စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံတွင် လက်ရှိတက်ရောက်ကုသမှုခံယူလျှက်ရှိသော ပိုးတွေ့လူနာတစ်ဦးသည် နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက် ညဦးပိုင်းက ဆေးရုံပြင်ပသို့ ခိုးထွက်၍အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများဝယ်ယူခဲ့ကြောင်း သတင်းရသဖြင့်ဆက်လက်စုံစမ်းရာ လူနာသည် ခင်မွန်ကျေးရွာမှ ချောင်းဦး လူနာအမှတ်(၁၅)ဖြစ်ကြောင်း သိရသည်။
အဆိုပါလူနာသွားရောက်ခဲ့သော စားသောက်ဆိုင်တစ်ဆိုင်နှင့် စတိုးဆိုင်တစ်ဆိုင်မှ ရောင်းချသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရန်စီစဉ်ထားရှိပြီး ပိုးတွေ့လူနာကိုလည်း လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှထုတ်ပြန်ထားသည်။
ချောင်းဦးမြို့နယ်အတွင်း COVID-19 ရှာဖွေကုသရေးလုပ်ငန်းနှင့်ပတ်သက်၍ PCR Test - ကျား (၂၄၈) ဦး, မ (၈၇) ဦး စုစုပေါင်း(၃၃၅) ဦး၊ COVID-19 Ag Test -ကျား (၁၃၆) ဦး, မ (၁၅) ဦးစုစုပေါင်း (၁၅၁) ဦးစစ်ဆေးခဲ့ရာ ကျား (၁၂) ဦး၊ မ (၅) ဦး စုစုပေါင်း (၁၇)ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး (၁၄) ဦးမှာ ဆေးရုံဆင်းခွင့်ရရှိသွားပြီဖြစ်သည်။ လက်ရှိ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသူ (၃)ဦးမှာလည်း ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
Source - https://myanmar.mmtimes.com/news/147073.html
Comments
Post a Comment