စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ရန် စီစဉ်ဆောင်ရွက်ထား


 ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဂန့်ဂေါခရိုင်အတွင်း ကျေးရွာ ၆ ရွာ၌ ကျေးလက် ကုန်ထုတ်လမ်းများ ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာများမှာဂန့်ဂေါမြို့နယ်မှ ရဲလှရွာ၊ စိုင်ဒူးရွာ၊ ဆောမြို့နယ်မှ ပြင်လယ်ရွာ၊ သလယ်ရွာ၊ ထီးလင်း မြို့နယ်မှ ထန်းပင်ကုန်းရွာ၊ သရခါရွာတို့ဖြစ်ပြီးလုပ်ငန်းများဆောင်ရွက်နိုင်ရန် တိုင်းတာခြင်းများ ဆောင်ရွက်ကြ ပြီး ဖြစ်ကာ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ကြမည်ဖြစ်၍ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၉၄ ဒသမ ၉ သန်း ခွင့်ပြုထားကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

လုပ်ငန်းဆောင်ရွက်ရာတွင် မြေနီကျောက်စရစ်ခင်းခြင်း၊ တံတားတည်ဆောက်ခြင်း၊ Box-Culver လုပ်ငန်းများ ပါဝင်မည်ဖြစ်၍ လုပ်ငန်းပြီး စီးပါက လယ်ယာထွက်ကုန်များ လွယ်ကူစွာသယ်ယူနိုင်မည်ဖြစ်ပြီး ဈေးကွက်သို့ လျင်မြန်စွာ ပို့‌​ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

တောင်သားမောင်သန်း

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု