စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ငါးသိုင်းချောင်းမြို့ရှိ အပေါင်ဆိုင်တစ်ဆိုင်က အပေါင်ခံထားသည့် စက်ဘီးနှင့် ဆိုက်ကားများ အခမဲ့ပြန်ပေး


 ငါးသိုင်းချောင်းမြို့ရှိ အပေါင်ဆိုင်တစ်ဆိုင်က အပေါင်ခံထားသည့် စက်ဘီးနှင့် ဆိုက်ကားများ အခမဲ့ပြန်ပေး


ဇော်သစ်ဦး/ဧရာဝတီတိုင်းမ်

(ငါးသိုင်းချောင်း)နိုဝင်ဘာလ ၂၄  ရက်။


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ရှိ အပေါင်ဆိုင်တဆိုင်က ၎င်းတို့ဆိုင်၌ လာရောက်ပေါင်နှံထားသည့် စက်ဘီးနှင့်ဆိုက်ကားများကို အပေါင်လက်မှတ်ပြပါက အခမဲ့ပြန်ပေးမည် ဖြစ်ကြောင်း ၎င်းဆိုင်ပိုင်ရှင်၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။


၎င်းဆိုင်မှာ ငါးသိုင်းချောင်းမြို့ အောင်ဆန်းရပ်ကွက်

ဘုရင့်နောင်လမ်းတွင် ဖွင့်လှစ်ထားသော အပေါင်ဆိုင်ဖြစ်ပြီး ကိုဗစ်ကာလ အခြေခံလူတန်းစားများကို  ထောက်ပံ့သည့်အနေဖြင့် ဆိုင်တွင် လာရောက်ပေါင်နှံထားသည့် စက်ဘီးနှင့် ဆိုက်ကားများကို အခမဲ့ပြန်ပေးခြင်း 

ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်ထံမှ သိရသည်။


"ကိုဗစ်ကာလမှာ ထောက်ပံ့တဲ့အနေနဲ့ ဆိုင်မှာပေါင်ထားတဲ့ စက်ဘီးနှင့်ဆိုက်ကားကို အပေါင်လက်မှတ်ပြပါက အခမဲ့ ပြန်ပေးပါတာ"ဟု ဆိုင်ရှင်ဖြစ်သူ မခင်မာကြူက ဧရာဝတီတိုင်းမ်ကို ပြောသည်။


၎င်း၏ဆိုင်တွင် လာရောက်ပေါင်နှံထားသည့် စက်ဘီးအစီးရေ ၅၀ ကျော်နှင့် ဆိုက်ကား ၃၀ ကျော်ရှိနေကြောင်း ဆိုင်၏စာရင်းများအရ သိရသည်။


ယခုလိုကပ်ရောဂါအချိန်တွင် စီးပွားရေး အဆင်မပြေသဖြင့် ပေါင်ထားသည့် ပစ္စည်းကို အခမဲ့ပြန်ပေးသည့်အတွက် ၀မ်းသာပြီး ဆိုင်ပိုင်ရှင်အား အထူးကျေးဇူးတင်ပါကြောင်း စက်ဘီးနှင့်ဆိုက်ကားများကို လာရောက်ထုတ်ယူသူများ ထံမှသိရသည်။


ဓာတ်ပုံ - ဇော်သစ်ဦး(ဧရာ၀တီတိုင်းမ်)

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု