများအား အသုံးပြုခြင်းအတွက် ဝတ်ဆင်ပုံ၊ ချုပ်လုပ်ခြင်းနှင့် ဆောင်ရန်ရှောင်ရန်များအား ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါမှ ကာကွယ်ရန်အတွက် အဓိက သတင်းစကား (၁၀) ချက်အား ပြည်သူများ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားသည်။ COVID-19 ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း N954 Face Mask အပါအဝင် ဆေးပစ္စည်းခြောက်မျိုးကို တင်သွင်းခွင့် လျှောက်ထားရန် ယာယီဖြေလျှော့ပေး ထားသည်။
ယခင်သတ်မှတ်ထားသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် ဆေးပစ္စည်းတင်သွင်းခွင့် လျှောက်ထားရန် မလိုအပ်သော ဆေးပစ္စည်းများအပြင် COVID-19 ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း N95 Face Mask, Thermal Scanner, Thermometer ( Digital Thermometer and Non- Contract Infrared Thermometer), Examination Gloves, Biosafety Cabinet, Autoclave တို့ကို တင်သွင်းခွင့် လျှောက်ထားရန် ယာယီမလိုအပ်သော ဆေးပစ္စည်းများအဖြစ် ထပ်မံဖြေလျှော့ပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်ကုသရာတွင် လိုအပ်သော ဆေးပစ္စည်းများ အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လှူဒါန်းမည့် ဆေးပစ္စည်းများအတွက် လှူဒါန်းမှုကိုလက်ခံမည့် ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၏ ထောက်ခံချက်ဖြင့် လှူဒါန်းမည့် ပမာဏ၊ ဆေးပစ္စည်းအမျိုးအစား၊ Product Description၊ အမှတ်တံဆိပ်၊ ထုတ်လုပ်သည့် ကုမ္ပဏီအမည်နှင့် နိုင်ငံ၊ တာဝန်ခံတင်သွင်းပေးမည့် ပြည်တွင်း ကုမ္ပဏီအမည်တို့ဖြင့် လျှောက်ထားလာပါ ကစိစစ်၍ မှန်ကန်လျှင် တစ်ကြိမ် တင်သွင်းခွင့် ထောက်ခံချက်ကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ တင်သွင်းရောင်းချမည့် ဆေးကုမ္ပဏီများနှင့်ပတ်သက်၍ တင်သွင်းခွင့် ထောက်ခံချက် လျှောက်ထားရန်လိုအပ်သော ဆေးပစ္စည်းများကို Online Booking ရယူရန်မလိုဘဲ ဆေးပစ္စည်းဌာနခွဲတွင် Manual စနစ်ဖြင့် စိစစ်လက်ခံပြီး ကုမ္ပဏီအနေဖြင့် အဆိုပါ ဆေးပစ္စည်း၏ အရည်အသွေးရှိမှု ဘေးအန္တရာယ်ကင်းရှင်းမှု၊ စွမ်းဆောင်ရည်ရှိမှုတို့အတွက် အလုံးစုံ အာမခံရမည်ဖြစ်ကြောင်းနှင့် စာရွက်စာတမ်းလိုအပ်ချက်များ ရှိပါက ကုမ္ပဏီအနေဖြင့် အဆိုပါလိုအပ်ချက်များကို တစ်လအတွင်း ပြန်လည်တင်ပြ ပေးရမည်ဖြစ်ပြီး ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန် လိုအပ်သော ဆေးပစ္စည်းများနှင့်ပတ်သက်၍ ဓာတ်ခွဲစစ်ဆေးသည့်အဖြေတွင် စံမညီဆေးပစ္စည်းအဖြစ် တွေ့ရှိပါကတင် သွင်းသောကုမ္ပဏီမှ ဆေးပစ္စည်းများကို စျေးကွက်မှ ပြန်လည်သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း စသည့်ကိစ္စများကို တာဝန်ယူရမည်ဖြစ်ကြောင်းနှင့် တင်သွင်းလာသောဆေး ပစ္စည်း၏ ဘေးအန္တရာယ်ကင်းရှင်းမှုအတွက် ပြန်လည်ပြင်ဆင်ခြင်း ပြုလုပ်ရန်လိုအပ်ပါက ကုမ္ပဏီမှ အမြန်ဆုံးတာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ အချိန်မီ သတင်းပေးပို့၍ ညွှန်ကြားချက်အတိုင်းလိုက် နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခံဝန်ကတိဖြင့် ဆေးပစ္စည်းတင်သွင်းခွင့် ထောက်ခံချက်ကို ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်ထားသည်။
Comments
Post a Comment