စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
〰〰〰〰〰〰〰〰〰〰〰〰〰〰
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်း မြင့်တက်လာခြင်း ကြောင့် လူတစ်ဦးချင်းဝင်ငွေသည် ၁၀ နှစ်အတွင်း လေးဆခန့်မြင့်တက် လာကြောင်း နိုဝင်ဘာ ၃ ရက်တွင်ပြုလုပ်သည့်Rotary Club of Central Yan-gon ၏ နှစ်ပတ်လည်အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကပြောသည်။
““ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံရဲ့စီးပွားရေးက အလျင်အမြန်တိုးတက်လာပြီး ၂၀၁၀ နဲ့ ၂၀၂၀ အတွင်းမှာ နိုင်ငံသားရဲ့ တစ်ဦးချင်းဝင်ငွေက လေးဆနီးပါး တက်လာပါတယ်။ လူသားဖွံ့ဖြိုး ညွှန်းကိန်းကလည်း အလျင်အမြန်တက်လာပါတယ်””ဟု ဦးသောင်းထွန်း ကပြောသည်။ ၂၀၁၀ တွင် လူတစ်ဦးချင်း၏ တစ်နှစ်ဝင်ငွေသည် ကျပ် ငါးသိန်းဝန်းကျင်မှ ၂၀၁၈ နောက်ပိုင်းတွင် ၂၂ သိန်းရှိလာကြောင်း သိရပြီးတစ်လလျှင်ပျမ်းမျှအားဖြင့် လူတစ်ဦးချင်းဝင်ငွေသည် ၂သိန်း နီးပါးမျှ တိုးတက်လာကြောင်းသိရသည်။
မြန်မာ့နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုသည်လည်း ၁၇ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှ လွတ်မြောက်ရန်အချက်သုံးချက်ကို ပထမဦးဆုံးပြည့်မီလာပြီး စက်မှု ကုန်ထုတ်ကဏ္ဍသည်လည်း ၂၀၁၀ တွင် နိုင်ငံဝင်ငွေ၏ ၃၀ရာခိုင်နှုန်း ရှိရာမှ ၂၀၂၀ တွင် ၃၉ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု ဝန်ကြီးကအဆိုပါပွဲတွင် ပြောကြားခဲ့သည်။
NLDအစိုးရလက်ထက် တွင်နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာ ၂၅ ဘီလီယံဝင်ရောက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ဒေါ်လာငါးဘီလီယံဝင်ရောက်ခဲ့ကာ အလုပ်အကိုင်တစ်သိန်း ကျော်ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြီးခဲ့သည့် ၈ လခန့်မှစပြီး ဖြစ်ပွားနေခဲ့သည့် ကိုဗစ်ဗိုင်းရပ်စ်ကြောင့် အလုပ်အကိုင် ဆုံးရှုံးမှုများ သောင်းနှင့်ချီရှိနေပြီး စီးပွားရေးလုပ်ငန်းရှင်များသည်လည်း အခက်အခဲများကြားမှာ ရုန်း ကန်နေရသည့်အတွက် မြန်မာ့စီးပွားရေးတိုးတက်မှု ရပ်တန့်နေခဲ့ကြောင်း သိရသည်။
ဘချုပ်
Weekly HeadLine News
https://www.facebook.com/1740229892964489/posts/2856841441303323/
Comments
Post a Comment