စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ကိုဗစ်ကို အံ့တုပြီး စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပြုမယ်


 ကိုဗစ်ကို အံ့တုပြီး စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပြုမယ်


နိုဝင်ဘာ ၂၄-၂၀၂၀

ကိုလတ် (VOM)


 နေပြည်တော်က စားသောက်ဆိုင်တွေဟာ ကိုဗစ်ကိုအံ့တုပြီး ဒီဇင်ဘာလဆန်းပိုင်းမှာ ပြန်လည်ဖွင့်ခွင့်ပြုသွားမှာဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းကျန်းမာရေးမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။


“စားသောက်ဆိုင်တွေထဲမှာ A အဆင့်ရတဲ့ ဆိုင်တွေကို နိုဝင်ဘာလအကုန် ဒီဇင်ဘာလဆန်းပိုင်းမှာ ဆိုင်ထိုင်ရောင်းချခွင့်ကို ပြန်လည်ခွင့်ပြုသွားဖို့ ညွှန်ကြားထားတာ ရှိပါတယ်”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။


အဲ့ဒီလို ညွှန်ကြားထားတဲ့အတွက် နိုဝင်ဘာလ ၂၁ ရက်နေ့ကတည်းက နေပြည်တော်(၈)မြို့နယ်မှာရှိတဲ့ စားသောက်ဆိုင်တွေကို ကျန်းမာရေးနဲ့အညီ လိုက်နာမှုရှိ၊မရှိ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်ချက်တွေလိုက်လံ စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။


ကိုဗစ်ကာကွယ်ထိန်းချုပ်မှုအတွက် ဆိုင်ရဲ့ အဆောက်အဦးပိုင်းဆိုင်ရာ ပြင်ဆင်မှု၊ အရောင်းဝန်ထမ်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပိုးသန့်စင်ရေးဆိုင်ရာ စစ်ဆေးမှုတွေကို ပြီးခဲ့တဲ့ ကာလတွေကလည်း ပြုလုပ်ခဲ့ပြီး ဒီတစ်ခေါက်မှာတော့ ဆိုင်ရဲ့ စားသုံးသူဝင်ဆံ့နိုင်မှုကို တွက်ချက်ကာ ကန့်သတ်ခွင့်ပြုပေးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။


#voiceofmyanmar #VOM #နေပြည်တော် #စားသောက်ဆိုင် #ပြန်ဖွင့်တော့မယ်

YouTube Link -

https://www.youtube.com/embed/NUgzwSwhneM

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု