စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မင်းတည်ကွင်း မြေယာပေါ် နေထိုင်သူများ အင်အားသုံး ဖယ်ရှားခံရ


 မင်းတည်ကွင်း မြေယာပေါ် နေထိုင်သူများ အင်အားသုံး ဖယ်ရှားခံရ


ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၀


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျွဲနဖားကျေးရွာကွင်း နှင့် ပြင်ဦးလွင်မြို့နယ်ကြား လွန်ကောင်းကျေးရွာအုပ်စု ဝါးနက်ကျေးရွာ မင်းတည်ကွင်း ယာမြေတွင် နေထိုင်ကြသည့် ဒေသခံတောင်သူများကို လုံခြုံရေး တပ်ဖွဲ့များက ယနေ့မနက်ပိုင်းတွင် အင်အားသုံး ဖယ်ရှားခဲ့ကြောင်းသိရသည်။ 


အဆိုပါဒေသခံများနှင့် အမှတ် ၁၂၁ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းတို့ကြား မြေယာအငြင်းပွားမှုဖြစ်ပွားကာ တရားရင်ဆိုင်နေကြသည့် ထိုမြေပေါ်တွင် နေထိုင်လျှက်ရှိသည့် နေအိမ်များကို ယနေ့နံနက် ၄ နာရီခန့် က ၁၂၁ တပ်မှ ဝင်ရောက်ဖျက်စီးကာ ခြံစည်းရိုးကာရံသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။


၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က အဆိုပါ အငြင်းပွားမှုဖြစ်ပေါ်နေသည့် မြေယာပေါ်တွင် အမှတ် ၁၂၁ ထောက်ပံ့၊ ပို့ဆောင်ရေးတပ်ရင်းက နို့စားနွားမွေးမြူရေး စီမံကိန်း ဧရိယာအဖြစ် နယ်နမိတ်သတ်မှတ်ကာ ၁၇၃ ဧကကို ခြံစည်းရိုးလာရောက်ခတ်ခဲ့သည့်အတွက် ဒေသခံတောင်သူများနှင့် ပထမအကြိမ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် မြေယာပိုင်ဆိုင်မှုကို နှစ်ဘက် ဖြေရှင်းနေဆဲဖြစ်ကြောင်းလည်း သိရသည်။


 ယခုကဲ့သို့ စီမံကိန်း ဧရိယာအဖြစ် မည်သည့်အထောက်အထားမှ မပါရှိဘဲလာရောက် သိမ်းဆည်းခြင်းကို လက်မခံနိုင်ကြောင်းနှင့် မြေယာလျော်ကြေးပေးထားသည်မှာလည်း မဟုတ်မှန်ကြောင်း၊ ၎င်းတို့စီမံကိန်းမြေသည် ၁၆ မိုင်ဂိတ် မြောက်ဘက်တွင်သာ သက်ဆိုင်ကြောင်း ဒေသခံတောင်သူများက ပြောသည်။


ထို့အပြင် ၎င်းတို့သည် ၁၉၇၂ ခုနှစ်ကတည်း ဓါးမဦးချနေထိုင်လာကြသည့်တောင်သူများဖြစ်ပြီး ယခုမြေယာများသည် သူတို့ပိုင်ဆိုင်ကြောင်း မြေခွန်ရေခွန်များနှင့် ပိုင်ဆိုင်မှုများကိုင်ဆောင်ကာ ကန့်ကွက်နေကြသည်။


သတင်းနှင့် ဓာတ်ပုံ - ဇော်ဇော်၊ ဧရာဝတီ

#IRWLaborRights

#အလုပ်သမားအခွင့်အရေး

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု