စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ပစ္စုပ္ပန်အချိန်မှာ ကောင်းမွန်စွာနေထိုင်ပါ


 

 အဇာတသတ်ကို သိကြပါတယ်။

ဒီလူက ရှေးပါရမီ ကုသိုလ်အရမ်းကောင်းတယ်။


ဘုရင်မျိုးမှာ လူ ဖြစ်ရတယ်။လူချင်းတူတဲ့ ဥာဏ်ရည်


ရှိတယ်။ကာယအားအစွမ်းလည်း ပြည့်စုံတယ်။


( ထိုင်ရာမထ ခုန်လိုက်တာ ရှစ်တောင်လောက်


အမြင့်ရောက်သွားတယ်ဆိုပဲ )




ဒီလို ရှေးပါရမီကုသိုလ်ကောင်းပါလျှက် ပစ္စုပ္ပန်အချိန်


မှာ အဖေသတ်တဲ့ မကောင်းမှုကို ပြုလိုက်တယ်။


ဒီ မကောင်းမှု ပြုလိုက်ပြီးတဲ့အခါ သူ့မှာပါလာတဲ့


သောတာပန် ဖြစ်နိုင်လောက်တဲ့ ရှေးပါရမီမျိုးစေ့ဟာ


ပျက်စီးသွားရပါတော့တယ်။ သူသာ အဖေမသတ်မိ


ဘူးဆိုပါလျှင် ဗုဒ္ဓဆီက သာမညဖလသုတ် နာကြားပြီး


တဲ့နောက် သောတာပန် ဖြစ်နိုင်ပါသတဲ့။ 




စာမရှည်တော့ဘူး။ ဒီတော့ တစ်ချက်မှတ်ပါ။


အတိတ်ကံ ဘာတွေပါပါ၊ ဘယ်လို ရွှေထီးဆောင်း


ခဲ့တဲ့ ကံတွေ ရှိရှိ ပစ္စုပ္ပန် လုပ်ရပ်မမှန်ကန်ရင် 


ပါလာသမျှဟာ အချည်းနှီးဖြစ်ရပါတယ်။ 


တောင်တက်သမားတစ်ယောက်အတွက် ဘယ်လောက်


သန်တယ်၊ ဘယ်လောက်သက်လုံကောင်းတယ်။


တောင်ဘယ်နှစ်လုံး တက်ခဲ့ပြီးတယ်ဆိုတာတွေက


အဓိက မကျတော့ပဲ ယခုတက်ဆဲ ခြေလှမ်းတိုင်း၊


ကုပ်ဆွဲဖို့ လှမ်းကိုင်တဲ့ လက်တိုင်းသာ အဓိက ကျပါ


တယ်။ ယခု ပစ္စုပ္ပန်လုပ်ရပ် သတိဥာဏ်ပညာက


သာ ကိုယ်သယ်ယူလာတာတွေ မပျက်စီးအောင်၊


ဆထက်တိုးပွားအောင် လုပ်ဆောင်သွားရတာဖြစ်ပါတယ်။




ဒုတိယဇာတ်ကတော့ နာမည်မေ့နေပါပြီ။


မင်းနှစ်ပါး စစ်တိုက်မယ့် အခင်းကို သိကြားမင်းက


နိမိတ်ဖတ်ဟောပါတယ်။ စစ်နိုင်မယ့် ဘုရင်ရဲ့ ကိုယ်


စောင့်နတ်က နွားလားဥဿဖ အဖြူရောင်အဖြစ်


ကူညီစစ်ထိုးလိမ့်မယ်။ စစ်ရှုံးမယ့် ဘုရင် ကိုယ်စောင့်နတ်က နွားလားဥဿဖ အနက်ရောင် အဖြစ်နဲ့


ကူညီစစ်ထိုးလိမ့်မယ်။ အဲဒီလို ဟောတယ်ပေါ့။




အဲဒီမှာ စစ်ရှုံးမယ့် ဘုရင်ဘက်က အမတ်က


သိကြားမင်းဘယ်လိုဟောဟော ငါတို့က ကြိုးစား


ရမှာပဲ။ အားမွေးထားရမှာပဲ။လေ့ကျင့်ခန်းတွေ


ဆင်းထားရမှာပဲ ဆိုပြီး ကျားကုတ်ကျားခဲ ကြိုးစား


ထားကြပါတယ်။ (စစ်နိုင်မယ့် ဘုရင်ဘက်ကတော့


နိုင်မယ် ဟောကိန်းကြောင့် အေးအေးဆေးဆေး


နေပုံ ရပါတယ် )




ကြိုးစားမှုရလာဒ် ပါပဲ။ တကယ် စစ်ထိုးတော့ ရှုံးမယ်


အဟောခံထားရတဲ့ ဘုရင်က အနိုင်ရပါတယ်။ နိုင်မယ်


အဟောခံထားရတဲ့ ဘုရင်ကတော့ ခွေးပြေးဝက်ပြေး


ပြေးရပါတယ်။ 




ဒီဇာတ်ကို ကြည့်ရင်လည်း ပစ္စုပ္ပန် အားထုတ်မှုသာ


အဓိက ကျတာ တွေ့ရမှာပါ။ အနာဂါတ်မှာ ဘယ်


လောက်အားသာတယ် ဟောကိန်းရထားထား၊ အာမ


ခံချက်ရထားထား ပစ္စုပ္ပန်မှာ အားထုတ်ခြင်းကင်းလျှင်


အရှုံးနဲ့သာ မုချရင်ဆိုင်ရပါတယ်။ ဒီလိုပဲ ရှူံးမယ်


ဘယ်လောက်ပြောပြော ပစ္စုပ္ပန်အားထုတ်မှု ပြည့်စုံ


နေတော့ အရှုံးဟာ အနိုင်အဖြစ် ပြောင်းလဲသွားရတာ


ပါ။




ဆိုတော့ဗျာ အတိတ်က ဘာကောင်ဖြစ်ခဲ့တာရော၊


အနာဂါတ်မှာ ဘာကောင်ဖြစ်နိုင်တယ် အထင်ကြီး


ခံရတာရောက ပစ္စုပ္ပန်အားထုတ်မှုအကူညီမရရင်


ဘာမှ အဓိပ္ပါယ် မရှိတော့ပါဘူး။




ပစ္စုပ္ပန်အချိန်လေးကို လျော့မတွက်ပါနဲ့။


ဆုတ်ယုတ်မှုတွေ အဖက်ဆယ်လိုတာ ဖြစ်ဖြစ်၊


တိုးတက်မှုတွေ ဆထက်ထမ်းပိုး တိုးတက်လိုတာ


ဖြစ်ဖြစ် စတင်အားထည့်လုပ်ဆောင်ရမယ့် အချိန်က


အခုချိန်ပါ။သူကပဲ ကာလသုံးပါးက ကိုယ့်ရုပ်ပုံလွှာ


ကို ပြောင်းလဲရေးဆွဲသွားမှာ ဖြစ်ပါတယ်။




Oo thaw




15.9.2020

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု