စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

COVAX Facility ၏ COVID-19 ကာကွယ်ဆေး ပေါ်ပေါက်လာပါက သက်သာသော စျေးနှုန်းဖြင့် အချိုးကျ ဝယ်ယူနိုင်မည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်


 COVAX Facility ၏ COVID-19 ကာကွယ်ဆေး ပေါ်ပေါက်လာပါက သက်သာသော စျေးနှုန်းဖြင့် အချိုးကျ ဝယ်ယူနိုင်မည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အကျုံးဝင် ပါဝင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းမှ သိရသည်။


ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရည်အသွေး ပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်ရေးအတွက် ရန်ပုံငွေများ အဓိက ထောက်ပံ့ပေးနေသည့် Gavi, The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility မှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် COVID-19 ကာကွယ်ဆေး ရရှိစေရေး ပံ့ပိုးမည့် အစီအစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် Gavi, The Vaccine Alliance အဖွဲ့၏ အရှေ့တောင်အာရှဒေသနှင့် အရှေ့ပစိဖိတ် ဒေသဆိုင်ရာ ဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေပြီး ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေးရရှိရေး အလေးထား ဆွေးနွေးထားကြောင်းလည်း သိရသည်။



လက်ရှိ အမေရိကန် ဆေးကုမ္ပဏီကြီး Pfizer က ၎င်း၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် ရာခိုင်နှုန်း ၉၀ ထိရောက်ကြောင်း တွေ့ရှိခဲ့ပြီး စျေးကွက်အတွင်း ဖြန့်ချိ၍ ကပ်ရောဂါ အခြေအနေ ဆိုးကြီးကို အဆုံးသတ်စေရန် မျှော်လင့်ထားကြောင်း နိုဝင်ဘာ ၉ ရက်၌ ထုတ်ပြန်ခဲ့သည်။


အမေရိကန်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ သန်း အပါအဝင် ကမ္ဘာတစ်ဝန်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ သန်း ၅၀ ကျော် မြင့်တက်နေသည့် အချိန်တွင် Pfizer ဆေးကုမ္ပဏီကြီးက ၎င်း၏ ဗိုင်းရပ်စ်ကာကွယ်ဆေးကို လူလေးသောင်းကျော် စမ်းသပ်ရာ၌ ရာခိုင်နှုန်း ၉၀ ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့ပြီး ယင်းရလဒ်သည် အရေးပါသည့် အောင်မြင်မှု မှတ်တိုင်တစ်ရပ် ဖြစ်သည်ဟု ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။


ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံတွင် ပထမဆုံး ပေါ်ပေါက်ခဲ့သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်းတွင် တင်းကျပ်သည့် ကန့်သတ်ချက် စည်းမျဉ်းများ ထုတ်ပြန်ခဲ့ကြပြီးနောက် ယင်းသေစေနိုင်သည့် ဗိုင်းရပ်စ်ကူးစက်မှု သံသရာကို တားမြစ်နိုင်ရန် ထိရောက်သည့် ကာကွယ်ဆေးတစ်ရပ် ထွက်ပေါ်လာရေးသည် အကောင်းဆုံး မျှော်လင့်ချက် တစ်ခုအဖြစ် ကမ္ဘာ့နိုင်ငံများက ရှုမြင်ထားကြသည်။


ဥရောပတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးရန် လူ ၁၀ သန်းကျော် အသွားအလာ ကန့်သတ်ချက် ထုတ်ပြန်မှုအောက်၌ နေထိုင်ကြရပြီး သန်းနှင့်ချီသည့် စီးပွားရေး လုပ်ငန်းရှင်များမှာ ၎င်းတို့၏ လုပ်ငန်းများကို ပိတ်ထားရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ ယင်းကန့်သတ်ချက် စည်းမျဉ်းများကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ထိခိုက်နစ်နာမှုများ ကြုံတွေ့နေရသော်လည်း ကမ္ဘာတစ်ဝန်းရှိ အစိုးရများသည် ၎င်းတို့၏ ပြည်သူများကို ကာကွယ်ပေးနိုင်ရန် ကာကွယ်ဆေး ထွက်ရှိမည့် အချိန်ကို မျှော်လင့်နေကြသည်။


“ကပ်ရောဂါ အခြေအနေဆိုးကြီးက လွတ်မြောက်ပြီး ကမ္ဘာတစ်ဝန်းက လူတွေကို ကူညီဖို့အတွက် ကာကွယ်ဆေး စမ်းသပ်မှုဟာ အောင်မြင်ဖို့ နီးစပ်လာပါပြီ” ဟု Pfizer ဥက္ကဋ္ဌ Bourla က ပြောကြားထားသည်။


Source:


https://news-eleven.com/article/197795

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု