စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မြန်မာနိုင်ငံက နိုင်ငံရေးရေချိန်နိမ့်လွန်း၍ဖြစ်ချင်ရာဖြစ်နေဟု သမ္မတရုံးဝန်ကြီးဟောင်းဦးစိုးမောင်ပြော


 “မြန်မာနိုင်ငံက နိုင်ငံရေးရေချိန်နိမ့်လွန်း၍ဖြစ်ချင်ရာဖြစ်နေဟု သမ္မတရုံးဝန်ကြီးဟောင်းဦးစိုးမောင်ပြော”

-နယူတန်၏နိယာမအတိုင်းသက်ရောက်မှုတိုင်းသည် တန်ပြန်သက်ရောက်မှုရှိမည်ဟုဆို


ထက်အာကာကျော်/7Day News


၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နေရာမျှအနိုင်မရခဲ့သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုးမောင်က မြန်မာနိုင်ငံသည် နိုင်ငံရေးရေချိန်နိမ့်လွန်းသည့်အတွက် ဖြစ်ချင်ရာဖြစ်နေသည်ဟု ယနေ့ ပြောဆိုသည်။


ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတဦးသိန်းစိန်လက်ထက် သမ္မတရုံးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူ ဦးစိုးမောင်က ယင်းသို့ထည့်သွင်းပြောဆိုခြင်းဖြစ်ပြီး ပြည်သူလူထု အနေဖြင့် ဒီမိုကရေစီလိုချင်ပါက သစ္စာရှိရန်၊ သတ္တိရှိရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။


“ကျွန်တော်တို့တိုင်းပြည်မှာ အခုဟာက နိုင်ငံရေးနဲ့ ပတ်သက်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မဲရွေးကောက်ပွဲကိစ္စ လေးကိုပဲ ဦးတည်ပြောတာဖြစ်ပါတယ်။ နောင်တစ် ချိန်မှာ ဒါ့ထက်ကျယ်ပြန့်တဲ့ဆွေးနွေးပွဲတွေ ရှင်းပြချိန်ရရင် ရှင်းပြပါဦးမယ်။ အဲဒီတော့ ကျွန်တော်တို့ကတတ်နိုင်သလောက်တော့ လူထုကြီးကို ဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်နိုင်သမျှရောက်အောင် ဆွဲတင်ပေးပါ့မယ်” ဟု ဦးစိုးမောင်က ပြောသည်။


အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဥက္ကဋ္ဌဦးစိုးမောင်အပါအဝင် ကိုယ်စားလှယ်လောင်း ၁၀၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တစ်နေရာမျှ အနိုင်မရခဲ့ပေ။


အထက်ပါပြောကြားချက်အပေါ် နိုင်ငံရေးလေ့လာစောင့်ကြည့်သူ၊ စာရေးဆရာဦးသန်းစိုးနိုင်က ဦးစိုးမောင်သည်  စစ်သားဘဝဖြင့် ရာထူးခန့်သည့်နိုင်ငံရေးကိုသာ ဖြတ်သန်းဖူးသူဖြစ်ပြီး လက်တွေ့နိုင်ငံရေး၊ လူထုအမြင်ကို အခြေပြုလှုပ်ရှားမည့်အခြေအနေကို နားလည်နိုင်စွမ်းရှိသူမဟုတ်ကြောင်း ဝေဖန်သည်။


လက်တွေ့တွင် မြန်မာပြည်သူလူထုသည် နိုင်ငံရေးရေချိန်မြင့်မားပြီးအကင်းပါးကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီကို တောင်ပြိုကမ်းပြို ဆန္ဒမဲပေးခဲ့ကြပြီး ယခု ၂၀၂၀ တွင်လည်း ပြည်ခိုင်ဖြိုးနှင့် ပြတ်သားစွာလမ်းခွဲကြောင်းဖော်ပြရန်နှင့် ရှင်းလင်းစွာအနိုင်ရစေရန် လုပ်ဆောင်ရမည်ကို သဘောပေါက်သည့်အတွက် ၂၀၁၅ ထက်ပိုမိုအနိုင်ရအောင်  ဆန္ဒမဲပေးခဲ့ခြင်းဖြစ်သည်ဟု ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။


“အဲဒီလို လူထုမျိုးကို နိုင်ငံရေးရေချိန်နိမ့်တယ်လို့ပြောနေသူက နိုင်ငံရေးအရအတော်အောက်တန်းကျတယ်လို့ပဲ ကျွန်တော်ပြောချင်တယ်” ဟု ၎င်းက ဆက်ပြောသည်။


ပြည်ခိုင်ဖြိုးရုံး၌ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ဦးစိုးမောင်က ဥပဒေအတိုင်းတိတိကျကျဖြစ်စေရန် ထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံကဆောင်ရွက်နေပြီး သက်ဆိုင်သည့်တာဝန်ရှိသူများအနေဖြင့် ယင်းအပေါ် လေးစားမှုမရှိဘဲ လျစ်လျူရှုနေပါက နယူတန်၏နိယာမအတိုင်း သက်ရောက်မှုတိုင်းသည် တန်ပြန်သက်ရောက် မှုရှိမည်ဆိုသည်ကို သတိပေးခဲ့သည်။


https://7day.news/detail?id=206720

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု