စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

Mandalay Quarantine Center များမှ ထွက်ရှိသည့်စွန့်ပစ်အမှိုက် တစ်နေ့လျှင် ပျမ်းမျှ (၈)တန် ရှိ






 Quarantine Center များမှ ထွက်ရှိသည့်စွန့်ပစ်အမှိုက် တစ်နေ့လျှင် ပျမ်းမျှ (၈)တန် ရှိ

[BIOHAZARD သီးသန့်ယာဉ်ဖြင့် သိမ်းဆည်း၍ တောင်အင်းမြောက်အင်းရှိ သီးသန့်မီးရှို့စက်တွင် မီးရှို့ဆောင်ရွက်]


ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများလာသည်နှင့်အမျှ မန္တလေးခရိုင်အတွင်း Quarantine Center များကိုလည်း တိုးချဲ့ထားရှိလာသည့်အတွက် စင်တာများမှ ထွက်ရှိသည့်စွန့်ပစ်အမှိုက် တစ်နေ့လျှင် ပျမ်းမျှ ၈တန်ရှိလာသည့်အတွက် BIOHAZARD သီးသန့်ယာဉ် ထပ်မံဖြည့်ဆည်းထားကာ နံနက် ၆နာရီခွဲမှ စတင်လှည့်လည် သိမ်းဆည်း၍ တောင်အင်းမြောက်အင်းရှိ သီးသန့်မီးရှို့စက်တွင် မီးရှို့ဆောင်ရွက်ပေးလျက်ရှိကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှ ဌာနစုမှူး ဦးဇေယျာငြိမ်းထံမှ သိရသည်။


 “အစက အမှိုက် လေးငါးတန်ချိန်ဝန်းကျင်လောက်ထွက်တာ၊ အခုပျှမ်းမျှ ရှစ်တန်လောက်ထိ ထွက်လာတယ်၊ လက်ရှိယာဉ်လေးစီးနဲ့ဆိုတော့ ယာဉ်မောင်းလေးယောက်၊ သိမ်းဆည်း ဝန်ထမ်းရှစ်ဦးနဲ့ Quarantine Center ၂၉ခုကို သိမ်းပေးနေတယ်။ အရင်က BIOHAZARD သီးသန့်ယာဉ် နှစ်စီးနဲ့ပဲ ဆောင်ရွက်တယ်၊ အခု Quarantine Center တွေ များလာတော့ လိုအပ်လာတဲ့အတွက် ယာဉ်နှစ်စီးထပ်ဖြည့်လိုက်တယ်၊ နှစ်စီးစလုံးလက်ရှိ သုံးနေပါတယ်၊ လက်ရှိ အခြေအနေအထိတော့ သီးသန့်ယာဉ်လေးစီးနဲ့ လိုက်လံသိမ်းဆည်းပေးနေပါတယ်။ ”ဟု ဦးဇေယျာငြိမ်း က ပြောသည်။


အဆိုပါစွန့်ပစ်အမှိုက်သိမ်းဆည်းယာဉ်တစ်စီးတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ယာဉ်မောင်းတစ်ဦးနှင့် သိမ်းဆည်း ဝန်ထမ်းနှစ်ဦး လိုက်ပါကြောင်း၊ PPE ဝတ်စုံနှင့် အကာအကွယ်ပစ္စည်းများဝတ်ဆင်၍ နေ့စဉ်စနစ်တကျလိုက်လံသိမ်းဆည်းကာ မီးရှို့ဖျက်ဆီးပေးလျက်ရှိကြောင်း၊ တောင်အင်းမြောက်အင်း မီးရှို့စက်ပိုင်းတာဝန်ယူထား သည့် ဝန်ထမ်းများကိုလည်း ကျန်းမာရေးအကာအကွယ်ဝတ်စုံ များဝတ်ဆင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


 “လက်ရှိမှာ အရင်သိမ်းနေကြ ဝန်ထမ်းတွေက အတွေ့အကြုံရှိပြီးသားဆိုတော့ သူတို့က လေးခေါက်စီ သိမ်းပေးနေတယ်၊ နောက်သုံးတဲ့ယာဉ်တွေမှာ ပါတဲ့ဝန်ထမ်းတွေက အတွေ့အကြုံမရှိသေးတော့ ကိုယ်တိုင်လိုက်ပါပြီး Training ပေးတယ်၊ စိတ်ချရပြီဆိုမှ သိမ်းခွင့်ပေးထားတယ်၊ Quarantine Center တွေမှာ 240 Liter အမှိုက်ပုံးတွေချပေးထားတယ်၊ စွန့်ပစ်အမှိုက်တွေကို သူတို့ကပိုးသတ်ဆေးဖြန်းပြီးမှ အပြင်ထုတ်ပေးထားတယ်၊ အဲဒါပုံးတွေကို ပိုးသတ်ဆေးထပ်ဖြန်းပြီး ကားပေါ်တင် သိမ်းတယ်၊ ပုံးတွေကိုပိုးသတ်ဆေး ပြန်ဖြန်း ကြွပ်ကြွပ်အိတ်ပြန်စွပ်ချထားပေးတယ်၊ လက်တွေကို Hand Gel တွေနဲ့ပေးခိုင်းထားတယ်၊ တစ်နေ့တာ အားလုံးပြီးသွားရင် ကားကိုကားဖြန်းတဲ့ဆေးနဲ့ဖြန်းတယ်၊ နောက်ဆုံးအကြိမ် သိမ်းပြီးသွားလို့ သူတို့ဝတ်ထားတဲ့ PPE ဝတ်စုံတွေ မီးရှို့စက်ထဲအကုန်ထည့်မီးရှို့လိုက်တယ်၊ အိမ်ပြန်ရောက်ရင် ခဏနားပြီး ဝတ်ထားတဲ့အဝတ် အစားတွေပုံးထဲထည့် တစ်ခါတည်းလျှော်ပြီးတာနဲ့ ရေချိုးသန့်စင်ပြီးမှ မိသားစုနဲ့ထိတွေ့ခွင့်ပေးရပါတယ်၊ ပင်ပန်း ကြတဲ့သူတွေထဲမှာလည်း ပါပါတယ်”ဟု ဆက်လက် ပြောသည်။


လက်ရှိတွင် ကန်တော်နဒီဆေးရုံ၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ ကုတင် ၅၅၀ ဆံ့ကလေး ဆေးရုံကြီး၊ ဇီဝိတဒါနသံဃာ့ဆေးရုံ၊ မန္တလာတက္ကသိုလ် (ယခင်မန္တလာဒီဂရီကောလိပ်)၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)၊ ကိုဗစ်-၁၉ရောဂါကုသရေးဌာန(မန္တလေး) ဧရာဝတီစင်တာ၊ ဂရိတ်ဝေါ ဟိုတယ်၊ Royal Mingalar Hotel၊ Ayarwaddy River View Hotel၊ Hotel Hazel၊ Eastern Palace Hotel၊ Stay at Home သတ်မှတ်ထားသည့်နေရာများ၊ Quarantine Center ပြုလုပ်ထားသည့် နေရာများ စသဖြင့် မြို့နယ် ၆ မြို့နယ် အတွင်းရှိ Quarantine Centerများမှ ထွက်ရှိလာသည့် စွန့်ပစ်အမှိုက်များကို BIOHAZARD သီးသန့်ယာဉ်များဖြင့် စနစ်တကျ လိုက်လံသိမ်းဆည်းပေးလျက်ရှိသည်။

ထိပ်ထားနိုင်

#TheMandalayNewsJournal



Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု