စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ဒေါက်တာနန္ဒာလှမြင့်မှရန်ကုန်ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များကိုဝေဖန်ပြီ သူကိုယ်တိုင်လည်းမကြာမှီပါတီမှ နှုတ်ထွက်ရန် ထွက်စာ တင်ထားပြီဖြစစ်ကြောင်းသိရ


 #ဒေါက်တာနန္ဒာလှမြင့်မှရန်ကုန်ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များကိုဝေဖန်ပြီ သူကိုယ်တိုင်လည်းမကြာမှီပါတီမှ နှုတ်ထွက်ရန် ထွက်စာ တင်ထားပြီဖြစစ်ကြောင်းသိရ


နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီး နောက်တစ်နေ့တွင် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဝင်များက ရွေးကောက်ပွဲ အသစ်ကျင်းပပေးရန်နှင့် ယခုရွေးကောက်ပွဲရလဒ်ကို လက်မခံကြောင်းပြောခဲ့ခြင်းသည် ပြည်ခိုင်ဖြိုးဗဟိုကော်မတီ၏ မှတ်ချက်မဟုတ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆက်ပြောသည်။


ပါတီဗဟိုဌာနချုပ်ကခေါင်းဆောင်တွေက ဘာမှမသိရဘူး။ လှမ်းလည်းမတိုင်ပင်ဘူး။ ငါ့စကားနွားရစကားတွေနဲ့ အရှုံးကြီးရှုံးသွားခဲ့ရတာတောင် စောက်မှတ်မရှိ ပြည်သူတွေ ပိုမုန်းအောင်လုပ်နေသလိုဖြစ်နေတယ်။ ကျွန်တော်လည်း ပါတီအပေါ်သံယောဇဉ်ရှိပေမယ့် သူတစ်လူငါတစ်မင်းဖြစ်သွားတဲ့ပါတီကြီးမှာဆက်မလုပ်ချင်တော့ဘူး။ ကျွန်တော်နှုတ်ထွက်စာ မကြာမီတင်တော့မှာပါလို့ဒေါက်တာနန္ဒာလှမြင့်မှပြောသည်။


“အခုလက်ရှိအခြေအနေအထိ ကျွန်တော်တို့မဆုံးဖြတ်ရသေးဘူး။ အခုကဖြစ်စဉ်တွေကို ဖော်ထုတ်နေတုန်းပဲ ရှိသေးတယ်။ ရွေးကောက်ပွဲအသစ်လုပ်ဖို့ဆိုတာက ကျွန်တော်တို့ဗဟိုက Policy(မူဝါဒ)မဟုတ်ပါဘူး။ ရန်ကုန်တိုင်းက ပြောတာပါ”ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။


ရွေကောက်ပွဲအပြီး ပထမဆုံးအကြိမ်ပြုလုပ်သော ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုမှုများသည် ရန်ကုန်တိုင်းအတွင်း တရားမဲ့ပြုကျင့်မှုများကို ဖော်ထုတ်ခြင်းသာဖြစ်ပြီး ယင်းပွဲတွင်ပြောဆိုမှုအချို့သည် ဗဟိုကော်မတီ၏ မူဝါဒမဟုတ် ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ရှင်းပြသည်။


https://myanmar.mmtimes.com/news/147370.html


🇲🇲အမှန်တရားဘက်တော်သားများအုပ်စု

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု