စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မြန်မာနိုင်ငံ၏ COVID-19 ထိန်းချုပ်ရေးအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ဒေါ်လာခုနစ်သန်း ပေးအပ်ထားပြီး ထပ်မံ၍ ဒေါ်လာ ၁၈ သန်းပေးရန် ခွင့်ပြု


 မြန်မာနိုင်ငံ၏ COVID-19 ထိန်းချုပ်ရေးအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က အမေရိကန်ဒေါ်လာ ခုနစ်သန်း ပေးအပ်ခဲ့ပြီး ထပ်မံ၍ အမေရိကန်ဒေါ်လာ ၁၈ သန်း ပေးရန် ခွင့်ပြုထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။


မြန်မာနိုင်ငံ၏ COVID-19 ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ကိုရီးယားနိုင်ငံမှ ASEAN – KOREA Cooperation Fund ဖြင့် COVID-19 Antigen Test Kits ၄၀၀၀၀ ကျော် လှူဒါန်းခဲ့သည်။


နိုဝင်ဘာ ၁၆ ရက်က နေပြည်တော်၌ မြန်မာနိုင်ငံ၏ COVID-19 ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ကိုရီးယားနိုင်ငံမှ ASEAN – KOREA Cooperation Fund ဖြင့် COVID-19 Antigen Test Kits များ လှူဒါန်းပေးအပ်မှု အခမ်းအနား ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဓာတ်ခွဲစက်ပစ္စည်း ကိရိယာများ၊ ဓာတ်ခွဲဆက်စပ်ပစ္စည်းများ၊ Rapid Antigen Diagnostic Test Kits များ၊ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေး အသုံးအဆောင်များကို ကိုရီးယားနိုင်ငံမှ ပေးအပ်လှူဒါန်းလျက်ရှိရာ လက်ရှိအချိန်အထိ ကိုရီးယားနိုင်ငံအစိုးရမှ လှူဒါန်းမှု တန်ဖိုး အမေရိကန်ဒေါ်လာ သုံးသန်းခန့်ရှိ ပြီဖြစ်သည်။


COVID-19 သည် မျိုးရိုးဗီဇ ပြောင်းလဲလာနိုင်ခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် လျင်မြန်စွာ ကူးစက်သည့်ရောဂါ ဖြစ်ခြင်းကြောင့် ပြည်သူများက ရောဂါကာကွယ်ရေး နည်းလမ်းများကို မဖြစ်မနေ ဆက်လက်လိုက်နာရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားသည်။


မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ကူးစက်မှု လှိုင်းငယ်များ ရှိလာနိုင်ပြီး ကူးစက်မှုလှိုင်းများ မကြီးမားစေရန်နှင့် ၎င်းလှိုင်းများ တစ်ခုနှင့် တစ်ခုအကြား အချိန်ကွာခြားမှုကြာမြင့် စေရန်အတွက် COVID-19 ကာကွယ်ရေး စည်းကမ်းများကို အလေးထား လိုက်နာကြရန် လိုအပ်ကြောင်း၊ စွမ်းရည်ထက်မြက်သည့် COVID-19 ကာကွယ်ဆေး ပေါ်ပေါက်ပြီး နောက်ပိုင်းတွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ထိုးနှံရန်မှာ ကာကွယ်ဆေးရရှိမှု ပမာဏအပေါ် မူတည်၍ အချိန်ကြာမြင့်နိုင်မည်ဖြစ်ခြင်း၊ ရောဂါပိုး၏ မျိုးဗီဇ ပြောင်းလဲလာနိုင်ခြင်း၊ ရောဂါလက္ခဏာ မပြဘဲ ရောဂါရှိနေနိုင်ခြင်း၊ အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် လျင်မြန်စွာ ကူးစက်သည့်ရောဂါ ဖြစ်ခြင်း စသည့်အချက်များကြောင့် ပြည်သူများ အနေဖြင့် ယခုကျင့်သုံးလျက်ရှိသည့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး နည်းလမ်းများကို မဖြစ်မနေ ဆက်လက်လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားသည်။


မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားမှုနှင့် သေဆုံးမှု အနည်းဆုံးဖြစ်စေရန် ကာကွယ်ကုသ ထိန်းချုပ်ရေး လုပ်ငန်းများကို အားထုတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူတစ်ဦးချင်းစီမှလည်း တာဝန်သိစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။


COVID-19 ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု ဆက်လက် မြင့်မားနေဆဲ ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေးကဏ္ဍနှင့် ကုသရေးကဏ္ဍတို့မှ တာဝန်ရှိသူ အသီးသီးသည် မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားမှုနှင့် သေဆုံးမှု အနည်းဆုံး ဖြစ်စေရန် COVID-19 ကာကွယ်ကုသ ထိန်းချုပ်ရေး လုပ်ငန်းများကို အားထုတ်ဆောင်ရွက် လျက်ရှိပြီး ပြည်သူတစ်ဦးချင်းစီမှလည်း တာဝန်သိစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် COVID-19 ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု ကိန်းဂဏန်းများကို များခြင်း၊ နည်းခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းတို့ကို ကောက်ချက်ချခြင်း၊ မှတ်ချက်ပြုခြင်း ပြုလုပ်မည် ဆိုပါက ရှုထောင့်ပေါင်းစုံ၊ နည်းလမ်းမျိုးစုံဖြင့် လေ့လာဆန်းစစ် သုံးသပ်ပြီးမှသာလျှင် အခြေအနေကို မှန်ကန်စွာ အကဲဖြတ် သိရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကုသရေးဆေးရုံကြီး ငါးခု၊ ကုသရေးစင်တာ ၁၅ ခုတွင် ခုတင် စုစုပေါင်း ၁၀၀၀၀ ကျော်ရှိပြီး ICU ခုတင် ၁၄၀ ကျော်နှင့် အောက်ဆီဂျင်ပေးနိုင်သည့် ခုတင် ၁၀၀၀ ခန့် ရှိကြောင်း သိရသည်။

Source -  https://news-eleven.com/article/198211

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု