စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

သိပ္ပံပညာရှင်များရှာဖွေတွေ့ချက် အသစ်အရ အာကာသနှင့်ပက်သက်သော အချက်အလက်အမှန်

 သိပ္ပံပညာရှင်များရှာဖွေတွေ့ချက် အသစ်အရ အာကာသသည် လုံးဝအမှောင်အတိကြီး မဟုတ်ပါ။

===================================

ညကောင်းကင်ကိုကြည့်ကြည့်ပါ။ ကျွန်ပ်တို့မြို့အလင်းရောင်တွေနှင့်ဝေးတဲ့နေရာတွေမှာ ကြယ်များကိုတွေ့ရမှာပါ။ ထိုတောက်ပသောကြယ်အလင်းတန်းများအကြားရှိ အကွာအဝေးကတော့အမှောင်ထုနှင့်ပြည့်နေတာပဲဖြစ်ပါတယ်။

နက္ခတ္တဗေဒပညာရှင်အချို့ကထိုအမှောင်ထုအားလုံးသည်မည်မျှအမှောင်ကျနေသည်ကိုတွေးမိကြပါတယ်။"အာကာသကြီးဟာ တကယ်ကိုမှောင်နေသလား? အကယ်၍ သင်သည် ကြယ်များ၊ ဂလက်ဆီများနှင့်မြင်နိုင်သောအလင်းကိုပေးသောအခြားအရာအားလုံးမပါဘဲညကောင်းကင်သို့ကြည့်နိုင်ပါက စကြာဝဠာကိုယ်တိုင်ကတောက်ပနေတာ ဖြစ်နိုင်ပါသလား" လို့ အရီဇိုးနားပြည်နယ်ရှိ သိပ္ပံဖောင်ဒေးရှင်မှနက္ခတ္တဗေဒပညာရှင် Tod Lauer ကပြောကြားခဲ့ပါတယ်။

ဒါဟာနက္ခတ္တဗေဒပညာရှင်တွေဆယ်စုနှစ်ပေါင်းများစွာဖြေဆိုရန်ကြိုးစားခဲ့သောခက်ခဲတဲ့မေးခွန်းပါပဲ။

နာဆာ၏ New Horizons အာကာသမစ်ရှင်ကပလူတိုဂြိုဟ်ကိုကျော်လွန်ပြီး ခရီးသွားနေသောအာကာသယာဉ်ကို အသုံးပြု၍ သူတို့နောက်ဆုံး၌၎င်းကိုလုပ်ဆောင်နိုင်ပြီဟုပြောကြားခဲ့ပါတယ်။အဖွဲ့သည်၎င်းတို့၏လုပ်ဆောင်ချက်ကိုအွန်လိုင်းပေါ်တွင်တင်ခဲ့ပြီးမကြာမီ The Astrophysical ဂျာနယ်တွင်ဖော်ပြလိမ့်မည်ဖြစ်ပါတယ်။

New Horizons သည်မူလက ပလူတိုကိုစူးစမ်းလေ့လာရန်ဒီဇိုင်းထုတ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင်ဂြိုဟ်ပုကိုကျော်ဖြတ်ပြီးနောက်တွင် အာကာသယာဉ် သည်ခရီး ဆက်သွားခဲ့ပါတယ်။ယခု၎င်းသည် ကမ္ဘာ နှင့်မိုင် ၄ ဘီလီယံကျော်ကွာဝေးပြီး ကမ္ဘာ ထက် နေမှ အဆ ၅၀ နီးပါးအကွာအဝေးတွင်ရှိနေပါတယ်။

အဲ့ဒါကအရေးကြီးပါတယ်အကြောင်းမှာအာကာသယာဉ်သည်စကြာဝဠာရှိအလင်းညစ်ညမ်းမှု၏အဓိကအရင်းအမြစ်များနှင့်ဝေးကွာနေပြီး သေးငယ်သောအလင်းအချက်ပြမှုကို ကိုယ်တိုင်ရှာဖွေရန်မဖြစ်နိုင်သောကြောင့်ဖြစ်ပါတယ်။

ဥပမာကမ္ဘာမြေနှင့်နေအဖွဲ့အစည်းအတွင်းပိုင်းတို့တွင်အာကာသသည်နေမှလောင်ကျွမ်းနေသောဖုန်မှုန့်အမှုန်များနှင့်ပြည့်နှက်နေ၍ကောင်းကင်တစ်ခုလုံးအပေါ်တွင်အလင်းရောင်ကို ပျံ့နှံ့ဖြစ်ပေါ်စေပါတယ်။သို့သော် New Horizons ရှိရာနေရာတွင် ဖုန်မှုန့်သည်ပြဿနာမဟုတ်သေးပါ။ ထို့အပြင် ၎င်းနေရာတွင် နေရောင်ခြည်သည် ပို၍ အားနည်းသောကြောင့်ဖြစ်ပါတယ်။

စကြာဝဠာ၏အားနည်းတဲ့တောက်ပမှုကိုဖော်ထုတ်ရန်အတွက်သုတေသီများသည်အာကာသယာဉ်၏ရိုးရှင်းသောအဝေးကြည့်မှန်ပြောင်းနှင့်ကင်မရာတို့မှ ဓာတ်ပုံများကို အသုံးပြု၍ အလွန်ပျင်းစရာကောင်းသည့်အရာများကိုရှာဖွေခဲ့ကြပါတယ်။

" ငါတို့လိုချင်တာကရုပ်ပုံများတွင်တောက်ပသောကြယ်များမပါရှိသည့်နေရာ(သို့မဟုတ်) အာကာသအပြင်ဘက်တွင်ပင်ကင်မရာသို့အလင်းကိုဖြန့်ကျက်နိုင်သောတောက်ပတဲ့ကြယ်တွေမပါရှိတဲ့နေရာဖြစ်တယ်" ဟု Lauerကပြောပါတယ်။

ထို့နောက်သူတို့ကပုံရိပ်တွေကိုပြုပြင်ပြီး မြင်နိုင်တဲ့ အလင်းအရင်းအမြစ်အားလုံးကိုဖယ်ရှားခဲ့ကြပါတယ်။သူတို့သည်ကြယ်များမှအလင်းများ၊ နဂါးငွေ့တန်း မှဖြန့်ကျက်ထားသောအလင်းနှင့်ကင်မရာ quirks ၏ရလဒ်ဖြစ်နိုင်သည့်မည်သည့်အလင်းကိုမဆို နှုတ်ယူလိုက်ပါတယ်။ ၎င်းတို့တွင် ကျွန်ပ်၏ကိုယ်ပိုင်ဂလက်ဆီအလွန်မှလာ သော အလင်းသာကျန်ရစ်ခဲ့ပါတယ်။ ထို့နောက်သူတို့တစ်တွေနောက်တစ်ဆင့်ထပ်မံသွားရောက်ပြီး ထိုတွင်ရှိနေသည် ဟုထင်ရသောဂလက်ဆီအားလုံး၏အလင်းကိုထုတ်ယူလိုက်ကြပါတယ်။ ထိုအမှုကိုပြုပြီးမှတစ်ကြိမ်မှာလည်း မရှင်းပြနိုင်သေးတဲ့ အလင်းအများကြီးရှိနေတုန်းပဲဖြစ်ပါတယ်။

ထို့အပြင်စကြာဝဠာရှိလူသိများသောရင်းမြစ်အားလုံး၏အလင်းသည်ခန့်မှန်းခြေအားဖြင့်ကျန်ရှိနေတဲ့အလင်းအားလုံးနှင့်ညီမျှပါတယ်။သို့မဟုတ် ငါတို့မသိသေးသောအခြားအလင်းအရင်းအမြစ်အချို့လည်းဖြစ်နိုင်တယ်ဟု Space Telescope Science Institute မှနက္ခတ္တဗေဒပညာရှင် Marc Postman က NPR (National Public Radio) သို့ပြောကြားခဲ့ပါတယ်။

တွေ့ရှိချက်အသစ်များကို နက္ခတ္တဗေဒပညာရှင်များကြားအပြောများခဲ့မှာသေချာပါတယ်။

သူတို့ က ဂလက်ဆီအတွင်းမှာ အလင်းအများကြီးရှိသကဲ့သို့ဂလက်ဆီအပြင်ဘက်မှာ လည်းရှိတယ်လို့ပြောနေကြတယ်၊ ထိုအကြောင်းအရာက အမှန်အတိုင်းပြောရရင်ယုံကြည်ဖို့ ခက်ခဲပေမယ့် လက်ခံရမယ်လို့ Rochester Institute of Technology မှ နက္ခတ္တရူပဗေဒပညာရှင် Michael Zemcov က ပြောကြားခဲ့ပါတယ်။

Zemcov ဟာ ယခုလ့လာမှုအသစ်မှာမပါဝင်ခဲ့ပါဘူး။ လွန်ခဲ့သောနှစ်အနည်းငယ်က Zemcov နှင့် သူ၏လုပ်ဖော်ကိုင်ဖက်အချို့သည် New Horizons အချက်အလက်များကိုအလားတူနည်းဖြင့်ဆန်းစစ်ခဲ့ပါတယ်။ ပုံနည်းနည်းပါးပါးကိုအသုံးပြုခြင်းဖြင့်သူတို့သည်တိကျမှုလျော့နည်းသောတိုင်းတာမှုတစ်ခုကိုပြုလုပ်နိုင်ခဲ့သော်လည်းယခုလက်ရှိရလဒ်များနှင့်သဟဇတဖြစ်သောရလဒ်ကိုရရှိခဲ့ပါတယ်။

သူက နှစ်ပေါင်း၄၀၀ကြာအောင်နက္ခတ္တဗေဒပညာရှင်များသည် မြင်နိုင်သောအလင်းနှင့်ကောင်းကင်ကိုအလေးအနက်ထားပြီးလေ့လာခဲ့ကြသော်လည်းတစ်နည်းအားဖြင့် "စကြာဝဠာရှိကျန်ရှိနေသောအလင်းတစ်ဝက်" ကိုလွဲချော်သွားခဲ့တယ် ဟုဆိုပါတယ်။ဒါဟာ နက္ခတ္တဗေဒအသိုင်းအဝိုင်းဘက်ကို ဟေ့လူတွေ ငါတို့ပစ္စည်းတွေရဲ့ထက်ဝက်ပျောက်နေပါတယ် " လို့ ပြောပြဖို့ အလွန်ခက်ခဲပါတယ် ၊ ငါက ရလဒ်တွေကိုလက်ခံတယ်၊ ဒီအလုပ်က အမှန်တကယ်ခိုင်မာတယ်လို့လည်းထင်ပါတယ် ဟု Zemcov ကပြောပါတယ်။

ဒီတော့အလင်းဘယ်ကလာတာဖြစ်မလဲ ??

"Hubbleအာကာသတယ်လီစကုပ်ကဲ့သို့ကိရိယာများဖြင့်ရှာဖွေတွေ့ရှိရန်မဖြစ်နိုင်သော ပိုဝေးပြီးသေးငယ်တဲ့ ဂလက်ဆီများနှင့်ဂလက်ဆီများ၏အပြင်ဘက်ရှိအခြားအလင်းအားနည်းသောဒေသများရှိနိုင်သည်" ဟု သူကဆိုပါတယ်။ထို့ကြောင့် သိပ္ပံပညာရှင်များက၎င်းတို့ကိုသတိမထားမိကြတာပါ။ဒါမှမဟုတ် သိပ္ပံပညာရှင်များမျှော်လင့်ထားသည်ထက် တိုင်းတာမှုတွေ

ကို အနှောင့်အယှက်ပေးနိုင်တဲ့ဖုန်မှုန့်တွေက အဲ့ဒီနေရာတွေမှာ ပိုများနေတာလည်းဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ်ရင်လည်း ထူးခြားဆန်းပြားသောဖြစ်စဉ်တွေဖြစ်တဲ့ စကြာဝဠာထဲမှာမြင်နိုင်သောအလင်းကိုဖန်တီးပေးတဲ့မသိနိုင်သောဖြစ်ရပ်အချို့လည်း ရှိနေနိုင်ပါတယ်။ ၎င်းသည် မြင်နိုင်သောအရာဝတ္ထုကိုဒြပ်ဆွဲအားသက်ရောက်စေနိုင်သော်လည်းတိုက်ရိုက်မမြင်နိုင်သောလျှို့ဝှက်ဆန်းကြယ်သောအရာ တစ်ခုဖြစ်တဲ့ မဲမှောင်ဒြပ်ထု (dark matter) နှင့်ဆက်စပ်သောအရာများလည်းဖြစ်နိုင်ပါတယ်။

“ စကြာဝဠာကိုလေ့လာတဲ့သူတစ်ယောက်အနေနဲ့စကြာဝဠာကိုဘာတွေနဲ့ ဖန်တီးထားတာလဲ၊ စကြာဝဠာရဲ့အစိတ်အပိုင်းအားလုံးကဘာတွေလဲဆိုတာကိုကျွန်တော် တကယ်သိချင်ပါတယ်။ ”ဟု Postman ကဆိုပါတယ်။ ကျွန်တော်တို့သည် အလင်းကိုထုတ်လုပ်ပေးသောအစိတ်အပိုင်းများဖြစ်တဲ့ အရာတွေကို အမှန်တစ်ကယ် သေချာနားလည်လာပြီး ဘာကြောင့် အဲ့နေရာမှာ အလင်းတွေအများကြီးရှိနေလဲဆိုတာကို တွေးတောချင်ပါတယ်။

" ဒါပေမဲ့အဲဒီလိုလုပ်ဖို့ ထည့်သွင်းစဉ်းစားရမည့်အလင်းမည်မျှရှိသလဲဆိုတာကိုအရင်နားလည်ဖို့တကယ်အရေးကြီးပါတယ်၊ အဲဒီလိုလေ့လာမှုက ဒီနေရာမှာကူညီနိုင်လိမ့်မယ်"ဟု Postmanကမှတ်ချက် ချခဲ့ပါတယ်။

သို့တိုင် သူက "အာကာသသည်မှောင်မိုက်နေသေးတယ် " ဒီခွဲခြမ်းစိတ်ဖြာမှုအားလုံးပြီးတဲ့နောက်မှာတောင်မှ "၎င်းဟာ တော်တော်မှောင်မိုက်နေတုန်းပဲ။ " ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။

~ MASES / Aye Nyein

Ref - https://www.npr.org/2020/11/18/936219170/scientists-discover-outer-space-isnt-pitch-black-after-all 

==============================================

>> Zawgyi <<

သိပ္ပံပညာရှင်များရှာဖွေတွေ့ချက် အသစ်အရ အာကာသသည် လုံးဝအမှောင်အတိကြီး မဟုတ်ပါ။

===================================

ညကောင်းကင်ကိုကြည့်ကြည့်ပါ။ ကျွန်ပ်တို့မြို့အလင်းရောင်တွေနှင့်ဝေးတဲ့နေရာတွေမှာ ကြယ်များကိုတွေ့ရမှာပါ။ ထိုတောက်ပသောကြယ်အလင်းတန်းများအကြားရှိ အကွာအဝေးကတော့အမှောင်ထုနှင့်ပြည့်နေတာပဲဖြစ်ပါတယ်။

နက္ခတ္တဗေဒပညာရှင်အချို့ကထိုအမှောင်ထုအားလုံးသည်မည်မျှအမှောင်ကျနေသည်ကိုတွေးမိကြပါတယ်။"အာကာသကြီးဟာ တကယ်ကိုမှောင်နေသလား? အကယ်၍ သင်သည် ကြယ်များ၊ ဂလက်ဆီများနှင့်မြင်နိုင်သောအလင်းကိုပေးသောအခြားအရာအားလုံးမပါဘဲညကောင်းကင်သို့ကြည့်နိုင်ပါက စကြာ၀ဠာကိုယ်တိုင်ကတောက်ပနေတာ ဖြစ်နိုင်ပါသလား" လို့ အရီဇိုးနားပြည်နယ်ရှိ သိပ္ပံဖောင်ဒေးရှင်မှနက္ခတ္တဗေဒပညာရှင် Tod Lauer ကပြောကြားခဲ့ပါတယ်။

ဒါဟာနက္ခတ္တဗေဒပညာရှင်တွေဆယ်စုနှစ်ပေါင်းများစွာဖြေဆိုရန်ကြိုးစားခဲ့သောခက်ခဲတဲ့မေးခွန်းပါပဲ။

နာဆာ၏ New Horizons အာကာသမစ်ရှင်ကပလူတိုဂြိုဟ်ကိုကျော်လွန်ပြီး ခရီးသွားနေသောအာကာသယာဉ်ကို အသုံးပြု၍ သူတို့နောက်ဆုံး၌၎င်းကိုလုပ်ဆောင်နိုင်ပြီဟုပြောကြားခဲ့ပါတယ်။အဖွဲ့သည်၎င်းတို့၏လုပ်ဆောင်ချက်ကိုအွန်လိုင်းပေါ်တွင်တင်ခဲ့ပြီးမကြာမီ The Astrophysical ဂျာနယ်တွင်ဖော်ပြလိမ့်မည်ဖြစ်ပါတယ်။

New Horizons သည်မူလက ပလူတိုကိုစူးစမ်းလေ့လာရန်ဒီဇိုင်းထုတ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင်ဂြိုဟ်ပုကိုကျော်ဖြတ်ပြီးနောက်တွင် အာကာသယာဉ် သည်ခရီး ဆက်သွားခဲ့ပါတယ်။ယခု၎င်းသည် ကမ္ဘာ နှင့်မိုင် ၄ ဘီလီယံကျော်ကွာဝေးပြီး ကမ္ဘာ ထက် နေမှ အဆ ၅၀ နီးပါးအကွာအဝေးတွင်ရှိနေပါတယ်။

အဲ့ဒါကအရေးကြီးပါတယ်အကြောင်းမှာအာကာသယာဉ်သည်စကြာဝဠာရှိအလင်းညစ်ညမ်းမှု၏အဓိကအရင်းအမြစ်များနှင့်ဝေးကွာနေပြီး သေးငယ်သောအလင်းအချက်ပြမှုကို ကိုယ်တိုင်ရှာဖွေရန်မဖြစ်နိုင်သောကြောင့်ဖြစ်ပါတယ်။

ဥပမာကမ္ဘာမြေနှင့်နေအဖွဲ့အစည်းအတွင်းပိုင်းတို့တွင်အာကာသသည်နေမှလောင်ကျွမ်းနေသောဖုန်မှုန့်အမှုန်များနှင့်ပြည့်နှက်နေ၍ကောင်းကင်တစ်ခုလုံးအပေါ်တွင်အလင်းရောင်ကို ပျံ့နှံ့ဖြစ်ပေါ်စေပါတယ်။သို့သော် New Horizons ရှိရာနေရာတွင် ဖုန်မှုန့်သည်ပြဿနာမဟုတ်သေးပါ။ ထို့အပြင် ၎င်းနေရာတွင် နေရောင်ခြည်သည် ပို၍ အားနည်းသောကြောင့်ဖြစ်ပါတယ်။

စကြာဝဠာ၏အားနည်းတဲ့တောက်ပမှုကိုဖော်ထုတ်ရန်အတွက်သုတေသီများသည်အာကာသယာဉ်၏ရိုးရှင်းသောအဝေးကြည့်မှန်ပြောင်းနှင့်ကင်မရာတို့မှ ဓာတ်ပုံများကို အသုံးပြု၍ အလွန်ပျင်းစရာကောင်းသည့်အရာများကိုရှာဖွေခဲ့ကြပါတယ်။

" ငါတို့လိုချင်တာကရုပ်ပုံများတွင်တောက်ပသောကြယ်များမပါရှိသည့်နေရာ(သို့မဟုတ်) အာကာသအပြင်ဘက်တွင်ပင်ကင်မရာသို့အလင်းကိုဖြန့်ကျက်နိုင်သောတောက်ပတဲ့ကြယ်တွေမပါရှိတဲ့နေရာဖြစ်တယ်" ဟု Lauerကပြောပါတယ်။

ထို့နောက်သူတို့ကပုံရိပ်တွေကိုပြုပြင်ပြီး မြင်နိုင်တဲ့ အလင်းအရင်းအမြစ်အားလုံးကိုဖယ်ရှားခဲ့ကြပါတယ်။သူတို့သည်ကြယ်များမှအလင်းများ၊ နဂါးငွေ့တန်း မှဖြန့်ကျက်ထားသောအလင်းနှင့်ကင်မရာ quirks ၏ရလဒ်ဖြစ်နိုင်သည့်မည်သည့်အလင်းကိုမဆို နှုတ်ယူလိုက်ပါတယ်။ ၎င်းတို့တွင် ကျွန်ပ်၏ကိုယ်ပိုင်ဂလက်ဆီအလွန်မှလာ သော အလင်းသာကျန်ရစ်ခဲ့ပါတယ်။ ထို့နောက်သူတို့တစ်တွေနောက်တစ်ဆင့်ထပ်မံသွားရောက်ပြီး ထိုတွင်ရှိနေသည် ဟုထင်ရသောဂလက်ဆီအားလုံး၏အလင်းကိုထုတ်ယူလိုက်ကြပါတယ်။ ထိုအမှုကိုပြုပြီးမှတစ်ကြိမ်မှာလည်း မရှင်းပြနိုင်သေးတဲ့ အလင်းအများကြီးရှိနေတုန်းပဲဖြစ်ပါတယ်။

ထို့အပြင်စကြာဝဠာရှိလူသိများသောရင်းမြစ်အားလုံး၏အလင်းသည်ခန့်မှန်းခြေအားဖြင့်ကျန်ရှိနေတဲ့အလင်းအားလုံးနှင့်ညီမျှပါတယ်။သို့မဟုတ် ငါတို့မသိသေးသောအခြားအလင်းအရင်းအမြစ်အချို့လည်းဖြစ်နိုင်တယ်ဟု Space Telescope Science Institute မှနက္ခတ္တဗေဒပညာရှင် Marc Postman က NPR (National Public Radio) သို့ပြောကြားခဲ့ပါတယ်။

တွေ့ရှိချက်အသစ်များကို နက္ခတ္တဗေဒပညာရှင်များကြားအပြောများခဲ့မှာသေချာပါတယ်။

သူတို့ က ဂလက်ဆီအတွင်းမှာ အလင်းအများကြီးရှိသကဲ့သို့ဂလက်ဆီအပြင်ဘက်မှာ လည်းရှိတယ်လို့ပြောနေကြတယ်၊ ထိုအကြောင်းအရာက အမှန်အတိုင်းပြောရရင်ယုံကြည်ဖို့ ခက်ခဲပေမယ့် လက်ခံရမယ်လို့ Rochester Institute of Technology မှ နက္ခတ္တရူပဗေဒပညာရှင် Michael Zemcov က ပြောကြားခဲ့ပါတယ်။

Zemcov ဟာ ယခုလ့လာမှုအသစ်မှာမပါဝင်ခဲ့ပါဘူး။ လွန်ခဲ့သောနှစ်အနည်းငယ်က Zemcov နှင့် သူ၏လုပ်ဖော်ကိုင်ဖက်အချို့သည် New Horizons အချက်အလက်များကိုအလားတူနည်းဖြင့်ဆန်းစစ်ခဲ့ပါတယ်။ ပုံနည်းနည်းပါးပါးကိုအသုံးပြုခြင်းဖြင့်သူတို့သည်တိကျမှုလျော့နည်းသောတိုင်းတာမှုတစ်ခုကိုပြုလုပ်နိုင်ခဲ့သော်လည်းယခုလက်ရှိရလဒ်များနှင့်သဟဇတဖြစ်သောရလဒ်ကိုရရှိခဲ့ပါတယ်။

သူက နှစ်ပေါင်း၄၀၀ကြာအောင်နက္ခတ္တဗေဒပညာရှင်များသည် မြင်နိုင်သောအလင်းနှင့်ကောင်းကင်ကိုအလေးအနက်ထားပြီးလေ့လာခဲ့ကြသော်လည်းတစ်နည်းအားဖြင့် "စကြာဝဠာရှိကျန်ရှိနေသောအလင်းတစ်ဝက်" ကိုလွဲချော်သွားခဲ့တယ် ဟုဆိုပါတယ်။ဒါဟာ နက္ခတ္တဗေဒအသိုင်းအဝိုင်းဘက်ကို ဟေ့လူတွေ ငါတို့ပစ္စည်းတွေရဲ့ထက်ဝက်ပျောက်နေပါတယ် " လို့ ပြောပြဖို့ အလွန်ခက်ခဲပါတယ် ၊ ငါက ရလဒ်တွေကိုလက်ခံတယ်၊ ဒီအလုပ်က အမှန်တကယ်ခိုင်မာတယ်လို့လည်းထင်ပါတယ် ဟု Zemcov ကပြောပါတယ်။

ဒီတော့အလင်းဘယ်ကလာတာဖြစ်မလဲ ??

"Hubbleအာကာသတယ်လီစကုပ်ကဲ့သို့ကိရိယာများဖြင့်ရှာဖွေတွေ့ရှိရန်မဖြစ်နိုင်သော ပိုဝေးပြီးသေးငယ်တဲ့ ဂလက်ဆီများနှင့်ဂလက်ဆီများ၏အပြင်ဘက်ရှိအခြားအလင်းအားနည်းသောဒေသများရှိနိုင်သည်" ဟု သူကဆိုပါတယ်။ထို့ကြောင့် သိပ္ပံပညာရှင်များက၎င်းတို့ကိုသတိမထားမိကြတာပါ။ဒါမှမဟုတ် သိပ္ပံပညာရှင်များမျှော်လင့်ထားသည်ထက် တိုင်းတာမှုတွေ

ကို အနှောင့်အယှက်ပေးနိုင်တဲ့ဖုန်မှုန့်တွေက အဲ့ဒီနေရာတွေမှာ ပိုများနေတာလည်းဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ်ရင်လည်း ထူးခြားဆန်းပြားသောဖြစ်စဉ်တွေဖြစ်တဲ့ စကြာဝဠာထဲမှာမြင်နိုင်သောအလင်းကိုဖန်တီးပေးတဲ့မသိနိုင်သောဖြစ်ရပ်အချို့လည်း ရှိနေနိုင်ပါတယ်။ ၎င်းသည် မြင်နိုင်သောအရာဝတ္ထုကိုဒြပ်ဆွဲအားသက်ရောက်စေနိုင်သော်လည်းတိုက်ရိုက်မမြင်နိုင်သောလျှို့ဝှက်ဆန်းကြယ်သောအရာ တစ်ခုဖြစ်တဲ့ မဲမှောင်ဒြပ်ထု (dark matter) နှင့်ဆက်စပ်သောအရာများလည်းဖြစ်နိုင်ပါတယ်။

“ စကြာ၀ဠာကိုလေ့လာတဲ့သူတစ်ယောက်အနေနဲ့စကြာဝဠာကိုဘာတွေနဲ့ ဖန်တီးထားတာလဲ၊ စကြာဝဠာရဲ့အစိတ်အပိုင်းအားလုံးကဘာတွေလဲဆိုတာကိုကျွန်တော် တကယ်သိချင်ပါတယ်။ ”ဟု Postman ကဆိုပါတယ်။ ကျွန်တော်တို့သည် အလင်းကိုထုတ်လုပ်ပေးသောအစိတ်အပိုင်းများဖြစ်တဲ့ အရာတွေကို အမှန်တစ်ကယ် သေချာနားလည်လာပြီး ဘာကြောင့် အဲ့နေရာမှာ အလင်းတွေအများကြီးရှိနေလဲဆိုတာကို တွေးတောချင်ပါတယ်။

" ဒါပေမဲ့အဲဒီလိုလုပ်ဖို့ ထည့်သွင်းစဉ်းစားရမည့်အလင်းမည်မျှရှိသလဲဆိုတာကိုအရင်နားလည်ဖို့တကယ်အရေးကြီးပါတယ်၊ အဲဒီလိုလေ့လာမှုက ဒီနေရာမှာကူညီနိုင်လိမ့်မယ်"ဟု Postmanကမှတ်ချက် ချခဲ့ပါတယ်။

သို့တိုင် သူက "အာကာသသည်မှောင်မိုက်နေသေးတယ် " ဒီခွဲခြမ်းစိတ်ဖြာမှုအားလုံးပြီးတဲ့နောက်မှာတောင်မှ "၎င်းဟာ တော်တော်မှောင်မိုက်နေတုန်းပဲ။ " ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။

~ MASES / Aye Nyein

Ref - https://www.npr.org/2020/11/18/936219170/scientists-discover-outer-space-isnt-pitch-black-after-all

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု