စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

စပျစ်သီးတစ်ခိုင်ကပေးတဲ့ သင်ခန်းစာ

 

#စေတနာအကျိုးပေး

~~~~~~~~~~~~~~~~~


လူတစ်ယောက်ဟာ ဘုန်ကြီးကျောင်းဝင်းတံခါးဝကို ရောက်လာတယ်။ 

ရဟန်းတစ်ပါးက တံခါးကို လာဖွင့်ပေးတယ်။

 အဲဒီလူက ရဟန်းကို သူ့လက်ထဲမှာ 

ကိုင်လာတဲ့ စပျစ်သီးတစ်ခိုင်ကို ကပ်ပြီး ခုလို ပြောလိုက်တယ်။


"ဒီစပျစ်သီးက တပည့်တော်ခြံမှာ စိုက်ထားတဲ့ အသီးတွေထဲက အလှဆုံး အကောင်းဆုံးပါ။အရှင်ဘုရားကို လက်ဆောင်ပေးတာပါ ဘုရား"


"အေးကွာ၊ တကာတော်ရဲ့ စပျစ်သီးတွေဟာ အရသာရှိပုံရတယ်။ ဘုန်းကြီး ဆရာတော်ကို ကပ်လိုက်မယ်"


"မဟုတ်ဘူး ဘုရား။ ဒီအသီးတွေဟာ အရှင်ဘုရားအတွက်ပါ။ တပည့်တော် ကျောင်းကို လာတိုင်း အရှင်ဘုရားပဲ တံခါးလာဖွင့်ပေးတယ်။ မနှစ်က ရေကြီးပြီး တပည့်တော် စိုက်ထားတဲ့ သီးနှံတွေ ပျက်စီးသွားလို့ တပည့်တော်မှာ စားစရာမရှိတုန်း အရှင်ဘုရားရဲ့ ဆွမ်းထဲက တပည့်တော်ကို ခွဲဝေကျွေးတယ်။ အဲဒီအတွက် ကျေးဇူးတင်လွန်းလို့ အရှင်ဘုရားကို ပေးတာပါ ဘုရား"


"ဒါဆိုလည်း ကောင်းပါပြီ။ ဘုန်းကြီးယူထားလိုက်မယ်"


ရဟန်းလည်း စပျစ်ခိုင်ကို သူ့အခန်းထဲက နံရံမှာ ချိတ်ဆွဲထားပြီး မစားရက်ဘဲ တစိမ့်စိမ့်ကြည့်နေတယ်။ ပြီးတော့ သူ့ကို စာသင်ပေးတဲ့ ဆရာတော်ကို စားစေချင်တယ်။ ဒါကြောင့် စပျစ်ခိုင်ကို ဆရာတော်ထံ ကပ်လိုက်တယ်။


ဆရာတော်လည်း ရဟန်းကပ်တဲ့ စပျစ်ခိုင်ကို ကြည့်ရင်း စားချင်စိတ်ပေါ်လာတယ်။ ဒါပေမဲ့ နေမကောင်းဖြစ်နေတဲ့ ကပ္ပိယကြီးကို သတိရပြီး သူအစားအသောက် ပျက်နေရှာတယ်။ သူ စပျစ်သီးစားရရင် ဝမ်းသာသွားမယ်လို့ စဉ်းစားပြီး ကပ္ပိယကြီး ကို စပျစ်ခိုင်စွန့်ကြဲလိုက်တယ်။


ကပ္ပိယကြီးလည်း အလွန်လှပပြီး အရသာရှိမယ့် စပျစ်သီးတွေကို စားခါနီးမှ တစ်ခုကို သတိရလိုက်တယ်။ ကျောင်းက ထမင်းချက်ဟာ သူ့အပေါ် အလွန်ကောင်းတယ်။ သူနေမကောင်းတုန်း စားစရလေးတွေကို ကြံဖန်ချက်ကျွေးရှာတယ်။ ဒါကြောင့် ဒီစပျစ်သီးကို သူစားပါစေဆိုပြီး စပျစ်ခိုင်ကို ထမင်းချက်ကို ပေးလိုက်ပြန်တယ်။


ထမင်းချက်လည်း စပျစ်သီးကို စားခါနီးမှ ကျောင်း မှာ အငယ်ဆုံးဖြစ်တဲ့ ကိုရင်လေးကို သတိရလိုက်တယ်။ သူဟာ ကိုရင်လေးကို အလွန်ချစ်တယ်။ ဒါကြောင့် စပျစ်ခိုင်ကို ကိုရင်လေးကို ကပ်လိုက်ပြန်တယ်။


ကိုရင်လေးဟာ အပြင်က ပြန်လာတိုင်း ကျောင်းတံခါးကို လာဖွင့်ပေးတဲ့ ရဟန်းကို သတိရလိုက်ပြန်တယ်။ ရဟန်းဟာ သူ့ကို ကျောင်းမှာ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုပြီး အမြဲလမ်းညွှန်ဆုံးမတယ်။ ရဟန်းကို သူ အလွန်လေးစားတယ်။ ဒါကြောင့် စပျစ်သီးကို မစားဘဲ ရဟန်းကို ကပ်လိုက်တယ်။


ရဟန်းလည်း သူ ဆရာတော်ကို ကပ်လိုက်တဲ့ စပျစ်သီး သူ့ဆီပြန်ရောက်လာတာဟာ သူစားထိုက်လို့ပဲဆိုပြီး စပျစ်သီးတွေကို အားရပါးရ စားလိုက်တယ်။


ဒီအဖြစ်အပျက်လေးဟာ ဘာကိုပြလိုက်သလဲ။ ကျွန်တော်တို့ဟာ တစ်စုံတစ်ရာ အကျိုးမမျှော်ကိုးပဲ အလှူအတန်းပြုလိုက်ရင် လှူရတဲ့ အကျိုးဟာ မိမိဆီ မလွဲမသွေ ရောက်လာမယ်ဆိုတာပါ။


Credit . ဗန်းမော်သိန်းဖေ

၀၇-၁၁-၂၀၁၉

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု