စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

စဉ့်ကိုင်မြို့နယ်အတွင်း တပ်နယ်မြေရှိအိမ်များ ဖျက်သိမ်းရွှေ့ပြောင်းခံရ


မန္တလေး၊ နိုဝင်ဘာ ၂၆

စဉ့်ကိုင်မြို့နယ် အရှေ့ရွာသစ်ကျေးရွာရှိ အမှတ်-၂ ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံအတွင်းနေထိုင်သည့် နေအိမ်အချို့ ဖျက်သိမ်းရွှေ့ပြောင်းခံရကြောင်း ယင်းကျေးရွာဒေသခံများထံမှ သိရသည်။

၎င်းတို့ကို တပ်မြေတွင် နေထိုင်သည်ဟုဆိုကာ ဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်ပြီး နေအိမ် ၂၀ ကျော် ဖျက်သိမ်းရွှေ့ပြောင်းပေးခဲ့ရကြောင်း ဖျက်သိမ်း ရွှေ့ပြောင်းခံခဲ့ရသည့် မိသားစုဝင်တစ်ဦးက ပြောကြားသည်။

ယင်းသို့ ဖျက်သိမ်းရွှေ့ပြောင်းပေးခဲ့ရမှုနှင့်ပတ်သက်၍ လုံခြုံရေး ဆောင်ရွက်ပေးနေသော စဉ့်ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်နယ်မှ တာဝန်ရှိသူတို့ထံ အသေးစိတ်အချက်အလက်နှင့် မှတ်တမ်းယူခွင့်တောင်းခံသော်လည်း ခွင့်ပြုခြင်းမရှိခဲ့ပေ။

ယခုကဲ့သို့ ဖျက်သိမ်းရွှေ့ပြောင်းခံ ရသည့်အိမ်ထောင်စုများသည် လတ်တလောတွင် တပ်မြေနှင့်လွတ်ကင်းသော ရွာမြေပေါ်၌ ယာယီတဲများ ဆောက်လုပ်ကာ နေထိုင်ကြရကြောင်း ရွှေ့ပြောင်းခဲ့ရသည့် မိသားစုများထံမှ သိရသည်။

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်ရှိ ဆည်ရွာ၊ တမာကုန်း၊ ဆီဆုံ၊ ရွာသစ်၊ ကြေးနီကန်ကျေးရွာတို့မှ တောင်သူများ ပိုင်သည့် မြေဧက ၁၂၀ဝ ကျော်ကို ၁၉၈၅ ခုနှစ်ဝန်းကျင်က တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိမ်းယူခဲ့ကြောင်း၊ ယင်းနောက် ၁၉၉၂-၁၉၉၃ ခုနှစ်ဝန်းကျင်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က အမှတ်-၂ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။

အရှေ့ရွာသစ်ကျေးရွာမှ တောင်သူအချို့သည် ၂၀၁၄ ခုနှစ်အတွင်းက သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သဖြင့် ထောင်ဒဏ်ကျခံရခြင်းများ ရှိခဲ့သည်။ 
Source - http://thevoicemyanmar.com/news/44700-sit

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု