စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ကမ်းစပ်မှာပဲ ထားရစ်ခဲ့လိုက်ပါ


 

 #ကမ်းစပ်မှာပဲထားရစ်ခဲ့လိုက်ပါ



တစ်ခါက ရသေ့ နှစ်ပါး ဆွမ်းခံကြွပြီး ပြန်လာကြတော့ လမ်းမှာ  


ချောင်းတစ်ခုကို ဖြတ်ရပါ တယ်။ ဖြစ်ချင်တော့ အဲ့ဒီနေ့မှာ ချောင်းကူးတံတားက ကျိုးနေတဲ့အချိန်နဲ့ကြုံတယ်။ တံတားမရှိတဲ့အခါ ရေစီးနည်းနည်းသန်ပြီး ခါးလောက်အနက်ရှိတဲ့ ချောင်းရေထဲကနေပဲဖြတ်ကူးရတော့မယ့်အခြေအနေပေါ့။


ရသေ့နှစ်ပါးချောင်းကိုဖြတ်မယ့်အချိန်မှာပဲ အမျိုးသမီးတစ်ယောက်ကလည်း တစ်ဖက်ကမ်းကို ကူးဖို့အခက်တွေ့နေတဲ့ အချိန်နဲ့ ကြုံနေတယ်။ အဲ့ဒီအမျိုးသမီးက ဟိုဖက်ကမ်းကိုကူးဖို့ အခက်တွေ့နေတဲ့အတွက် ရသေ့နှစ်ပါးကို အကူအညီတောင်းပါတယ်။ 


တည်ငြိမ်ရင့်ကျက်တဲ့သွင်ပြင်ရှိတဲ့ရသေ့တစ်ပါးက ထိုအမျိုးသမီးကို သူ့ကျောပေါ်တင်ပြီး ဟိုဖက်ကမ်းကိုပို့လိုက်ပါတယ်။ ကျန်ရသေ့တစ်ပါးကတော့ ဒီကိစ္စနဲ့ပက်သက်ပြီး စိတ်ထဲ ဘဝင်မကျတဲ့အတွေးက တစ်လမ်းလုံးတွေးလာတယ်။




အဲ့ဒီအတွေးဝင်နေတဲ့ ရသေ့က


နောက်တစ်နေ့ကျ မာတုဂါမကို​ကျောပိုးပြီး တစ်ဖက်ကမ်းရောက်အောင် ကူညီပေးခဲ့တဲ့ ရသေ့ကြီးကို အပြစ်တင်ပြောဆိုပါတယ်။


''အရှင်ရ​သေ့... လူမြင်မတင့်တယ်တဲ့အပြုအမူကို ဘာကြောင့်များပြုခဲ့တာလဲ'' မေးတဲ့အခါ


ရသေ့ကြီးက တည်ငြိမ်စွာနဲ့ပြန်ဖြေလိုက်တယ်။




''တပည့်တော်က အဲ့ဒီ့အချိန်မှာကတည်းက ချောင်းကမ်းစပ်နားမှာ ချထားရစ်ခဲ့ပြီးပါပြီ အရှင်ရသေ့ကသာ...ဒီအမှုကိစ္စကို မထားရစ်ခဲ့နိုင်ပဲ အခုထိကို ထမ်းပိုးသယ်ယူလာခ​ဲ့တာပါ" 




တစ်ချို့သော အမှုကိစ္စတွေဟာ


မိမိကိုယ်တိုင် မပြုလုပ်ပေမယ့်လည်း မိမိစိတ်မှာ ဖြစ်တည်လာတဲ့ လောဘ ဒေါသ မောဟ တွေကြောင့် အကုသိုလ်စိတ် ဖြစ်လာနိုင်ပါတယ်။




အကုသိုလ်ကို တကူးတက ဝယ်ပြီးမယူကြဖို့ သိပ်အရေးကြီးပါတယ်။

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု