စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
မကွေးမြို့ပေါ် ခိုးဖွင့်နေသည့် KTVဆိုင်ကို ရဲဝင်ဖမ်း၊လာသီဆိုသူအားလုံးထွက်ပြေးသွား၍ ဆိုင်တာဝန်ခံနှင့်အမျိုးသမီး၂ဦးကို ဖမ်းဆီးထားဟု မကွေးရဲတပ်ဖွဲ့ဆို
-----------------------------------
November 27, Friday
မကွေးမြို့ပေါ်တွင် ခိုးဖွင့်နေသည့် KTVဆိုင်ကို တာဝန်သိပြည်သူတစ်ဦး၏ Page Chat Box မှ ဆက်သွယ် တိုင်တန်း ချက်အရ ရဲဝင်ဖမ်းရာတွင် လာရောက်သီဆိုသူ အမျိုးသားအားလုံးထွက်ပြေးသွား၍ ဆိုင်တာဝန်ခံနှင့်အမျိုးသမီး၂ဦးကို ဖမ်းဆီးထားဟု မကွေးရဲတပ်ဖွဲ့က ယနေ့တွင်သတင်းထုတ်ပြန်ထားသည်။
ယနေ့ နံနက် (၁) နာရီက မကွေးခရိုင်မှ ရဲတပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ အောင်မေတ္တာ (စီ) ရပ်ကွက် ရှိ မကွေးကမ္ဘာ အဆင့်မြင့်အအေးခန်းနှင့် စားသောက်ဆိုင်အား သက်သေလူကြီးများနှင့်အတူ ဝင်ရောက်စစ်ဆေးခဲ့ရာ ဆိုင်၏အခန်းအမှတ် K – 5 အတွင်း သီချင်းသီဆိုပြီး သောက်စားနေကြသည့် ဆိုင်ဝန်ထမ်းအမျိုးသမီး၂ဦးနှင့် အမည်မသိ အမျိုးသားများအား တွေ့ရှိရပြီး အမည်မသိ အမျိုးသားများမှာ ထွက်ပြေးသွားသဖြင့် အမျိုးသမီး နှစ်ဦးအား KTV လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် Covid 19 ကူးစက်ရောဂါ ကာလအတွင်း ကျန်းမာရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်များအား မလိုက်နာဘဲ ဆိုင်ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြသည့် ဆိုင်တာဝန်ခံ နိုင်လင်းနှင့် အထက်ပါ အမျိုးသမီး (၂) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း မကွေးရဲတပ်ဖွဲ့၏ ယနေ့သတင်းထုတ်ပြန်ထားချက်အရသိရသည်။
Covid – 19 ကူးစက်ရောဂါကူးစက်ပြန့်ပွါးလာမှုမှာ ယနေ့အချိန်အထိ ရပ်တန့်မှုမရှိဘဲ ကူးစက်ရောဂါအတည်ပြုလူနာများ ထပ်မံတိုးပွါးနေသော်လည်း တစ်ချို့သောသူများမှာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Covid – 19 ကူးစက်ရောဂါကူးစက်ဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များအား လိုက်နာခြင်းမရှိဘဲ ရောဂါအန္တရာယ်အား လက်ယပ် ခေါ်နေသကဲ့သို့ ကျူးလွန်နေကြသည်ကို တွေ့ရှိနေ ရသည်မှာ ရင်မောဖွယ် ကောင်းလှသည်ဟု မကွေးရဲတပ်ဖွဲ့ကပြောဆိုသည်။
ဇော်မျိုး/Myanmar Harp
Credit #Myanmar Harp Media
{Zawgyi}

Comments
Post a Comment