စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
◾ လှိုင်သာယာ(၁)ရပ်ကွက်၌ ထောက်ပံ့ကြေးငွေလေးသောင်းကိစ္စ နားလည်မှုလွဲ၍ ဆယ်အိမ်မှူးအား ဓားခုတ်မှုဖြစ်
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၁) ရပ်ကွက်၌ ရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသားတစ်ဦးက နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ကြေးငွေလေးသောင်းကို ၎င်းတို့မိသားစုမရရှိသေးဟု နားလည်မှုလွဲမှားကာ ဆယ်အိမ်မှူးအမျိုးသမီးအား ဓားဖြင့်ခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့(နို၀င်ဘာ ၂၂ ရက်) မွန်းလွဲ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူ၏ ဇနီးဖြစ်သူက ထောက်ပံ့ကြေးငွေဖြတ်ပိုင်းကို ထုတ်ယူပြီးဖြစ်သော်လည်း ကျူးလွန်သူမှာ မသိရှိသောကြောင့် ထောက်ပံ့ကြေးငွေတောင်းယူရာမှ ဆယ်အိမ်မှူး အမျိုးသမီးနှင့်စကားများ၍ အသင့်ပါလာသော ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း လှိုင်သာယာ(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က စံတော်ချိန်သို့ပြောသည်။
“ဖြစ်စဉ်က သူ့ရဲ့မိန်းမက ပိုက်ဆံကိုလာထုတ်တယ်။ အဲဒါကို ယောက်ျားက မသိဘူး။ သူကမရဘူးလို့ထင်တာ။ အဲဒါနဲ့ ဆယ်အိမ်မှူး အမျိုးသမီးကို ပြဿနာရှာပြီး ဓားနဲ့ခုတ်တာ။ အမှန်တော့ အထင်လွဲသွားတာပါ။ သူ့မိန်းမက ထောက်ပံ့ကြေးပေးတိုင်း လာထုတ်တယ်။ ဒါပါနဲ့ဆို လေးကြိမ်ရှိပြီ” ဟု ဦးနေမျိုးအောင်က ပြောသည်။
ဓားဖြင့်ခုတ်ခံရသည့် ဆယ်အိမ်မှူးအမျိုးသမီးမှာ များစွာထိခိုက်မှုမရှိခဲ့သော်လည်း ဘယ်ဘက်တံတောင်ဆစ်ကွေးနေရာ၌ အနာတရဖြစ်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာအကြီးအကျယ်မရှိကြောင်း ၎င်းကပြောသည်။
“ဒဏ်ရာက ရှပ်ထိတဲ့သဘောပါ။ ဘယ်ဘက်တံတောင်ဆစ်ကွေးနေရာ။ ခုတ်တဲ့သူကလဲ အရက်မူးနေတော့ သိပ်မထိလိုက်ဘူး။ အဲဒီတုန်းက ဆယ်အိမ်မှူးရဲ့သားက ၀င်ဆွဲတော့ သိပ်မထိဘူး။ မနေ့က ဆေးခန်းပြပြီးပြန်လာတာ ဘာမှတော့မဖြစ်ပါဘူး” ဟု ဦးနေမျိုးအောင်က ပြောသည်။
ကျူးလွန်သူအမျိုးသားအား လှိုင်သာယာမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားပြီး ရာဇသတ်ကြီးပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း - စွမ်းရည်တိုး / စံတော်ချိန်
ဓာတ်ပုံ - J paing/MPA
စံတော်ချိန်ဗိုက်ဗာ - https://tinyurl.com/y5vtkrh7
စံတော်ချိန်ဝက်ဘ်ဆိုက်-http://sdtimedaily.com/
စံတော်ချိန်ယူကျု့-https://www.youtube.com/c/TheStandardTimeTVFreeToAir
Comments
Post a Comment