စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မိုးကုတ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသူ ၁၀၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။ မိုးကုတ်မြို့နယ်အတွင်း ကျေးရွာပေါင်း ၅ ရွာမှ စစ်ဘေးရှောင်လာသူများသည် မိုးကုတ်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန်ကျောင်းများတွင် ယာယီခိုလှုံလျက်ရှိသည်ဟု သိရသည်။
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အတွင်း မိုးကုတ်မြို့မြောက်ဘက် ၇ မိုင်ခန့်အကွာ ချောင်းကြီး အလယ်ရွာတွင် တပ်မတော်နှင့် TNLA တို့ နိုဝင်ဘာ ၂၄ ရက် ညပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများလည်း ရှိသည်ဟု သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်က Myanmar Now ကို ပြောကြားထားသည်။
မိုးကုတ်မြို့ပေါ် ရောက်ရှိလာသည့် စစ်ဘေးရှောင်များ၏ စားသောက်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်းအချို့က ကူညီဆောင်ရွက်ပေးနေသည့်နည်းတူ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု မိုးကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက ဆိုသည်။
သတင်းနှင့် ဓာတ်ပုံ - မြတ်မိုးသူ/ Myanmar Now
Comments
Post a Comment