စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မန္တလေး၌ COVID-19 အတည်ပြုလူနာ နှစ်ဦး ထပ်မံ သေဆုံးပြန်၊ နှစ်ရက်အတွင်း လေးဦး သေဆုံးခြင်း ဖြစ်ပြီး မန္တလေးတိုင်းတွင် COVID-19 လူနာ သေဆုံးမှု (၂၅)ဦးရှိလာ


 မန္တလေး၌ COVID-19 အတည်ပြုလူနာ နှစ်ဦး ထပ်မံ သေဆုံးပြန်၊ 


နှစ်ရက်အတွင်း လေးဦး သေဆုံးခြင်း ဖြစ်ပြီး မန္တလေးတိုင်းတွင် COVID-19 လူနာ သေဆုံးမှု (၂၅)ဦးရှိလာ၊


မောင်မင်းမော်၊ နိုဝင်ဘာ - ၂၄


မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းရှိ ဧရာဝတီ COVID-19  ရောဂါ ကုသရေးစင်တာ၌ ဆေးကုသမှု ခံယူနေသော အသက်(၅၀)ကျော်အရွယ် COVID-19 အတည်ပြုလူနာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး နိုဝင်ဘာ (၂၃)ရက် ညပိုင်းက ထပ်မံ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


သေဆုံးသူ နှစ်ဦးသည် အသက်(၅၀)ကျော်အရွယ်များ ဖြစ်ပြီး ချမ်းမြသာစည်မြို့နယ်နေ အမျိုးသားနှင့်  မြစ်သားမြို့နယ်နေ အမျိုးသမီးတို့ ဖြစ်ကြောင်း ရုပ်အလောင်းများအား မီးသင်္ဂြိုဟ်ပေးခဲ့သည့် ပရဟိတမင်းခေါင် လူမှုကူညီရေးအသင်း တာဝန်ရှိသူများက Mandalay In-depth News အား ပြောသည်။


"ဆုံးတာက ညပိုင်းလောက်က ဆုံးတာဖြစ်မယ်။ သူတို့က မနက်ကြမှ ပို့ကြတာများတယ် Dead body (ရုပ်အလောင်း) ကို။  အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်ပါ" ဟု ပရဟိတမင်းခေါင် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။


ချမ်းမြသာစည်မြို့နယ်နေ COVID-19 အတည်ပြုလူနာတစ်ဦး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ သတင်းကြားသိရသော်လည်း အတိအကျ မသိရသေးဘဲ အချက်အလက်များ စိစစ်နေဆဲဟု ချမ်းမြသာစည်မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းက ပြောသည်။


အထက်ပါ COVID-19 အတည်ပြုလူနာ နှစ်ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို သေဆုံးရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဆေးရုံတာဝန်ရှိသူနှင့် ကျန်းမာရေးဌာန တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားသူ မရှိပါ။


နိုဝင်ဘာ(၂၂)ရက် ညပိုင်းနှင့် (၂၃)ရက် နံနက်ပိုင်းကလည်း မန္တလေးမြို့ ဧရာဝတီ COVID-19 ကုသရေး စင်တာ၌ ကုသမှုခံယူနေသည့် COVID-19 အတည်ပြုလူနာများဖြစ်သော အမရပူရမြို့နယ်၊ မြစ်ငယ်ရပ်ကွက်နေ အသက်(၇၇) နှစ်အရွယ် ဆီးချို၊ သွေးတိုး ရောဂါရှိသူ အမျိုးသားတစ်ဦးနှင့် ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည် တောင်ရပ်ကွက်နေ အသက် (၅၅)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရာ မန္တလေး၌ နှစ်ရက်အတွင်း COVID-19 အတည်ပြုလူနာ လေးဦး သေဆုံးခြင်း ဖြစ်သည်။


မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ် ဒုတိယလှိုင်းကာလ စက်တင်ဘာမှ ယနေ့ နိုဝင်ဘာ (၂၄)ရက်အထိ COVID-19 ရောဂါ အတည်ပြုလူနာ သေဆုံးသူ (၂၅)ဦးအထိ ရှိလာသည်။ 


သေဆုံးသူများသည် ချမ်းအေးသာစံမြို့နယ်မှ (၇)ဦး၊ မဟာအောင်မြေမြို့နယ်မှ (၅)ဦး၊ အောင်မြေသာစံနှင့် အမရပူရမြို့နယ်မှ (၃)ဦးစီ၊ ချမ်းမြသာစည်မြို့နယ်မှ (၂)ဦး၊ ပုသိမ်ကြီး၊ မြင်းခြံ၊ မိုးကုတ်နှင့် မြစ်သားမြို့နယ်များမှ တစ်ဦးစီနှင့် စစ်ကိုင်းမှ တစ်ဦး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။


မန္တလေးတွင် COVID-19 ရောဂါ ကူးစက်မှုများလည်း မြင့်တက်နေပြီး နိုဝင်ဘာ(၂၃)ရက်အထိ မန္တလေးခရိုင် ခုနှစ်မြို့နယ်အတွင်း COVID-19 ရောဂါ အတည်ပြုလူနာ (၃၄၀၀)ကျော် ရှိပြီး တစ်တိုင်းလုံး အနေဖြင့် COVID-19 အတည်ပြုလူနာ (၄၃၀၀)၀န်းကျင် ရှိသည်။ဘမန္တလေးတိုင်းအတွင်းရှိ COVID-19 အတည်ပြုလူနာများအနက် နိုဝင်ဘာ(၂၁)ရက်အထိ ဆေးရုံဆင်းခွင့်ရသူ (၂၅၀၀)ကျော် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။


သေဆုံးသူများကို ပို့ဆောင် သင်္ဂြိုဟ်စဉ်/ Photo - ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့


https://www.facebook.com/mandalayindepthnews


#Mandalay_Indepth_News #MandalayInDepthNews #COVID-19 #မန္တလေး #သေဆုံး 

.


မန္တလေး၌ COVID-19 အတည်ပြုလူနာ နှစ်ဦး ထပ်မံ သေဆုံးပြန်၊ 


နှစ်ရက်အတွင်း လေးဦး သေဆုံးခြင်း ဖြစ်ပြီး မန္တလေးတိုင်းတွင် COVID-19 လူနာ သေဆုံးမှု (၂၅)ဦးရှိလာ၊


မောင်မင်းမော်၊ နိုဝင်ဘာ - ၂၄


မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းရှိ ဧရာဝတီ COVID-19  ရောဂါ ကုသရေးစင်တာ၌ ဆေးကုသမှု ခံယူနေသော အသက်(၅၀)ကျော်အရွယ် COVID-19 အတည်ပြုလူနာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး နိုဝင်ဘာ (၂၃)ရက် ညပိုင်းက ထပ်မံ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


သေဆုံးသူ နှစ်ဦးသည် အသက်(၅၀)ကျော်အရွယ်များ ဖြစ်ပြီး ချမ်းမြသာစည်မြို့နယ်နေ အမျိုးသားနှင့်  မြစ်သားမြို့နယ်‌နေ အမျိုးသမီးတို့ ဖြစ်ကြောင်း ရုပ်အလောင်းများအား မီးသင်္ဂြိုဟ်ပေးခဲ့သည့် ပရဟိတမင်းခေါင် လူမှုကူညီရေးအသင်း တာ၀န်ရှိသူများက Mandalay In-depth News အား ပြောသည်။


"ဆုံးတာက ညပိုင်းလောက်က ဆုံးတာဖြစ်မယ်။ သူတို့က မနက်ကြမှ ပို့ကြတာများတယ် Dead body (ရုပ်အလောင်း) ကို။  အမျိုးသားတစ်‌ယောက်၊ အမျိုးသမီးတစ်ယောက်ပါ" ဟု ပရဟိတမင်းခေါင် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။


ချမ်းမြသာစည်မြို့နယ်နေ COVID-19 အတည်ပြုလူနာတစ်ဦး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ သတင်းကြားသိရသော်လည်း အတိအကျ မသိရသေးဘဲ အချက်အလက်များ စိစစ်‌နေဆဲဟု ချမ်းမြသာစည်မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းက ပြောသည်။


အထက်ပါ COVID-19 အတည်ပြုလူနာ နှစ်ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို သေဆုံးရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဆေးရုံတာ၀န်ရှိသူနှင့် ကျန်းမာရေးဌာန တာ၀န်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားသူ မရှိပါ။


နို၀င်ဘာ(၂၂)ရက် ညပိုင်းနှင့် (၂၃)ရက် နံနက်ပိုင်းကလည်း မန္တလေးမြို့ ဧရာ၀တီ COVID-19 ကုသရေး စင်တာ၌ ကုသမှုခံယူနေသည့် COVID-19 အတည်ပြုလူနာများဖြစ်သော အမရပူရမြို့နယ်၊ မြစ်ငယ်ရပ်ကွက်နေ အသက်(၇၇) နှစ်အရွယ် ဆီးချို၊ သွေးတိုး ရောဂါရှိသူ အမျိုးသားတစ်ဦးနှင့် ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည် တောင်ရပ်ကွက်နေ အသက် (၅၅)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရာ မန္တလေး၌ နှစ်ရက်အတွင်း COVID-19 အတည်ပြုလူနာ လေးဦး သေဆုံးခြင်း ဖြစ်သည်။


မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ် ဒုတိယလှိုင်းကာလ စက်တင်ဘာမှ ယနေ့ နိုဝင်ဘာ (၂၄)ရက်အထိ COVID-19 ရောဂါ အတည်ပြုလူနာ သေဆုံးသူ (၂၅)ဦးအထိ ရှိလာသည်။ 


သေဆုံးသူများသည် ချမ်းအေးသာစံမြို့နယ်မှ (၇)ဦး၊ မဟာအောင်မြေမြို့နယ်မှ (၅)ဦး၊ အောင်မြေသာစံနှင့် အမရပူရမြို့နယ်မှ (၃)ဦးစီ၊ ချမ်းမြသာစည်မြို့နယ်မှ (၂)ဦး၊ ပုသိမ်ကြီး၊ မြင်းခြံ၊ မိုးကုတ်နှင့် မြစ်သားမြို့နယ်များမှ တစ်ဦးစီနှင့် စစ်ကိုင်းမှ တစ်ဦး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။


မန္တလေးတွင် COVID-19 ရောဂါ ကူးစက်မှုများလည်း မြင့်တက်နေပြီး နိုဝင်ဘာ(၂၃)ရက်အထိ မန္တလေးခရိုင် ခုနှစ်မြို့နယ်အတွင်း COVID-19 ရောဂါ အတည်ပြုလူနာ (၃၄၀၀)ကျော် ရှိပြီး တစ်တိုင်းလုံး အနေဖြင့် COVID-19 အတည်ပြုလူနာ (၄၃၀၀)၀န်းကျင် ရှိသည်။ဘမန္တလေးတိုင်းအတွင်းရှိ COVID-19 အတည်ပြုလူနာများအနက် နို၀င်ဘာ(၂၁)ရက်အထိ ဆေးရုံဆင်းခွင့်ရသူ (၂၅၀၀)ကျော် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။


သေဆုံးသူများကို ပို့ဆောင် သင်္ဂြိုဟ်စဉ်/ Photo - ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့


https://www.facebook.com/mandalayindepthnews


#Mandalay_Indepth_News #MandalayInDepthNews #COVID-19 #မန္တလေး #သေဆုံး 

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု