စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

Hard Disk Drive(HDD) နှင့် Solid State Drive(SSD) တို့၏ အားသာချက်နှင့် အားနည်းချက်များ

 


HDD vs SSD


1. Data Transfer Rate

HDD မှာ တစ်စက္ကန့်အတွင်းမှာ 200 MB နဲ့ အောက်သာရေး/ဖတ် နိုင်ပြီး SSD မှာကတော့ 200 MB ကနေ 2500 MBအထိ ရေးဖတ်နိုင်ပါတယ်။ File တွေကို ကူးတဲ့အခါမှာ SSD က ၂၅ ဆ လောက် ပိုမြန်ပါတယ်။


2. Price

ဒါကလည်း ထည့်သွင်းစဉ်းစားရမဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ GB တူညီတဲ့ SSD တစ်လုံးနဲ့ HDD တစ်လုံး ယှဉ်ရင်တော့ SSD က ဈေးနှစ်ဆလောက်များနေပါတယ်။ SSD ကပိုမြန်ပေမဲ့လည်းဈေးနှုန်းက ကိုယ်နဲ့အဆင်ပြေမပြေရှိသေးပါတယ်။ နောက်ပိုင်း ထုတ်လုပ်တဲ့ Laptop တွေမှာ SSD နဲ့ပါလာတာများပါတယ်။


3. Access Time

အချက်အလက်တွေ သိုလှောင် ထည့်သွင်းတဲ့နေရာမှာ ချက်ချင်း လုပ်ဆောင်တယ်လို့ ထင်ရပေမဲ့ သူတို့မှာ အလုပ်စလုပ်ချိန် Access Time တစ်ခုတော့ယူပါတယ်။ အဲဒီမှာလည်း SSD တွေက Access Time တိုတောင်းပြီး 0.5 MSသာ အချိန်ယူပါတယ်။ HDD တွေကတော့ 5.5 ကနေ 8.0 MS အထိ အချိန်ယူတာမို့ SSD တွေက ပိုမြန်ပါတယ်။


4. Random I/O Performance

အချက်အလက် ထုတ်သွင်းနိုင်မှု အခြေအနေပါ။ SSD က 6000 IOPS မြန်နှုန်းရှိပြီး HDD ကတော့ 400 IOPS သာ ရှိတဲ့အတွက် SSD က ၁၅ ဆလောက် ပိုမြန်ပါတယ်။


5. လျှပ်စစ်ဓာတ်အား သုံးစွဲမှု

SSD က 2 Watt – 5 Watt ထိပဲ သုံးစွဲပြီး HDD ကတော့ 6 Watt – 15 Watt ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ HDD က Motor မောင်းနှင်ရတာကြောင့် ပိုမိုစားသုံးတာ ဖြစ်ပါတယ်။ CPU ပါဝါသုံးစွဲမှုမှာလည်း SSD က ၆ ရာခိုင်နှုန်းလောက် ပိုမို သက်သာပါတယ်။


6. ဒေတာ ထိန်းသိမ်းနိုင်မှု

HDDတွေက စက်လှုပ်ရှားမှုအပိုင်းတွေပါပေမဲ့ သံလိုက်ဓာတ်နဲ့ သိမ်းတာမို့ DATA တွေကို သိုလှောင်ထားနိုင်တဲ့ ကာလပိုကြာကြာ သိမ်းထားနိုင်ပါတယ်။ SSD တွေမှာတော့ စက်လှုပ်ရှားမှု အစိတ်အပိုင်းတွေမပါဘဲ NAND Gate Semiconductor တွေထဲမှာ လျှပ်စစ် သိုလှောင်တဲ့ စနစ်နဲ့ သိမ်းထားတာဖြစ်လို့ အချိန်ကာလ တစ်ခုမှာတော့ သိမ်းဆည်းထားတဲ့ လျှပ်စစ်ဓာတ် ယိုစိမ့်ပျောက်ဆုံးပြီး DATAတွေ ပျက်စီးနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။ အချက်အလက်တွေကို နှစ်ပေါင်းများစွာ သိမ်းဆည်းထားချင်တာမျိုးဆိုရင်တော့ SSDတွေကိုမသုံးဘဲ HDD တွေကိုသာ သုံးသင့်ပါတယ်။


7. ယုံကြည်စိတ်ချရမှု

ဒေတာ ထုတ်/သွင်းချိန်မှာ HDD က Data ပျက်စီးနိုင်မှု ရာခိုင်နှုန်း ၂ မှ ၅ အထိ ရှိပြီး SSD ကတော့ ၀.၅ သာ ရှိတဲ့အတွက် ပိုမို စိတ်ချရပါတယ်။ ကြာရှည်စွာ သိုလှောင်သိမ်းဆည်းမဲ့ဟာနဲ့တော့ မဆိုင်ဘူး။


8. အပူထုတ်လွှတ်မှု

HDD မှာ လည်ပတ်နေရတဲ့ အစိတ်အပိုင်းတွေ ပါသောကြောင့် အပူထွက်ပါတယ်။ ။ SSD မှာတော့ အပူထုတ်လွှတ်မှု မရှိသလောက် နည်းပါးပါတယ်။


9. သိုလှောင်နိုင်စွမ်းရည်

HDD က Notebook တွေအတွက် 2TB နဲ့ Desktop တွေအတွက် 10 TB ထိ ရရှိနိုင်ပြီး SSD တွေမှာတော့ Notebook တွေအတွက် 1 TB နဲ့ Desktop တွေအတွက် 4 TB အထိပဲ ရနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ များချင်များလာနိုင်ပါတယ်။


10. အထွေထွေ

SSD တွေက ပိုမြန်တယ်၊ ပိုပြီး ဒဏ်ခံနိုင်တယ်၊ အားသိပ်မစားဘူး၊ ဒါပေမဲ့ ဈေးကြီးတယ်၊ ဒေတာကို နှစ်ပေါင်းများစွာ သိမ်းချင်ရင်တော့ မကိုက်ဘူး။ SSD တပ်ထားတဲ့ စက်တွေကို ပါဝါမပိတ်မိဘဲ ကျောပိုးအိတ်ထဲမှာ ထည့်ပြီး ကားစီး/ဆိုင်ကယ်စီးတာ ဘာမှ ပြဿနာ မရှိနိုင်ပေမဲ့ HDD တပ်ထားတဲ့ စက်တွေကို အဲလို ပါဝါမပိတ်ဘဲ သယ်သွားရင်တော့ သိပ်မကြာခင်ပဲပျက်စီးသွားနိုင်ပါတယ်။


Credit to Original


Copyကူးလာခြင်းဖြစ်သည်

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု