စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
မန္တလေးတိုင်းအတွင်း COVID-19 အတည်ပြုလူနာ သေဆုံးသူ(၂၁)ဦးနှင့် ပိုးကူးစက်သူ (၃၈၀၀)ကျော် ရှိလာ
မောင်မင်းမော်၊ နိုဝင်ဘာ - ၂၀
မန္တလေးတွင် နိုဝင်ဘာ (၁၉)ရက်က COVID-19 ရောဂါ အတည်ပြုလူနာ နှစ်ဦး ထပ်မံ သေဆုံးခဲ့ပြီး သေဆုံးသူများသည် မိုးကုတ်နှင့် ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူများ ဖြစ်ကြောင်း တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။
အထက်ပါ ကော်မတီ၏ ထုတ်ပြန်ချက်တွင် သေဆုံးသူနှစ်ဦး နေထိုင်ရာ မြို့နယ်များကိုသာ ဖော်ပြထားပြီး အသက်အရွယ်၊ သေဆုံးရသည့် အကြောင်းအရင်းနှင့် မည်သည့် ဆေးရုံတွင် တက်ရောက်ကုသနေသည် ဆိုသော အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြထားခြင်း မရှိပါ။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အားကစားကွင်းရှိ ဧရာဝတီ COVID-19 ကုသရေး စင်တာ၌ တက်ရောက်ကုသနေသော COVID-19 အတည်ပြုလူနာတစ်ဦး နိုဝင်ဘာ (၁၉)ရက် ည (၇)နာရီခွဲ ၀န်းကျင်က သေဆုံးခဲ့ကြောင်း ၄င်းစင်တာ၏ တာဝန်ရှိ ဆရာဝန်တစ်ဦးက Mandalay In-depth News အား အတည်ပြု ပြောကြားသည်။ သို့သော် သေဆုံးသူ အတည်ပြုလူနာနှင့် ပတ်သက်သည့် အချက်အလက်များကိုမူ ၎င်းက ဖြေကြားခြင်း မရှိသေးပေ။
ဧရာဝတီစင်တာ၌ တက်ရောက်ကုသနေစဉ် နိုဝင်ဘာ (၁၉)ရက်က သေဆုံးခဲ့သည် COVID-19 အတည်ပြုလူနာသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဘုရားကြီး အရှေ့မုဒ် အနီးဝန်းကျင်မှ သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း ရုပ်အလောင်းကို မီးသင်္ဂြိုပေးခဲ့သည့် ပရဟိတမင်းခေါင် လူမှုကူညီရေးအသင်း တာဝန်ရှိသူက Mandalay In-depth News အား ပြောသည်။
မိုးကုတ်မြို့မှ သေဆုံးသူ အတည်ပြုလူနာနှင့် ပတ်သက်၍ မိုးကုတ်မြို့၌ ယနေ့အထိ COVID-19 အတည်ပြုလူနာ သေဆုံးခြင်းမျိုး မရှိကြောင်း၊ မန္တလေး၌ ကုသနေသော လူနာ ဖြစ်နိုင်ကြောင်း မိုးကုတ်မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင် တစ်ဦးက ပြောသည်။
အထက်ပါ သေဆုံးသူနှစ်ဦးအပါအဝင်မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ် ဒုတိလှိုင်းကာလ စက်တင်ဘာမှ ယနေ့ နိုဝင်ဘာ (၂၀)ရက်အထိ COVID-19 ရောဂါ အတည်ပြုလူနာ သေဆုံးသူ (၂၁)ဦး ရှိပြီဖြစ်သည်။
သေဆုံးသူများတွင် ချမ်းအေးသာစံမြို့နယ်မှ (၇)ဦး၊ မဟာအောင်မြေမြို့နယ်မှ (၅)ဦး၊ အောင်မြေသာစံမြို့နယ်မှ (၃)ဦး၊ အမရပူရမြို့နယ်မှ (၂)ဦးနှင့် ပုသိမ်ကြီး၊ မြင်းခြံ၊ မိုးကုတ်တို့မှ တစ်ဦးစီနှင့် စစ်ကိုင်းမှ တစ်ဦး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။
ယနေ့ နိုဝင်ဘာ(၂၀)ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်း၌ COVID-19 အတည်ပြုနာ (၃၈၉၆) ဦး ရှိပြီး ၎င်းတို့အနက် ဆေးရုံဆင်းသူ(၂၅၁၂)ဦး၊ လက်ရှိ ဆေးရုံတက်ရောက်နေဆဲ (၁၃၆၃) ဦးနှင့် သေဆုံးသူ (၂၁) ဦးရှိ ကြောင်း အထက်ပါ ကော်မတီက ထုတ်ပြန်သည်။
တစ်နိုင်ငံလုံး အနေဖြင့် နိုဝင်ဘာ(၁၉)ရက်အထိ COVID-19 အတည်ပြုလူနာ (၇၄,၈၈၂)ဦး ရှိပြီး ၎င်းတို့အနက် ဆေးရုံမှ ဆင်းသူ (၅၅,၆၃၃)ဦးနှင့် သေဆုံးသူ (၁,၆၇၆)ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။
သေဆုံးခဲ့သည့် COVID-19 အတည်ပြုလူနာတစ်ဦးကို သဂြိုဟ်ရန် ပို့ဆောင်စဉ်/ Photo – Swan Pyae Aung (RESCUE)
https://www.facebook.com/mandalayindepthnews
#Mandalay_Indepth_News #MandalayInDepthNews #COVID-19 #မန္တလေး #ရောဂါကူးစက် #သေဆုံး
.
မန္တလေးတွင် COVID-19 အတည်ပြုလူနာ နှစ်ဦး ထပ်မံ သေဆုံး၊
မန္တလေးတိုင်းအတွင်း COVID-19 အတည်ပြုလူနာ သေဆုံးသူ(၂၁)ဦးနှင့် ပိုးကူးစက်သူ (၃၈၀၀)ကျော် ရှိလာ
မောင်မင်းမော်၊ နိုဝင်ဘာ - ၂၀
မန္တလေးတွင် နိုဝင်ဘာ (၁၉)ရက်က COVID-19 ရောဂါ အတည်ပြုလူနာ နှစ်ဦး ထပ်မံ သေဆုံးခဲ့ပြီး သေဆုံးသူများသည် မိုးကုတ်နှင့် ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူများ ဖြစ်ကြောင်း တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။
အထက်ပါ ကော်မတီ၏ ထုတ်ပြန်ချက်တွင် သေဆုံးသူနှစ်ဦး နေထိုင်ရာ မြို့နယ်များကိုသာ ဖော်ပြထားပြီး အသက်အရွယ်၊ သေဆုံးရသည့် အကြောင်းအရင်းနှင့် မည်သည့် ဆေးရုံတွင် တက်ရောက်ကုသနေသည် ဆိုသော အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြထားခြင်း မရှိပါ။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အားကစားကွင်းရှိ ဧရာဝတီ COVID-19 ကုသရေး စင်တာ၌ တက်ရောက်ကုသနေသော COVID-19 အတည်ပြုလူနာတစ်ဦး နိုဝင်ဘာ (၁၉)ရက် ည (၇)နာရီခွဲ ၀န်းကျင်က သေဆုံးခဲ့ကြောင်း ၄င်းစင်တာ၏ တာဝန်ရှိ ဆရာဝန်တစ်ဦးက Mandalay In-depth News အား အတည်ပြု ပြောကြားသည်။ သို့သော် သေဆုံးသူ အတည်ပြုလူနာနှင့် ပတ်သက်သည့် အချက်အလက်များကိုမူ ၎င်းက ဖြေကြားခြင်း မရှိသေးပေ။
ဧရာဝတီစင်တာ၌ တက်ရောက်ကုသနေစဉ် နိုဝင်ဘာ (၁၉)ရက်က သေဆုံးခဲ့သည် COVID-19 အတည်ပြုလူနာသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဘုရားကြီး အရှေ့မုဒ် အနီးဝန်းကျင်မှ သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း ရုပ်အလောင်းကို မီးသင်္ဂြိုပေးခဲ့သည့် ပရဟိတမင်းခေါင် လူမှုကူညီရေးအသင်း တာဝန်ရှိသူက Mandalay In-depth News အား ပြောသည်။
မိုးကုတ်မြို့မှ သေဆုံးသူ အတည်ပြုလူနာနှင့် ပတ်သက်၍ မိုးကုတ်မြို့၌ ယနေ့အထိ COVID-19 အတည်ပြုလူနာ သေဆုံးခြင်းမျိုး မရှိကြောင်း၊ မန္တလေး၌ ကုသနေသော လူနာ ဖြစ်နိုင်ကြောင်း မိုးကုတ်မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင် တစ်ဦးက ပြောသည်။
အထက်ပါ သေဆုံးသူနှစ်ဦးအပါအဝင်မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ် ဒုတိလှိုင်းကာလ စက်တင်ဘာမှ ယနေ့ နိုဝင်ဘာ (၂၀)ရက်အထိ COVID-19 ရောဂါ အတည်ပြုလူနာ သေဆုံးသူ (၂၁)ဦး ရှိပြီဖြစ်သည်။
သေဆုံးသူများတွင် ချမ်းအေးသာစံမြို့နယ်မှ (၇)ဦး၊ မဟာအောင်မြေမြို့နယ်မှ (၅)ဦး၊ အောင်မြေသာစံမြို့နယ်မှ (၃)ဦး၊ အမရပူရမြို့နယ်မှ (၂)ဦးနှင့် ပုသိမ်ကြီး၊ မြင်းခြံ၊ မိုးကုတ်တို့မှ တစ်ဦးစီနှင့် စစ်ကိုင်းမှ တစ်ဦး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။
ယနေ့ နိုဝင်ဘာ(၂၀)ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်း၌ COVID-19 အတည်ပြုနာ (၃၈၉၆) ဦး ရှိပြီး ၎င်းတို့အနက် ဆေးရုံဆင်းသူ(၂၅၁၂)ဦး၊ လက်ရှိ ဆေးရုံတက်ရောက်နေဆဲ (၁၃၆၃) ဦးနှင့် သေဆုံးသူ (၂၁) ဦးရှိ ကြောင်း အထက်ပါ ကော်မတီက ထုတ်ပြန်သည်။
တစ်နိုင်ငံလုံး အနေဖြင့် နို၀င်ဘာ(၁၉)ရက်အထိ COVID-19 အတည်ပြုလူနာ (၇၄,၈၈၂)ဦး ရှိပြီး ၎င်းတို့အနက် ဆေးရုံမှ ဆင်းသူ (၅၅,၆၃၃)ဦးနှင့် သေဆုံးသူ (၁,၆၇၆)ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။
သေဆုံးခဲ့သည့် COVID-19 အတည်ပြုလူနာတစ်ဦးကို သဂြိုဟ်ရန် ပို့ဆောင်စဉ်/ Photo – Swan Pyae Aung (RESCUE)
https://www.facebook.com/mandalayindepthnews
#Mandalay_Indepth_News #MandalayInDepthNews #COVID-19 #မန္တလေး #ရောဂါကူးစက် #သေဆုံး
.
Comments
Post a Comment