စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်လူနာ (၅၂) ဦး ထပ်တိုးတွေ့ရှိ၍ ပိုးတွေ့လူနာ ပေါင်း (၁၂၂၅) ဦးထိရှိလာ


 မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ(၅၂)ဦး ထပ်တိုးတွေ့ရှိလာခဲ့ပြီး ပိုးတွေ့လူနာပေါင်း (၁၂၂၅) ဦးထိ ရှိလာပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက နိုဝင်ဘာလ ၂၄ ရက် ယနေ့နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။

ဒီကနေ့မနက် (NHL results)အရ ပိုးတွေ့လူနာ(၅၀)ဦးနဲ့(RDT results)၂ ဦးတို့ ထပ်တိုး တွေ့ရှိတာပါ၊ ပိုးတွေ့တဲ့ မြို့နယ်တွေက အောင်လံက(၂၅)ဦး၊ စလင်း(၈)ဦး၊ တောင်တွင်း ကြီး(၅)ဦး၊ ပခုက္ကူ(၄)ဦး၊ ရေနံချောင်း(၄) ဦး၊ ဆိပ်ဖြူ(၂)ဦး၊ မြို့သစ်(၂)ဦး၊ ပွင့်ဖြူ(၁)ဦးနဲ့ ဂန့်ဂေါက(၁)ဦး တို့ဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေထဲက အောင်လံ(၁၃)ဦးက ပိုးတွေ့ အတည်ပြု လူနာနှင့် ထိတွေ့မှု ရှိတဲ့သူတွေဖြစ်ပြီး အသွားအလာ ကန့်သတ် ထားသူတွေပါ၊ ကျန်သူတွေက ရန်ကုန်ပြန်၊ ကျုံပျော်ပြန် (Quarantine Centre)တွေက ဖြစ်ပါတယ်၊ ယနေ့အထိ မကွေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း(၁၂၂၅)ဦး ရှိပြီး၊ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာက အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ လေဖြတ်ဖူးသူဖြစ်ပြီး ကိုဗစ်ပိုးတွေ့ပြီးနောက် အခြားရောဂါအခံတ ွေကြောင့် သေဆုံးခဲ့တဲ့အတွက် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ(၃)ဦးရှိပြီ ဖြစ်တယ် လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြု ပြောကြားသည်။

ယခုအခါ မကွေးတိုင်းဒေသကြီးရှိ မြို့နယ်အားလုံးဖြစ်သည့်(၂၅)မြို့နယ်တွင် ကိုဗစ်ကူးစက်မှု ရှိနေပြီး၊မကွေးတိုင်း ဒေသကြီးအတွင်း ယခုအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း (၁၂၂၅) ဦးထိ ရှိ‌နေပြီဖြစ်ကာ၊ တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက်ဆဲ (၃၃၀) ဦးရှိပြီး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၈၉၂)ဦးနှင့် သေဆုံးသူ(၃)ဦး ရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

သန်းနိုင်ဦး(ငဖဲ)

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု