စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
တိုင်ကြား
=====================================
ရန်ကုန်တိုင်းဒေသကြီး ၊ဆိပ်ကြီးခနောင်တို့မြို့နယ်တွင် ဒေသခံအလှူရှင်ကမြို့နယ်ကြက်ခြေနီအဖွဲ့ကိုလူနာတင်ယာဉ်လှူဒါန်းသောအခမ်းအနားပြုလုပ်ရာတွင်လူ၃၀ဦးထက်ပိုသည်ဟုဆိုကာယင်းအခမ်းအနားကျင်းပသူများကိုအရေးယူပေးပါရန် သက်ဆိုင်ရာသို့တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးအမှတ်၂လွှတ်တော်ကိုယ်စားလှယ်ဦးတင့်ဆွေကပြောသည်။
"ကျွန်တော်တို့မြို့နယ်မှာ ကိုဗစ်နဲ့သေဆုံးတာ၁၁ဦးရှိပါပြီ ကူးစက်ခံရတာက၃၀၀ကျော်ပါပြီဒါကြောင့်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့စိုးရိမ်လို့တိုင်ကြားရတာပါ အဲ့ဒီနေ့မှာတင်အခမ်းအနားတက်တဲ့ကောင်လေးတစ်ယောက်မူးလဲသွားတယ်ချက်ချင်းစစ်ဆေးနေတယ်လို့သိရပါတယ်ဒီလိုအခြေအနေတွေကဘာမှန်းမသိရှုပ်ထွေးနေတာပါ"ဟုတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင့်ဆွေကပြောသည်။
ဖြစ်စဉ်မှာနိုဝင်ဘာလ၂၁ရက်နေ့ကဆိပ်ကြီးခနောင်တိုမြို့နယ်ရှိဓမ္မပီတိကျောင်းတိုက်တွင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဇော်ဦးဆောင်ကာချောင်းဝိုင်းလေးရပ်ကွက်မှအလှူရှင်ဦးအောင်မျိုး၊ဒေါ်သန်းသန့်ဆင့်တိုကမြို့နယ်ကြက်ခြေနီအဖွဲ့ကိုလူနာတင်ယာဉ်လှူဒါန်းရာလူ၃၀ထက်ပိုခဲ့သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင့်နိုင်ငံတော်ကကိုဗစ်ရောဂါနှင့်ပတ်သတ်၍ထုတ်ပြန်ထားသောထုတ်ပြန်ချက်များကိုလျစ်လျူရှု၍ဘေးအန္တရာယ်ကျရောက်နိုင်သည်ကိုသိလျက်တမင်ဆောင်ရွက်ခဲ့သည်ဟုဆိုကာအမှုဖွင့်တိုင်ကြားရခြင်းဖြစ်ကြောင်းသိရသည်။
Photo-ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကျန်းမာရေးဝန်ဆောင်မှုပေးနေသော လူနာတင်ယာဉ်တစ်စီးအားတွေ့ရစဉ်
Comments
Post a Comment