စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မုံရွာမြို့နယ် ကြိုးကြာကန်ရွာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် ရွေးကောက်ပွဲကာလက မဲဆွယ်စည်းရုံးစဉ် COVID-19 အကြောင်းပြချက်ဖြင့် ကျေးရွာအတွင်း အဝင်မခံဘဲ တားဆီးခဲ့သည့် ရာအိမ်မှူးကို ထောင်ဒဏ်တစ်လ ချမှတ်


 ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ် ကြိုးကြာကန်ကျေးရွာတွင် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဦးဆောင်သော NLD အဖွဲ့ ကျေးရွာအတွင်း ဝင်ရောက်မဲဆွယ်လာမှုကို COVID-19 ကာကွယ်ရေးအတွက် မုံရွာမြို့နယ် ကြိုးကြာကန်ကျေးရွာမှ ရာအိမ်မှူးဆိုသူက တားဆီးခဲ့ပြီး ယင်းရာအိမ်မှူးဆိုသူအား ထောင်ဒဏ်တစ်လ ချမှတ်လိုက်ကြောင်း သိရသည်။


ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဦးဆောင်သော NLD အဖွဲ့ ကျေးရွာအတွင်း ဝင်ရောက်မဲဆွယ်လာမှုကို တားဆီးခဲ့သော ရာအိမ်မှူးဆိုသူကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်း မုံရွာမြို့နယ် တရားရုံးမှ အမိန့်ချမှတ်လိုက်ကြောင်း ဆက်လက်သိရသည်။

“ ဒီကနေ့ပဲ သူ့ကို တရားရုံးကနေ ထောင်ဒဏ်တစ်လ အမိန့်ချမှတ်လိုက်တာ။ အခြားပြစ်ဒဏ်မပါဘူး” ဟု မုံရွာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က ပြောကြားသည်။


ဧပြီ ၂၂ ရက်နေ့ ရက်စွဲဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ရပ်ကွက်ကျေးရွာများအားလုံး ခွင့်ပြုချက်မရှိဘဲ ဝင်/ ထွက်များကို အတားအဆီးများ ချထားပြီး ပိတ်ဆို့ခြင်း၊ ဝင်/ထွက်မှုများ တားမြစ်ခြင်းများကို မိမိတို့သဘောဖြင့်မပြုရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။


ထို့ပြင် ကျေးရွာသည် COVID-19 ကူးစက်ရောဂါနှင့်ပက်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် မြို့နယ်အလိုက် ထုတ်ပြန်ထားသော ဒေသန္တရအမိန့်များအတိုင်းသာ လိုက်နာဆောင်ရွက်ရေး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအားလုံးကို နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြား လိုက်နာဆောင်ရွက်သွားရန်ဖြစ်သည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။


အလားတူ ရပ်ကွက်ကျေးရွာများအတွင်း ဝင်/ထွက်သွားလာမှုကို တားမြစ်ပိတ်ပင်ခြင်းမပြုရန်အတွက် သက်ဆိုင်ရာမြို့နယ်အလိုက် စီမံခန့်ခွဲမှုကော်မတီများက စနစ်တကျကြပ်မတ်သွားရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။

Source-https://news-eleven.com/article/197932




Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု