စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
“အခု လက်ရှိကာလက COVID-19 ရောဂါဖြစ်ပွားမှုက တစ်နှစ်ပြည့်ခါနီးအချိန်လည်းဖြစ်တယ်။ လွန်ခဲ့တဲ့ ၂၀၁၉ အောက်တိုဘာ၊ နိုဝင်ဘာလလောက်က ဒီရောဂါ အစပျိုးခဲ့တာဆိုတာ တွေ့လာရမှာဖြစ်ပါတယ်။ ရာသီဥတုအနေအထားကလည်း ဆောင်းတွင်းရာသီ၊ အေးတဲ့အချိန်ဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ရဲ့ အထူးသဖြင့် အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါပိုးတွေရဲ့ သဘာဝအရ ပတ်ဝန်းကျင်မှာ အသက်ရှင်ပြန့်ပွားနေထိုင်ဖို့ ကူးစက်ဖို့အခွင့်အလမ်း အလွန်ကောင်းတဲ့အချိန်လည်း ဖြစ်နေတယ်။ ကျွန်တော်တို့က ရောဂါထိန်းချုပ်နိုင်မှုကို တိုးမြှင့်ပြီး ဆောင်ရွက်တယ်။ ဖြစ်ပွားမှုတွေကို လျှော့ချဖို့အတွက်လည်း ကြိုးစားပြီးလုပ်ဆောင်တယ်။ ဒီလိုလုပ်လာတဲ့အချိန်မှာ တစ်ဖက်မှာ လူမှုစီးပွားဘဝ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရှင်သန်ဖို့အတွက်ကို ဖြေလျှော့မှုတွေကိုလည်း နိုင်ငံတော်အနေနဲ့ ဆောင်ရွက်ပေးလာမှာပါ။ ပေးလာရမှာလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဒီအချိန်ဟာ ပွင့်လင်းရာသီလည်း ရောက်ပြီဖြစ်တဲ့အတွက် ခရီးသွားလာမှုတွေ နည်းနည်းလေးပြန်ပြီးများလာနိုင်တဲ့ အနေအထားရှိပါတယ်။ လူစုလူဝေးနဲ့ဆောင်ရွက်တဲ့ လူမှုရေးကိစ္စတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် ဒီအရာတွေက ရောဂါဖြစ်ပွားကူးစက်မှုကို တွန်းအားပေးနေပါတယ်။ အဲဒီတော့ အခုဆောင်ရွက်နေတဲ့လုပ်ငန်းတွေကို ဂရုမပြုဘဲ အလေးမထားဘဲ ဆောင်ရွက်နေထိုင်ကြမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ COVID-19 ရောဂါဟာ ပြည်သူလူထုထဲမှာ ကူးစက်မှုတစ်ဖန်ဖြစ်ပွားပြီး တတိယအကြိမ်၊ စတုတ္ထအကြိမ်ပြန်လည်ပြီး ခေါင်းမော့လာနိုင်တဲ့ အနေအထားလည်း ဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်က ပြောကြားသည်။
မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြင့် သေဆုံးသူများ၏ ၃၆ ရာခိုင်နှုန်းတွင် ဆီးချို သွေးချိုရောဂါ၊ ရာခိုင်နှုန်း ၃၀ ခန့်တွင် သွေးတိုးရောဂါရှိပြီး ရောဂါနှစ်မျိုးစလုံးဖြစ်ပွားနေသူမှာ ၁၉ ရာခိုင်နှုန်းအထိ ရှိနေကြောင်း နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆီးချို သွေးချို ရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကြိုးပမ်းအားထုတ်ဆောင်ရွက်နေသကဲ့သို့ အခြားသော ကျန်းမာရေးပြဿနာများ၊ ရောဂါများ ကာကွယ်ထိန်းချုပ်ကုသခြင်းလုပ်ငန်းများကိုလည်း လစ်ဟာမှုမရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်အရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဆီးချိုသွေးချိုရောဂါဖြစ်ပွားသူပေါင်း ၄၆၃ သန်းကျော်ရှိနေပြီး နှစ်စဉ်ရောဂါနှင့် ဆက်စပ်သေဆုံးသူပေါင်း ၄ ဒသမ ၂ သန်းကျော်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သော WHO STEPS Survey အစီရင်ခံစာအရ အသက် ၁၅ နှစ်မှ ၆၄ နှစ်အရွယ်အတွင်း ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားသူသည် ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိနေပြီး ရောဂါနှင့် ဆက်စပ်သေဆုံးသူပေါင်း ၁၉ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်းနှင့် ယခုအချိန်တွင် ဆီးချိုသွေးချိုရောဂါ အပါအဝင် မကူးစက်နိုင်သောရောဂါများသည် နေထိုင်မှုပုံစံများ၊ စားသောက်မှုပုံစံများ ပြောင်းလဲမှုကြောင့် ဖြစ်ပွားမှု ပိုမိုများပြားလျက်ရှိကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြင့် သေဆုံးသူများ၏ ၉၄ ရာခိုင်နှုန်းသည် ရောဂါအခံများ ရှိကြောင်း၊ ရောဂါဖြစ်ပွားသေဆုံးသူများ၏ ၃၆ ရာခိုင်နှုန်း၌ ဆီးချိုသွေးချိုရောဂါရှိနေပြီး ရာခိုင်နှုန်း ၃၀ တွင် သွေးတိုးရောဂါရှိကာ ဆီးချိုသွေးချိုရောဂါနှင့် သွေးတိုးရောဂါ နှစ်မျိုးစလုံးဖြစ်ပွားနေသူ ၁၉ ရာခိုင်နှုန်းရှိကြောင်းနှင့် COVID-19 ရောဂါသည် ထိုကဲ့သို့ ရောဂါအခံရှိသူများတွင် ပိုမိုပြင်းထန်ကာ အသက်အန္တရာယ်လည်း ထိခိုက်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို Cobas 6800 စက်များ၊ RT PRC စက်များ၊ GeneXpert စက်များ၊ Antigen Test Kit များဖြင့် စစ်ဆေးနေပြီး တစ်နေ့လျှင် ဓာတ်ခွဲနမူနာ ၁၅၀၀၀ ကျော်အထိ တိုးမြှင့်စစ်ဆေးနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
Comments
Post a Comment