စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မန္တလေးမြို့၌ COVID-19 ပိုးတွေ့လူနာ များပြားလာပြီး ကွာရန်တင်း စင်တာများလည်း တိုးချဲ့နေရဟု ၀န်ကြီးချုပ်ပြော

မန္တလေးမြို့၌ COVID-19 ပိုးတွေ့လူနာ များပြားလာပြီး ကွာရန်တင်း စင်တာများလည်း တိုးချဲ့နေရဟု ၀န်ကြီးချုပ်ပြော၊

မဟာအောင်မြေမြို့နယ် အမှတ်(၂၄) အထက်တန်းကျောင်းအား ကွာရန်တင်း စင်တာအဖြစ် ယနေ့ စတင် အသုံးပြုမည်၊

ဒီဒါင်းမေ၊ နိုဝင်ဘာ - ၁၄

မန္တလေးမြို့တွင် COVID-19 ရောဂါ အတည်ပြုလူနာ တွေ့ရှိမှု များပြားလာပြီး အဆိုပါလူနာများနှင့် ထိတွေ့ဆက်စပ်မှု ရှိသူများကို စောင့်ကြည့်နိုင်ရန် ကွာရန်တင်းစင်တာများလည်း လိုအပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

"အခု ကျွန်တော်တို့ မန္တလေးမှာ အောင်မြေသာစံမှာ အများကြီး ဖြစ်သွားတယ်။ နောက်ပြီး မဟာအောင်မြေနဲ့ ပြည်ကြီးတံခွန်မှာလည်း အဖြစ်များနေတယ်။ ဒီလိုနေရာတွေမှာ ကွာရန်တင်းစင်တာတွေ ထပ်တိုးပြီးတော့ စောင့်ကြည့်ဖို့ ပြင်ဆင်နေတယ်" ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မန္တလေးခရိုင် ခုနှစ်မြို့နယ်အနက် မြို့ပေါ် ငါးမြို့နယ်သည် လူဦးရေ ထူထပ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး နီးစပ်မှု ရှိခြင်းကြောင့် ရောဂါကူးစက်ကာ ပိုးတွေ့လူနာအရေအတွက် များပြားလာကြောင်း၊ ပိုးတွေ့လူနာ များပြားလာသည်နှင့်အမျှ ယင်းနှင့်ထိတွေ့သူ အရေအတွက်လည်း များပြားလာပြီး ကွာရန်တင်းစင်တာများ ထပ်မံလိုအပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များက ပြောသည်။

လက်ရှိတွင် COVID-19 ရောဂါ အဖြစ်များသည့် မန္တလေးမြို့ပေါ် မြို့နယ်များရှိ အခြေခံပညာ အထက်တန်း ကျောင်းများကို ကွာရန်တင်း စင်တာများအဖြစ် ပြင်ဆင်ထားရန် ဆောင်ရွက်နေပြီး မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၂၄) အခြေခံပညာ အထက်တန်းကျောင်း၌ လူ (၁၅၀)ဆံ့ ကွာရန်တင်းစင်တာ ပြင်ဆင်ပြီးဖြစ်ရာ ယနေ့ နိုဝင်ဘာ(၁၄)ရက်တွင် စတင်လက်ခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

"ကိုယ့်မြို့နယ်အလိုက် Q Center (ကွာရန်တင်းစင်တာ) တွေ ပြန်ဖွင့်တာပေါ့။ ဟိုဟာတွေ (လက်ရှိ အသုံးပြုနေသော ကွာရန်တင်းစင်တာများ) ပိတ်မလားဆိုတော့လည်း မပိတ်ဘူး။ ကိုယ့်မြို့နယ်အလိုက်ကို ထားမယ်။ အကယ်၍ များလာမယ်ဆိုရင် အဆင်သင့် ထားရှိဖို့ပါ" ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က Mandalay In-depth News အား ပြောသည်။

လက်ရှိတွင် မန္တလေးမြို့၌ COVID-19 အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်မိသူများကို ကန်တော်ကြီး ဇီဝိတဒါန သံဃာ့ ဆေးရုံကြီး၊ မန္တလာတက္ကသိုလ်၊ ဧရာဝတီစင်တာနှင့် မန္တလေး ပညာရေးဒီဂရီကောလိပ်နှင့် ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်တို့တွင် ကွာရန်တင်း ထားရှိလျှက် ရှိသည်။

မန္တလေးတိုင်းအတွင်းရှိ အခြားခရိုင်များတွင်လည်း ကျောင်း၊ တက္ကသိုလ်စသည့် နေရာများအား ကွာရန်တင်း စင်တာများအဖြစ် သတ်မှတ်ထားပြီး တစ်တိုင်းလုံးတွင် ကွာရန်တင်းစင်တာ (Facility Quarantine Center) (၁၃၇)နေရာရှိကြောင်း တိုင်းကော်မတီက သတင်းထုတ်ပြန်ထားသည်။ နိုဝင်ဘာ(၁၃)ရက်အထိ မန္တလေးတိုင်းအတွင်း ကွာရန်တင်း ၀င်နေသူ (၂၉၆၀)ဦးနှင့် ဟိုတယ်များ၌ ကွာရန်တင်း ၀င်နေသူ (၅၆၈)ဦး ရှိသည်ဟု ဆိုသည်။

ယခုရက်ပိုင်းအတွင်း မန္တလေးတိုင်းတွင် နေ့စဉ် COVID-19 အတည်ပြုလူနာသစ် (၁၀၀)၀န်းကျင် တိုးနေပြီး အများစုသည် မန္တလေးခရိုင်တွင် နေထိုင်သူများ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယနေ့ နိုဝင်ဘာ (၁၄)ရက်အထိ မန္တလေးတိုင်းအတွင်း COVID-19 အတည်ပြုလူနာ (၂၉၂၉) ဦး ရှိပြီး ၎င်းတို့အနက် ဆေးရုံဆင်းခွင့်ရသူ (၂၁၀၉) ဦး၊ ဆေးရုံများ၌ ကုသမှုခံယူနေဆဲ (၈၀၂)ဦးနှင့် သေဆုံးသူ (၁၈)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။

မဟာအောင်မြေမြို့နယ် အ.ထ.က (၂၄)အား ခုတင်(၁၅၀)ဆံ့ ကွာရန်တင်းစင်တာအဖြစ် အသုံးပြုရန် ပြင်ဆင်နေစဉ်/ Photo – Zaw Zaw Aung Mahar FB.

https://www.facebook.com/mandalayindepthnews

#Mandalay_Indepth_News #MandalayInDepthNews #COVID-19 #မန္တလေး #ရောဂါကူးစက် #ကွာရန်တင်းစင်တာ 

.

မန္တလေးမြို့၌ COVID-19 ပိုးတွေ့လူနာ များပြားလာပြီး ကွာရန်တင်း စင်တာများလည်း တိုးချဲ့နေရဟု ၀န်ကြီးချုပ်ပြော၊

မဟာအောင်မြေမြို့နယ် အမှတ်(၂၄) အထက်တန်းကျောင်းအား ကွာရန်တင်း စင်တာအဖြစ် ယနေ့ စတင် အသုံးပြုမည်၊

ဒီဒါင်းမေ၊ နို၀င်ဘာ - ၁၄

မန္တလေးမြို့တွင် COVID-19 ရောဂါ အတည်ပြုလူနာ တွေ့ရှိမှု များပြားလာပြီး အဆိုပါလူနာများနှင့် ထိတွေ့ဆက်စပ်မှု ရှိသူများကို စောင့်ကြည့်နိုင်ရန် ကွာရန်တင်းစင်တာများလည်း လိုအပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

"အခု ကျွန်တော်တို့ မန္တလေးမှာ အောင်မြေသာစံမှာ အများကြီး ဖြစ်သွားတယ်။ နောက်ပြီး မဟာအောင်မြေနဲ့ ပြည်ကြီးတံခွန်မှာလည်း အဖြစ်များနေတယ်။ ဒီလိုနေရာတွေမှာ ကွာရန်တင်းစင်တာတွေ ထပ်တိုးပြီးတော့ စောင့်ကြည့်ဖို့ ပြင်ဆင်နေတယ်" ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မန္တလေးခရိုင် ခုနှစ်မြို့နယ်အနက် မြို့ပေါ် ငါးမြို့နယ်သည် လူဦးရေ ထူထပ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး နီးစပ်မှု ရှိခြင်းကြောင့် ရောဂါကူးစက်ကာ ပိုးတွေ့လူနာအရေအတွက် များပြားလာကြောင်း၊ ပိုးတွေ့လူနာ များပြားလာသည်နှင့်အမျှ ယင်းနှင့်ထိတွေ့သူ အရေအတွက်လည်း များပြားလာပြီး ကွာရန်တင်းစင်တာများ ထပ်မံလိုအပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၀င်များက ပြောသည်။

လက်ရှိတွင် COVID-19 ရောဂါ အဖြစ်များသည့် မန္တလေးမြို့ပေါ် မြို့နယ်များရှိ အခြေခံပညာ အထက်တန်း ကျောင်းများကို ကွာရန်တင်း စင်တာများအဖြစ် ပြင်ဆင်ထားရန် ဆောင်ရွက်နေပြီး မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၂၄) အခြေခံပညာ အထက်တန်းကျောင်း၌ လူ (၁၅၀)ဆံ့ ကွာရန်တင်းစင်တာ ပြင်ဆင်ပြီးဖြစ်ရာ ယနေ့ နို၀င်ဘာ(၁၄)ရက်တွင် စတင်လက်ခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

"ကိုယ့်မြို့နယ်အလိုက် Q Center (ကွာရန်တင်းစင်တာ) တွေ ပြန်ဖွင့်တာပေါ့။ ဟိုဟာတွေ (လက်ရှိ အသုံးပြုနေသော ကွာရန်တင်းစင်တာများ) ပိတ်မလားဆိုတော့လည်း မပိတ်ဘူး။ ကိုယ့်မြို့နယ်အလိုက်ကို ထားမယ်။ အကယ်၍ များလာမယ်ဆိုရင် အဆင်သင့် ထားရှိဖို့ပါ" ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က Mandalay In-depth News အား ပြောသည်။

လက်ရှိတွင် မန္တလေးမြို့၌ COVID-19 အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်မိသူများကို ကန်တော်ကြီး ဇီဝိတဒါန သံဃာ့ ဆေးရုံကြီး၊ မန္တလာတက္ကသိုလ်၊ ဧရာဝတီစင်တာနှင့် မန္တလေး ပညာရေးဒီဂရီကောလိပ်နှင့် ဇီးပင်ကြီး ဗဟို၀န်ထမ်းတက္ကသိုလ်တို့တွင် ကွာရန်တင်း ထားရှိလျှက် ရှိသည်။

မန္တလေးတိုင်းအတွင်းရှိ အခြားခရိုင်များတွင်လည်း ကျောင်း၊ တက္ကသိုလ်စသည့် နေရာများအား ကွာရန်တင်း စင်တာများအဖြစ် သတ်မှတ်ထားပြီး တစ်တိုင်းလုံးတွင် ကွာရန်တင်းစင်တာ (Facility Quarantine Center) (၁၃၇)နေရာရှိကြောင်း တိုင်းကော်မတီက သတင်းထုတ်ပြန်ထားသည်။ နို၀င်ဘာ(၁၃)ရက်အထိ မန္တလေးတိုင်းအတွင်း ကွာရန်တင်း ၀င်နေသူ (၂၉၆၀)ဦးနှင့် ဟိုတယ်များ၌ ကွာရန်တင်း ၀င်နေသူ (၅၆၈)ဦး ရှိသည်ဟု ဆိုသည်။

ယခုရက်ပိုင်းအတွင်း မန္တလေးတိုင်းတွင် နေ့စဉ် COVID-19 အတည်ပြုလူနာသစ် (၁၀၀)၀န်းကျင် တိုးနေပြီး အများစုသည် မန္တလေးခရိုင်တွင် နေထိုင်သူများ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယနေ့ နိုဝင်ဘာ (၁၄)ရက်အထိ မန္တလေးတိုင်းအတွင်း COVID-19 အတည်ပြုလူနာ (၂၉၂၉) ဦး ရှိပြီး ၎င်းတို့အနက် ဆေးရုံဆင်းခွင့်ရသူ (၂၁၀၉) ဦး၊ ဆေးရုံများ၌ ကုသမှုခံယူနေဆဲ (၈၀၂)ဦးနှင့် သေဆုံးသူ (၁၈)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။

မဟာအောင်မြေမြို့နယ် အ.ထ.က (၂၄)အား ခုတင်(၁၅၀)ဆံ့ ကွာရန်တင်းစင်တာအဖြစ် အသုံးပြုရန် ပြင်ဆင်နေစဉ်/ Photo – Zaw Zaw Aung Mahar FB.

https://www.facebook.com/mandalayindepthnews

#Mandalay_Indepth_News #MandalayInDepthNews #COVID-19 #မန္တလေး #ရောဂါကူးစက် #ကွာရန်တင်းစင်တာ 

.
 
Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု