စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
လာပါပြီ နောက်ကာကွယ်ဆေးတစ်မျိုး။
ပြီးခဲ့တဲ့တစ်ပါတ်က 90% နဲ့အထက် ထိရောက်မှုရှိတယ်ဆိုတဲ့ Pfizer ရဲ့ ကာကွယ်ဆေးကို ကြေညာနိုင်ခဲ့ကြတယ်။ အခုကြေညာလိုက်တဲ့ Moderna ရဲ့ ကာကွယ်ဆေးကတော့ 94.5% ထိရောက်မှု ရှိတယ်တဲ့။
သူလည်း နှစ်ကြိမ်ထိုးရမှာပဲ။ ဒါပေမယ့် Pfizer ရဲ့ ဆေးထက် သာသွားတာက ဆေးကိုသိမ်းဖို့အတွက် အပူချိန် -20 ဒီဂရီ စင်တီဂရိတ်ပဲ လိုတော့မယ်။ တစ်ခြား ကာကွယ်ဆေးတွေနဲ့ အတူတူလောက် ဖြစ်သွားပြီ။ Pfizer ရဲ့ဆေးက -75 ဒီဂရီလောက်ထိ လိုအပ်တာမို့လို့ ခေါင်းစားနေကြတာ။ သူ့အတွက် အအေးခန်းတွေ ထပ်လုပ်ရမလို ဖြစ်နေတာ။ ပြီးတော့ Pfizer ရဲ့ဆေးက ရေခဲခန်းထဲမှာ (၅) ရက်ပဲအထားခံမယ်။ သူက ရက် (၃၀) တောင် အထားခံမယ်။
သူသာတယ် ငါသာတယ်ဆိုတာ အချက်အလက်အရ ပြောရပေမယ့် လက်တွေ့မှာ ရသမျှဆေးအကုန်လုံးကို အသုံးချကြရမှာပဲ။ အမေရိကမှာတော့ ဧပြီ၊ မေ၊ ဂျွန် လတွေမှာ အများကို စထိုးပေးနိုင်တော့မယ် တဲ့။ တစ်ကယ့်ကို ဝမ်းသာစရာ သတင်းကောင်းတစ်ခုပါပဲ...
https://edition.cnn.com/2020/11/16/health/moderna-vaccine-results-coronavirus/index.html
Comments
Post a Comment